နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဥ် နိုင်ငံတော်ကာကွယ် ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်ချိန် ထိ ခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက်ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံမေးမြန်းပြီး အားပေးစကား ပြောကြားခဲ့သည်။
ထို့ပြင် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသည့် အရာရှိ၊ စစ်သည်များအတွက်လိုအပ်ချက်များကိုဖြည့်ဆည်းပေးပြီးနောက် ၎င်းတို့အား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့အတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဆေး ရုံအတွင်းကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအားဖြည့်ဆည်းပေးကာ ဆေးရုံဝန်ထမ်းများအ တွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဗထူးတပ် နယ်အတွင်းရှိ နယ်မြေခံစိုက်ပျိုးမွေးမြူရေးတပ် ရင်း၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင် ရွက်ထားရှိမှုကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက် ပျိုးရေရရှိရန် ဆိုလာစနစ်ဖြင့်ဆောင်ရွက်နိုင်ရေး စီစဉ်ပေးသွားမည်ဟုပြောကြားခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လမ်းညွှန်မှာ ကြားမှုများပြုလုပ်ခဲ့သည်။
