Looking for something?

Explore the website

Looking for something?

Wednesday, June 11, 2025

တေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆ ခုကို...

နူးယော့ခ်၊ ဇွန် ၁၁ တေလာဆွစ်ဖ်သည် သူ၏တေးဂီတများကို မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။ သောကြာနေ့က သူရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ရှည်လျားတဲ့ပို့စ်ထဲမှာ ဆွစ်ဖ်က “ကျွန်မ အခုလုပ်ဖူးခဲ့တဲ့...

လေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာစီမံကိန်းရှန်ဟိုင်းတွင်စတင်

ရှန်ဟိုင်း၊ ဇွန် ၁၁ တရုတ်နိုင်ငံသည် ရှန်ဟိုင်းရှိ ကမ်းလွန်လေရဟတ်ခြံမှ စွမ်းအင်ထုတ်သည့် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရေအောက်ဒေတာစင်တာ (UDC) စီမံချက်ကို အင်္ဂါနေ့တွင်စတင်လိုက်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့်...

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး...

ရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် အရေးပေါ်ကယ်ဆယ်ရေး ရေပြင်၊...

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီ၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကော်မတီနှင့် Emergency Medical Services Myanmar အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့်...
HomeNewsLocal Newsတနင်္သာရီမြို့နယ် ညောင်ပင်ကွင်း‌ရွာမှ စစ်ရှောင်...

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း‌ရွာမှ စစ်ရှောင် ယာဉ်တစ်စီး မိုင်းဆွဲတို-က်ခိုက်ခံရပြီး စစ်ရှောင် (၉)ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတိုက်ပွဲများကြောင့် မြိတ်မြို့ဘက်သို့ တိမ်းရှောင်ခဲ့သည့် ဒေသခံ စစ်ဘေးရှောင် ယာဉ်တစ်စီးကို ဒေသတွင်း လက်နက် ကိုင်အဖွဲ့တစ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ (၉)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုမှာ ယမန်နေ့ ဖေဖော်ဝါရီ(၁၈) ရက် မွန်းလွဲပိုင်းအချိန်ခန့်က မြိတ်မြို့သွားလမ်းပိုင်းပေါ်ရှိ ပနပ်ငယ်ရွာအနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ များကို မြိတ်မြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြရကြောင်း သိရသည်။

“ညောင်ပင်ကွင်းမှာ တိုက်ပွဲဖြစ်လို့ မြိတ်မြို့သို့ ရှောင်းပြေးရင်း ပနပ်ငယ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာပါ။အားလုံး ကိုးဦး ဒဏ်ရာရရှိခဲ့တယ်။ ‌ဒေသခံတွေက ဘုန်းကြီးကျောင်းက ကားနဲ့ ရှောင်ကြတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် တစ်ရွာလုံးနီးပါး မီး‌လောင်ပျက်စီးခဲ့ရပြီး၊ တိုက်ပွဲကြောင့် ထုံခါ၊ ထုံထော်၊ ငါးမိုင်၊ ခြောက်မိုင်၊ ကွ င်းသစ်၊ ရေဖြူ၊ သဲဖြူ ရွာတို့တွင်လည်း မကြာခဏတိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများ စစ်ရှောင်နေကြကြောင်း သိရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တေလာဆွစ်ဖ်က သူ၏ပထမအယ်လ်ဘမ် ၆ ခုကို ပြန်လည်ဝယ်ယူခဲ့

နူးယော့ခ်၊ ဇွန် ၁၁ တေလာဆွစ်ဖ်သည် သူ၏တေးဂီတများကို မူပိုင်ခွင့်ရရှိရန် ကြိုးပမ်းခဲ့သည်။ သောကြာနေ့က သူရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ရှည်လျားတဲ့ပို့စ်ထဲမှာ ဆွစ်ဖ်က “ကျွန်မ အခုလုပ်ဖူးခဲ့တဲ့ သီချင်းအားလုံးက ကျွန်မပိုင်တဲ့အရာ တွေပါပဲ” ဟု ကြေညာခဲ့ပါသည်။ ပေါ့ပ်စတား ဆွစ်ဖ်သည် မူရင်းထုတ် Big Machine Records မှ ထွက်ရှိထားသည့် ၎င်း၏သီချင်းအသံသွင်းကတ်တလောက်ကို ၎င်း၏ လတ်တလောပိုင်ရှင်ဖြစ်သော ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီ ရှမ်ရော့ခ် ကတ်ပီတယ်ထံမှ ဝယ်ယူခဲ့ကြောင်း ပြောကြားခဲ့သည်။ ဝယ်ယူခဲ့သည့် ပမာဏကို ထုတ်ဖော်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ မကြာသေးမီနှစ်များအတွင်း၊ ဆွစ်ဖ်သည်...

လေစွမ်းအင်သုံး ရေအောက်ဒေတာစင်တာစီမံကိန်းရှန်ဟိုင်းတွင်စတင်

ရှန်ဟိုင်း၊ ဇွန် ၁၁ တရုတ်နိုင်ငံသည် ရှန်ဟိုင်းရှိ ကမ်းလွန်လေရဟတ်ခြံမှ စွမ်းအင်ထုတ်သည့် ကမ္ဘာ့ပထမဆုံး စီးပွားဖြစ် ရေအောက်ဒေတာစင်တာ (UDC) စီမံချက်ကို အင်္ဂါနေ့တွင်စတင်လိုက်သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးနှင့် စွမ်းအင်ထုတ်လုပ်မှုနည်းပညာများပေါ်တွင် နောက်ထပ် အရေးကြီးသော ခြေလှမ်းကိုရဲရဲဝံ့ဝံ့ စတင်လိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ လင်-ဂန်း အထူးဧရိယာ (Shanghai) ရှေ့ပြေး လွတ်လပ်စွာ ကုန်သွယ်ရေး ဇုံအနီးရှိ ရှန်ဟိုင်းကမ်းရိုးတန်းရေပြင်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ကာဗွန်နည်းသော ကွန်ပြူတာလုပ်ငန်းများအတွက် ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်ကို ဖြေရှင်းရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကွန်ပြူတာအခြေခံအဆောက်အဦးများ ပူးတွဲတည်နေရာကိုပေါင်းစပ်ထာသော စမ်းသပ်မှုဖြစ်သည်။ တရုတ်နိုင်ငံ လင်-ဂန်း အထူးဧရိယာ...

အယ်လ်အေမြို့လယ်‌ခေါင်မှာ နေဝင်မီးငြီမ်းအမိန့် ပြဌာန်း

လော့ဆန်းဂျလိစ်သို့ တပ်များ စုစည်းချထားစေကာ အခြားပြည်နယ်များကိုလည်း အလားတူ မငြိမ်သက်မှုများအတွက် ပြင်ဆင်ထားရန် သတိပေးခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို အာဏာအလွဲသုံးစားလုပ်နေသည်ဟု ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နူးဆမ်းက စွပ်စွဲလိုက်သည်။ အယ်လ်အေ မြို့တွင်ဖြစ်ပွားနေသော လဝကစီမံချက်ဆိုင်ရာ စီးနင်းမှုများရို ဆန္ဒပြမှုများသည် ငါးညတိုင်ရောက်ရှိလာပြီး မြို့လယ်အစိတ်အပိုင်းအချို့ကို ညမထွက်အရအမိန့် ထုတ်ထားရပြီဖြစ်သည်။           လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ကြပ်မတ်ရေးတာဝန်ရှိသူများ၏ မညှာမတာစီးနင်းဖမ်းဆီးမှုများကို တုန့်ပြန်သည့် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြောင့် သီတင်းပတ်ကုန်ပိုင်းမှစကာ လော့ဆန်းဂျလိစ်မြို့ဧရိယာတွင် ဖမ်းဆီးခံထားရသူအရေအတွက်သည် ၃၈၀ နီးပါး ရှိနေပြီဖြစ်သည်။          မြို့တော်ဝန် ကာရန်ဘတ်စ်က ဆန္ဒပြပွဲများတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071