နာဂဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဖေဖော်ဝါရီလ(၂၀)ရက် ၊ နံနက် (၉) နာရီ က စတင်ကာ ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ်အတန်းများ နှစ်ဆုံးစာမေးပွဲကို တစ်ရက်(၁)ဘာသာဖြင့် ဖြေဆိုလျက်ရှိသည်။
လေရှီးမြို့နယ်တွင် အခြေခံပညာအထက်တန်း ကျောင်း (၅) ကျောင်း၊ အထက ခွဲကျောင်း(၁) ကျောင်း၊ အလယ်တန်းကျောင်း(၅) အလက ခွဲကျောင်း(၄)ကျောင်း၊ မူလွန်ကျောင်း (၁၀)ကျောင်း၊ မူလတန်းကျောင်း (၃၈) ကျောင်း၊ အမကခွဲကျောင်း(၉)ကျောင်း၊ ဘကကျောင်း(၁)ကျောင်း စုစုပေါင်း(၇၃) ကျောင်းရှိပြီး အထက်တန်းအဆင့် ကျောင်းသား/သူ (၆၆၄)ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၀၉၄)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူ (၂၉၆၆) ဦး စုစုပေါင်း(၄၇၂၄)ဦး စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် လေရှီးမြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
