တရုတ်နိုင်ငံ၏ အကူအညီဖြင့် ပြည်တွင်း၌ နေရောင်ခြည် စွမ်းအင်သုံး စီမံကိန်း (၄) ခုတည်ဆောက်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
ယင်းအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးထားကာ စီမံကိန်းများကို တရုတ်နိုင်ငံမှ (၁) ဘီလီယံနီးပါး ကူညီပေးသွားမည် ဖြစ်သည်ဟု သိရသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်း (၄) ခုကို ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်ထည်ဖော်သွားမည်ဖြစ်ကာ စုစုပေါင်း (၁၉ ၀) မဂ္ဂါဝပ် ရရှိမည်ဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း တည်ဆောက်ဆဲနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများအဖြစ် နေပြည်တော်တွင် (၄) ခု၊ မန္တလေးတိုင်းဒေသကြီးတွင် (၃) ခု၊ ပဲခူးတိုင်းဒေသကြီးတွင် (၁) ခု၊ ရှမ်းပြည်နယ်တွင် (၁) ခု စုစုပေါင်း တပ်ဆင်အင်အား (၅၃၀) မဂ္ဂါဝပ်ရှိပြီး သဘာဝ ဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်းအင် ပေါင်းစပ်ဓာတ်အားပေး စက်ရုံစီမံကိန်းအဖြစ် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတို င်းဒေသကြီးတို့တွင် (၁) ခုစီ ဆောင်ရွက် လျက်ရှိရာ စုစုပေါ င်းတပ်ဆင်အင်အား (၄၉၆) မဂ္ဂါဝပ်ရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
