Wednesday, May 6, 2026

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...
HomeNewsLocal Newsမော်လမြိုင်၌ ကျောင်းသား/ကျောင်သူ (၃၀၀)...

မော်လမြိုင်၌ ကျောင်းသား/ကျောင်သူ (၃၀၀) အား နွေရာ ယဉ်ကျေးလိမ္မာ သင်တန်းပေးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ အခြေခံနှင့် အဆင့်မြင့်သင်တန်း ကျောင်းသားကျောင်းသူ (၃၀၀) ဦးအား အခမဲ့ သင်ကြားပို့သွားမည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တစ်ပါးထံမှ သိရသည်။

သင်ကြားပို့ချမှုကို မော်လမြိုင်မြို့ သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်က ကြီးမှုးပြုလုပ်ခြင်းဖြစ်ပြီး အခြေခံသင်တန်းတွင် ဗုဒ္ဓဝင်၊ ဘုရားရှိခိုး နှင့် ဗုဒ္ဓဘာသာ အခြေခံသင်ခန်းစာများ၊ ယဉ်ကျေးလိမ္မာ ကဗျာများကို သင်ကြား ပို့ချသွားမည်ဖြစ်ကာ အဆင့်မြင့်သင်တန်းတွင် မင်္ဂလသုတ်၊ သိင်္ဂိါလောဝါဒသုတ်လာ ကျင့်ဝတ်များနှင့် လောကနီတိများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံသင်တန်းတွင် KG တန်း မှ Grade 4 အထိ ကျောင်းသား (၇၅) ဦး နှင့် ကျောင်းသူ (၇၅) ဦး လက်ခံမည့်အပြင် အဆင့်မြင့်သင်တန်းတွင် ပညာအရည်အချင်း Grade 5 မှ Grade 12 အထိကျောင်းသား (၇၅) ဦး နှင့် ကျောင်းသူ (၇၅) ဦး စုစုပေါင်း (၃၀၀)ဦး လက်ခံသင်ကြားသွားမည်ဖြစ်သည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ယခုလ (၂၂)ရက်နောက်ဆုံးထား ထုတ်ယူနိုင်ပြီး သင်တန်းကို မတ်လ (၃)ရက်မှ မေ(၂၅)ရက်အထိ (၃)လကြာ သင်ကြားပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။

သင်တန်းကို မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တက်လမ်းအနီး သာသနာနွယ်ဖောင်ဒေးရှင်း၊ ဇေတဝန်ကျောင်းတိုက်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦနေမျိုးလှိုင်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဒုဝန်ကြီး ဦးနေမျိုးလှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ ဆက်လက်ကြာမြင့်နိုင်ကြောင်း ထရမ့် ပြောကြား၊“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အနိုင်ရမှာပါ”ဟုဆို

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt) နှင့် ဖုန်းဖြင့်ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “ကျွန်တော်တို့အတွက် အချိန်က အဓိက မဟုတ်ပါဘူး” ဟုလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ဘက်သို့ အီရန်က ပ-စ်ခတ်မှုများရှိခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် အီရန်နှင့် ရရှိထားသော အပ-စ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျ-က်ပြယ်သွားပြီလား ဆိုသည့်အချက်ကိုမူ ဖြေကြားရန် ငြင်းဆိုခဲ့သည်။ တနင်္လာနေ့တွင်...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071