မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မျက်လုံးသကြားလုံး စားပြီးနောက် အသက်ရှူကြပ်ကာ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဖေဖော်ဝါရီ ၂၀ ရက်တွင် သေဆုံးခဲ့သောကြောင့် ယင်းသကြားလုံး ကြော်ငြာများကို ဖယ်ရှားပစ်ရန် အွန်လိုင်းပလက်ဖောင်းနှစ်ခုကို မလေးရှားကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ခဲ့သည်။
“Gummy Original Basketball Soft Candy” ဟု သတ်မှတ်ထားသော သကြားလုံးသည် ၁၉၈၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် မလေးရှားနိုင်ငံ၏အစားအစာအက်ဥပဒေ ၁၉၈၃(Act 281) ပါပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။
အွန်လိုင်းပလက်ဖောင်းနှစ်ခုတွင် အဆိုပါထုတ်ကုန်ကို ကြော်ငြာပေးသည့် ကြော်ငြာလင့်ခ် ၈၆ ခုကို ဝန်ကြီးဌာနက ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ဘနားမားသတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ကြော်ငြာများကို ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ဖယ်ရှားပစ်ရန် ဝန်ကြီးဌာန၏ အစားအသောက် ဘေးကင်းရေးနှင့် အရည်အသွေးဌာနက ညွှန်ကြားခဲ့သည်။
အွန်လိုင်း ပလက်ဖောင်းများနှင့် ဒေသတွင်းဈေးကွက်များတွင်ပါ အဆိုပါ ထုတ်ကုန်များရောင်းချခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်သည်ဟု ဘနားမားက ဖော်ပြခဲ့သည်။
သေဆုံးခဲ့သည့် မိုဟာမက် ဖာမီဟာဖစ်အမည်ရ ယောက်ျားလေးသည် စားပွဲတင်တင်းနစ်အရွယ် သကြားလုံးတစ်လုံးကို သူ၏ ကျောင်းဝင်းပြင်ပမှ ဝယ်ယူခဲ့ခြင်းဟု ဆိုသည်။
Ref: သည်စထရိတ်တိုင်းမ်စ်
