Friday, June 27, 2025

အရှေ့အလယ်ပိုင်းငြိမ်းချမ်းတည်ငြိမ်ရေး BRICSနှင့်လက်တွဲမည်–တရုတ်

ပေကျင်း၊ ဇွန် ၂၅ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက...

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ်...

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ...

မိုးကုတ် မှာ မိုးသည်ထန်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊...

Peace Forum 2025 သည်...

Peace Forum 2025 သည် ပဋိပက္ခများ လျော့နည်းပပျောက်စေပြီး တိုင်းရင်းသားပြည်သူအားလုံးလိုလားတောင့်တသည့် ခေတ်မီဖွံဖြိုးတိုးတက်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ငြိမ်းချမ်းသာယာသော...
HomeNewsFootballU-19 Futsal Cup...

U-19 Futsal Cup Mandalay 2025 ပြိုင်ပွဲ ကျင်းပမည်

U-19 Futsal Cup Mandalay 2025 ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၁၆)သင်းဖြင့် လာမည့် မတ်လ (၂၉) ရက်တွင် စတင်ကျင်းပပြလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း သဲသောင်ပြင်နှင့် ဖူဆယ်ဆပ်ကော်မတီထံမှ သိရသည်။

ပြိုင်ပွဲအား မန္တလေးတိုင်း ဖူဆယ်ဘောလုံးဆပ်ကော်မတီမှ ကြီးမှူး၍ Tun Tauk Myanmar Co;Ltd မှ အဓိက ပံ့ပိုးကူညီမှုဖြင့် ကျင်းပသွားမည်ဖြစ်ကာ၊ ပြိုင်ပွဲနှင့် ပတ်သက်၍ ယမန်နေ့ ဖေဖော်ဝါရီ (၂၀) ရက်က ပြိုင်ပွဲသတ်မှတ်ချက်များနှင့် စည်းကမ်းချက်များ အတည်ပြုနိုင်ရန် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေး ရလဒ်အရ အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင် ကြေးအဖြစ် ကျပ်တစ်သိန်းငါးသောင်းအပြင် အာမခံကြေးအဖြစ် ကျပ် တစ်သိန်းပေးသွင်းရမည်ဖြစ်ကာ ၊ ပြိုင်ပွဲဝင် အသင်းတစ်သင်းတွင် ဂိုးသမား (၂) ဦးအပါအဝင် ကစားသမား အများဆုံး (၁၆) ဦး၊ အနည်းဆုံး (၁၀)ဦး ၊ နည်းပြအုပ်ချုပ်အဖွဲ့ဝင် အများဆုံး (၅) ဦး အနည်းဆုံး (၂) ဦး ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အသင်းတစ်သင်း၌ ၉/မှတ် ပုံတင်မဟုတ်သည့် ပြင်ပ ကစားသမား (၂)ဦး ထည့်သွင်း ပါဝင်ခွင့်ရှိပြီး၊ MNL League 1/2 ၊ MNl U 20 ၊ MFF Futsal League 1/2 ကစားခဲ့ဖူးသည့် ကစားသမားများ သက်တမ်းအလိုက်ဘောလုံး/ဖူဆယ် လက်ရွေးစင်ကစားသမားများ ပါဝင်ကစားခွင့်မပြုကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

သတ်မှတ်ချက်နှင့် မကိုက်ညီသော ကစားသမားများကို ထည့်သွင်းကစားကြောင်း စစ်ဆေးတွေ့ရှိပါက အသင်းအား ရောက်ရှိသည့် အဆင့်မှ ထုတ်ပယ်ကာ အသင်းနှင့် ကစား သမားများအား ပွဲပယ်ပြစ်ဒဏ်များ ချမှတ်သွားဟု ဆိုသည်။

ပြိုင်ပွဲကို ပထမအဆင့် အုပ်စုပတ်လည်စနစ်၊ ဒုတိယအဆင့် ရှုံးထွက်စနစ်များဖြင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်ကာ ပွဲစဥ်အလိုက် အကောင်းဆုံးကစားသမားဆုများကို ရှုံးထွက်အဆင့်မှစတင်၍ ကော်မတီနည်းပြအဖွဲ့ဝင်များက ရွေးချယ်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဆုကြေးအဖြစ် ပထမဆု ကျပ်(၇) သိန်း၊ ဒုတိယဆု ကျပ်(၅)သိန်း၊ တတိယဆု ကျပ်(၃)သိန်း၊ အကောင်းဆုံးကစားသမားဆု ကျပ်(၁)သိန်းနှင့် အကောင်းဆုံးဂိုးသမားဆု ကျပ်(၁)သိန်းကျပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှေ့အလယ်ပိုင်းငြိမ်းချမ်းတည်ငြိမ်ရေး BRICSနှင့်လက်တွဲမည်–တရုတ်

ပေကျင်း၊ ဇွန် ၂၅ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းပြီး တည်ငြိမ်ရန်အတွက် ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံသည် အခြား BRICS နိုင်ငံများနှင့် လက်တွဲရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ BRICS အဖွဲ့ ဥက္ကဋ္ဌဘရာဇီးလ်နိုင်ငံသည် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ နယ်မြေအပေါ် စစ်ရေးအရ တို-က်ခို-က်မှုများအပြီး အရှေ့အလယ်ပိုင်းတွင် လုံခြုံရေးအခြေအနေ တိုးမြင့်လာမှုဆိုင်ရာ BRICS ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ဆက်စပ်မေးမြန်းမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် BRICS သည် ကမ္ဘာ့လုံးဆိုင်ရာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ရှေ့ဆောင်အင်အားတစ်ခုဖြစ်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် တန်းတူညီမျှမှုကို ကာကွယ်ထိန်းသိမ်းနေသော တိုးတက်မှုအင်အားတစ်ခု၊ တွန်းအားတစ်ခုဖြစ်ကြောင်း...

ချင်းတွင်းမြစ်ရေ ဟုမ္မလင်းနှင့် ဖောင်းပြင်တွင် စိုးရိမ်ရေအမှတ် ကျော်နေ

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တွင် စိုးရိမ်ရေအမှတ်အထက်(၃)လက်မကျော် မြင့်တက်နေသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇွန်၂၇)တွင် ထုတ်ပြန်သည်။ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့တွင်စိုးရိမ်ရေအမှတ်အထက် (၃)လက်မခန့်ကျော်လွန် နေကာ ဟုမ္မလင်းမြို့တွင်မူ ထိုမြစ်ရေသည် နောက်(၁)ရက်အတွင်း စိုးရိမ်ရေအမှတ်အောက် ပြန်ကျနိုင်ကြောင်းလည်း ဆိုသည်။ သို့သော် ဖောင်းပြင်မြို့တွင်မူ ယင်းမြစ်ရေသည် နောက်(၁)ရက်အတွင်း နောက်ထပ် (၃)လက်မခန့်မြင့်တက်လာ နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ထို့ကြောင့် မြစ်နား၊ ကမ်းနားနေထိုင်သူများ၊ မြေနိမ့်ပိုင်းနေထိုင်သူအနေဖြင့် သတိထားနေထိုင်ရန် လိုအပ်တယ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

မိုးကုတ် မှာ မိုးသည်ထန်ပြီး ရေကြီးရေလျှံမှုဖြစ်ပွားနေ

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ဇွန်လ(၂၆)ရက်နေ့ညကစပြီး ယနေ့ ဇွန်လ(၂၇)ရက် နံနက်ပိုင်းထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။ မိုးကုတ်မြို့ မင်းတံတား၊ စည်ပင်သာယာ၊ ထင်းရူးခြံ၊ ဈေးသစ်နှင့် မြို့လယ်ရပ်ကွက် လမ်းမကြီးများနှင့် ရေနီချောင်းများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ကနဦးအခြေအနေများအရ ကမ်းပါးပြိုခြင်း၊ နေအိမ်အချို့ပျ-က်ဆီးခြင်းနှင့် လမ်းအက်ကွဲခြင်းများဖြစ်ပေါ်နေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071