ဟန်ကျိုး၊ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိ-မ်လည်မှုအဖွဲ့များမှ အဓိကအဖွဲ့ဝင်အချို့အပါအဝင် စုစုပေါင်းတရားခံ ၂၃ ဦးကို တရုတ်နိုင်ငံ၌တရားစွဲထားကြောင်းသိရသည်ည်။
၎င်းတို့အား တရုတ်နိုင်ငံသား ၁၄ ဦးေ-သဆုံးပြီး ခြောက်ဦးကို ဒဏ်ရာရရှိစေခဲ့သည့် ရာဇ၀တ်မှုများအပါအဝင် စွဲချက်များစွာဖြင့် တရုတ်နိုင်ငံတွင် ရုံးတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှီကျန်းပြည်နယ် ဝမ်ကျိုးရှိဒေသဆိုင်ရာ တရားရုံးတစ်ခုက အဆိုပါအမှုကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ ကြားနာစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
တရားစွဲခံရသူများတွင်ပါဝင်သည့် မောင်မြင့်ရှောင့်ဖျင်နှင့်မသီရိမောင်တို့သည် ၎င်းတို့မိသားစုဦးဆောင်သည့် ရာဇဝတ်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်များဖြစ်ကြသကဲ့သို့ အခြားရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်ဂိုဏ်းများ၏ အဓိကအဖွဲ့ဝင်များအဖြစ်ထောက်ပံ့ပေးနေသူများလည်းဖြစ်ကြသည်။
၎င်းတို့သည် လိ-မ်လည်မှု၊ရည်ရွယ်ချက်ရှိရှိ လူသ-တ်မှု၊ ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရစေမှု၊တရားမဝင် လူဖမ်းဆီးထိန်းသိမ်းမှု၊ကာစီနိုဖွင့်မှု၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းအတွက် စည်းရုံးမှုတို့အပါအဝင် စွဲချက် ၁၁ ခုနှင့် တရားရင်ဆိုင်ခဲ့ရခြင်းလည်းဖြစ်သည်။
လက်ရှိအချိန်၌ နစ်နာသူများနှင့်ပါဝင်ပတ်သက်သုများအားလုံးက တရားရုံး၏စစ်ဆေးမှုများကိုစောင့်ကြည့်နေလျက်ရှိကာ သက်ဆိုင်ရာကလည်း စီရင်ချက်ချမည့်နေ့အားထုတ်ပြန်ပေးမည်ဟုသိရသည်။
Source : ရှင်းဟွာ
