ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် Online လိ-မ်လည်မှုနှင့် ဒု စရိုက်မှုလုပ်ငန်းများတွင်ဆက်စပ်ပါဝင်ခဲ့သည့် တရုတ်နိုင်ငံသား(၂၀၀)ဦးကို လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ဖေဖော်ဝါရီ ၂၀ ရက်က ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီစနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒု- ရဲချုပ် ရဲဗိုလ်ချုပ်တင်ကိုကိုနှင့်တာဝန်ရှိသူများက တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့်တာဝန်ရှိသူများထံ ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ ဒု-ပြည်နယ်အုပ်ချုပ်ရေးမှူး Mr.Narongchai Jindaphan နှင့်တာဝန်ရှိသူများရှေ့၌ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးခဲ့သည့် တရုတ်နိုင်ငံသားများအား ထိုင်းနိုင်ငံ၊ မဲဆောက်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ဆက်လက်ပို့ဆောင်ရာ မြန်မာ၊ တရုတ်၊ ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများကစနစ်တကျဖြစ်စေရန် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထို့အတူ ထိုင်းနိုင်ငံ၊ ဒု-ဝန်ကြီးချုပ်၊ တရုတ်ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒု-ဝန်ကြီးတို့ သည် မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံစဉ် (၃)နိုင်ငံကြိုတင်ညှိနှိုင်းဆွေးနွေးမှုများကြောင့် ပထမအကြိမ် တရုတ်နိုင်ငံသား (၂၀၀)ဦးကို အချိန်တိုအတွင်းလွှဲပြောင်းနိုင်မှု၊ တတိယနိုင်ငံသားများ ပြန်လည်လွှဲပြောင်းနိုင်ရေး သက်ဆိုင်ရာသံရုံးများမှလာရောက်ခေါ်ဆောင်နိုင်ရန် ထိုင်းနိုင်ငံမှ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေနှင့် (၃)နိုင်ငံကြားလုပ်ငန်းစနစ်ထူထောင်မည့်အစည်းအဝေးကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေက္ကိုလ်နယ်မြေအတွင်း၌ Online လောင်းက စားမှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ရာ တွင် Online လိ-မ်လည်မှုများ၏ အခြေခံလိုအပ် ချက်များကို တစ်ဖက်နိုင်ငံမှတစ်ဆင့်ရယူခဲ့ကြခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအများစုကို ပြည်ပအ ဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူ များနှင့် နောက်ကွယ်မှကြိုးကိုင်သော နိုင်ငံခြား သားများကိုဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက်ပြင်းပြင်းထန်ထန်အရေးယူနိုင်ရန်ဆောင် ရွက်လျက်ရှိကာ အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို သက် ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် တက်ကြွစွာပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
