Sunday, July 20, 2025

အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ...

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့်...

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄...

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ...

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...
HomeNewsLocal Newsအသေးစား၊ အငယ်စား ဆန်စက်များ...

အသေးစား၊ အငယ်စား ဆန်စက်များ အနေဖြင့် MSME ချေးငွေလျှောက်ထားရန် ဒေါက်တာချာလီသန်းတိုက်တွန်း

အသေးစား၊ အငယ်စား ဆန်စက်များအနေဖြင့်လည်း ဆန်စက်မှတ်ပုံတင်ခြင်းအပြင် MSME မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ပြီး နိုင်ငံတော်မှ ထောက်ပံ့ကူညီပေးနေသည့် MSME ချေးငွေကိုလည်း လျှောက်ထားရယူနိုင်ကြောင်း စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပြောသည်။

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၇၅) နှစ် မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ယနေ့အချိန်မှာ နိုင်ငံတော်ရဲ့ မူဝါဒဖြစ်တဲ့ စားရေရိက္ခာဖူလုံ‌ရေး၊ MSME ကဏ္ဍနဲ့ ပို့ကုန်မြှင့်တင်ရေးစတဲ့ မူဝါဒများကို အကောင်အထည်ဖော်ရာမှာ ဆန်စက်များရဲ့ လည်ပတ်မှု၊ ဆန်စက်များအဆင့်မြှင့်တင်မှု၊ တိုးချဲ့တည်ဆောက်မှုတို့လည်း များစွာဆက်စပ်ပတ်သက်နေတာကို လေ့လာတွေ့ရှိပါတယ်။ ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးကို ယခုထက်ပိုပြီး ဆောင်ရွက်နိုင်မယ်ဆိုရင် နိုင်ငံတော်အတွက်ရော၊ လုပ်ငန်းရှင်များ အတွက်ပါ များစွာအကျိုးကျေးဇူးရရှိနိုင်မှာဖြစ်ပါတ ယ်။ ဒီနေရာမှာ ဆန်စက်လုပ်ငန်းရဲ့ ဘေးထွက်ပစ္စည်း၊ စွန့် ပစ်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်လုပ်တဲ့ ဖွဲနုဆီထုတ်လုပ် မှု၊ စပါးခွံမှလျှပ်စစ်ထုတ်လုပ်မှု စတဲ့ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးက ဆိုသည်။

ထို့ပြင် ဖွဲနုဆီစက်၊ Gasifier၊ ဘွိုင်လာ၊ စတင်းတာဘိုင်စနစ်နဲ့ လျှပ်စစ်ထုတ်လုပ်သည့် စက်ရုံများတည်ထောင် ဆောင်ရွ က်ကြရန် စက်မှုဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာပညာရပ်ကောင် စီများတို့နှင့် တိုင်ပင်ညှိနှိုင်းပြီး နိုင်ငံတော်၏ ဥပဒေ၊ စည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ကြရန်လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းအကြံပြုသွားသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် ဆ န်စက်အရေ အတွက် စုစုပေါင်း (၁၂,၃၄၀) ရှိပြီး ဆန်စက်များမှာ အသုံး ပြုသည့် ဘွိုင်လာအရေအတွက်ပေါင်း (၁၅ ၉) လုံး၊ Gasifier အရေအတွက်ပေါင်း (၅၉၇) လုံးရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏လုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ စက်ပစ္စည်းဝယ်ယူခြင်းနှင့် ကုန်ကြမ်းဝယ်ယူခြင်းတို့အတွက် လိုအပ်သည့်ချေး ငွေများကို မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆)ခုတို့မှ ထုတ်ချေးပေးလျ က်ရှိကြောင်း သိရသည်။

ချေးငွေအတိုးနှုန်းများအနေဖြင့် Fixed Capital အနည်းဆုံး (၃၀%) နှင့်အထက် အသုံးပြုမည့်ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၃ %၊ Working Capital (၁၀၀%) အသုံးပြုမည့် ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း ၄ % နှင့် Credit Guarantee Insurance- CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅% တို့ဖြင့် ချေးငွေများ လျှောက်ထားနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အုပ်စုအဆင့်တက်ရေးအတွက် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည့် မြန်မာယူ-၂၃ အသင်း

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်း ပနေသည့် ၂၀၂၅ အာဆီယံ ယူ-၂၃ ပြိုင် ပွဲ အုပ်စုအဆင့်တက်ရောက်နိုင်ရေး မြန် မာယူ-၂၃ အသင်းအနေဖြင့် ပြိုင်ဖက် ထိုင်းအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ပြိုင်ဘက်ထိုင်းအသင်းအားခက်ခဲစွာယှဉ်ပြိုင်ကျော်ဖြတ်ရမည်ဖြစ်သည့်အပြင် မြန်မာအသင်းအနေဖြင့် လက်ရှိခြေစွမ်းအရ ခံစစ်အားနည်းချက်များရှိနေခြင်းကြောင့် ရလဒ်ကောင်းထွက်‌ပေါ်ရန် ကြိုးစားရမည်ဖြစ်ကာ၊ ယခုပွဲစဉ် သည် အုပ်စုတက်ရေး အဆုံးအဖြတ်ပွဲတစ်ပွဲလည်းဖြစ် သည်။ ပွဲစဉ်ကို ဇူလိူင်၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး၊ အုပ်စုအဖွင့်ပွဲစဉ်၌ တီမောအသင်းကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့နိုင်သော်လည်း ၄ ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ထားသည်။ မြန်မာ ယူ၂၃ အသင်းအနေဖြင့် နိုင်ငံ...

တောင်ကိုရီးယားတွင် မိုးကြီးနေမှုကြောင့် သေဆုံးသူ ၁၄ ဦးအထိရှိလာ

တောင်ကိုရီးယားနိုင်ငံ အပန်းဖြေမြို့ Gapyeong တွင် တနင်္ဂနွေနေ့က ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူနှစ်ဦးသေဆုံးခဲ့ကာ နောက်ထပ်နှစ်ဦး ပျောက်ဆုံးလျက်ရှိနေသေးကြောင်း သိရသည်။ နေအိမ်များ ရေမြုပ်ကုန်ကာ မော်တော်ယာဉ်များ ရေစီးနှင့်အတူ မျောပါသွားခဲ့သည့် မိုးသည်းထန်စွာရွာသွန်းနေသည့်အချိန်အတွင်း လူသေဆုံးမှုဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် မိုးရွာသွန်းမှုများစတင်ခဲ့သည့် ဗုဒ္ဓဟူးနေ့မှစကာ ယခုအချိန်အထိ နိုင်ငံတစ်ဝန်း သေဆုံးဦးရေသည် ၁၄ ဦးသို့ မြင့်တက်လာခဲ့ပြီး ပျောက်ဆုံးနေသူ ၁၂ ဦးရှိနေဆဲဖြစ်သည်။ အစောပိုင်းက နိုင်ငံ၏ တောင်ပိုင်းဒေသများကို သက်ရောက်ခဲ့သော မိုးသည်းထန်မှုသည် ညပိုင်းတွင် မြောက်ပိုင်းသို့ ရွေ့လျားခဲ့ကြောင်းနှင့် နောက်ရက်တွင် ရပ်ဆိုင်းသွားဖွယ်ရှိကြောင်း...

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071