Tuesday, August 4, 2026

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆...

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ်...

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁...

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...

AI လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဒီဂျစ်တယ်ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ ကွေ့ယှန်း၊ ဩဂုတ် ၃ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု...
HomeInternationalနူးဒေလီ ရထားဘူတာရုံတွင် လူအုပ်ပိ၍...

နူးဒေလီ ရထားဘူတာရုံတွင် လူအုပ်ပိ၍ လူ ၁၅ ဦး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ မြို့တော် နူးဒေလီရှိ မီးရထားဘူတာရုံတစ်ခုတွင် Mahakumbh Mela ဘာသာရေးပွဲတော်သို့ သွားရောက်ရန် ရထားစောင့်ဆိုင်းနေသည့် လူအုပ်ကြီးသည် တစ်ဦးနှင်တစ်ဦး တိုးကြိတ်တက်နင်းကြသဖြင့် အမျိုးသမီး ၁၀ ဦးနှင့် က-လေး ၃ ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့သည်။

မြို့တော်၏ အရှေ့တောင်ဘက် ၃၈၇ မိုင်အကွာရှိ ပွဲတော်ကျင်းပရာ Prayagraj သို့ သွားရောက်မည့် လူအမြောက်အများသည် နူးဒေလီဘူတာရုံ ပလက်ဖောင်းနှစ်ခုတွင် ရထားစောင့်ဆိုင်းနေစဉ် ဒေသစံတော်ချိန် ည ၈ နာရီခန့်တွင် အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်စဉ်တွင် လူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ဒေလီဝန်ကြီးချုပ် Atishi က သတင်းထောက်များကို ပြောကြားခဲ့ပြီး ဒေသတွင်းသတင်းဌာန NDTV ကမူ သေဆုံးသူ ၁၈ ဦး ရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဘူတာရုံတွင် ခရီးသွားများ ရုတ်တရက် မကြုံစဖူး များပြားခဲ့မှုကြောင့် ရထားလေးစင်း စေလွှတ်ပေးခဲ့သည်ဟု မီးရထားဝန်ကြီး Ashwini Vaishnaw က ပြောကြားခဲ့ပြီး ဖြစ်စဉ်တွင် အမှားအယွင်းရှိခဲ့သည်များကို စုံစမ်းစစ်ဆေးဖော်ထုတ်ရန် အမိန့်ပေးထားသည်ဟု ဆိုသည်။

ရထားတွဲများပေါ်သို့ လူများ အလုအယက်တိုးဝှေ့တက်ရန် ကြိုးပမ်းကြစဉ် တုန်လှုပ်ခြောက်ခြားနေကြသည်ကို ဒေသတွင်း သတင်းဌာနများက လူမှုကွန်ရက်ပေါ်တင်ခဲ့သော ဗီဒီယိုတွင် တွေ့ရသည်။

‘ပလက်ဖောင်းတွေပေါ် လူတွေ ပြေးလွှားကြပြီး ဝရုန်းသုန်းကား အခြေအနေဖြစ်ခဲ့ရာက တစ်ဦးပေါ်တစ်ဦး လဲကျတာတွေ ဖြစ်ကုန်တယ်” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့သူတစ်ဦးက ANI သတင်းဌာနကို ပြောဆိုခဲ့သည်။

ရထားနှစ်စင်း ကြန့်ကြာမှုကြောင့် ပလက်ဖောင်းများပေါ် စောင့်ဆိုင်းသည့် ခရီးသည်အရေအတွက် မမျှော်လင့်လောက်အောင် များပြားသွားခဲ့ရကာ ကျပ်သိပ်သောလူအုပ်ကြီးဖြစ်ခဲ့သည်ဟု အခင်းဖြစ်နေရာတွင် ရှိနေသူများက ပြောဆိုကြောင်း Times of India က ဖော်ပြသည်။ ယင်းသို့ရှိစဉ် ဆိုက်ရောက်လာသော ရထားတစ်စင်းပေါ် လူများ အပြေးအလွှားတက်ကြရာမှ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ပြီး အချို့ခရီးသည်များ မူးလဲမှုများဖြစ်ခဲ့သည်ဟု သတင်းတွင် ဆက်လက် ဖော်ပြခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆိုးလ်တွင် အပူလှိုင်းကြောင့် လူ ၁၆ ဦး သေဆုံး၊ ထောက်ပံ့မှုများ မြှင့်တင်ရန် အာဏာပိုင်များကို လီ တိုက်တွန်း

နိုင်ငံအတွင်း အပူလှိုင်းဒ-ဏ်ခံရသူများကို ထောက်ပံ့မှုများတိုးမြှင့်ပေးရန် သြဂုတ်လ ၄ ရက်နေ့တွင် အာဏာပိုင်များကို တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တိုက်တွန်းခဲ့ပြီး အပူလှိုင်းကြောင့် သေဆုံးသူ ၁၆ ဦးအထိ များလာကြောင်းနှင့် ပြင်းထန်လွန်ကဲသော ရာသီဥတုအခြေအနေသည် မကြာခဏပိုမို ဖြစ်လာနေကြောင်း သတိပေးခဲ့သည်။      ပြည်သူများ၏ နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို အကာအကွယ်ပေးရန်အတွက် လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ရန်နှင့် အဲရ်ကွန်းဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားရာ၌ လီက တောင်းဆိုခဲ့သည်။       “လွန်ကဲတဲ့ ရာသီဥတုအခြေအနေက ပုံမှန်လိုဖြစ်လာနေတာကြောင့် နိုင်ငံတော် အကျပ်အတည်းစနစ်ကို အခြေခံကျကျ...

စပိုက်ဒါမန်းရုပ်ရှင်ဝင်ငွေက ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေ

လော့စ်ဆန်းဂျလိစ်၊ ဩဂုတ် ၂ ရက် Sony နှင့် Marvel တို့၏ စူပါဟီးရိုး ရုပ်ရှင်ဇာတ်ကား ဖြစ်သော "Spider-Man: Brand New Day" သည် ရုံတင်သည့် ပထမပတ် အားလပ်ရက်အတွင်း မြောက်အမေရိက ရုံဝင်ငွေ စာရင်း၌ အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရရှိကာ ထိပ်ဆုံးနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း Comscore က တနင်္ဂနွေနေ့က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ အဆိုပါဇာတ်ကားရုံတင်ပြသမှုသည် ၂၀၁၉ ခုနှစ်က ဒေါ်လာ ၃၅၇ သန်းဖြင့် ရုံတင်ခဲ့သည့်...

မိုးသည်းထန်၍ ချန်ဒူး၌ တနင်္လာနေ့တွင် ရထားခရီးစဉ် ၃၁ ခု ရပ်နားမည်

ချန်ဒူး၊ ဩဂုတ် ၂ ရက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်၏ မြို့တော် ချန်ဒူးမြို့မှ ထွက်ခွာမည့် သို့မဟုတ် ဆိုက်ရောက်ရပ်နားမည့် ရထားခရီးစဉ် ၃၁ ခုကို မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္လာနေ့တွင် ယာယီရပ်နားသွားမည်ဖြစ်ကြောင်း China Railway Chengdu Group Co., Ltd. က တနင်္ဂနွေနေ့ညပိုင်း၌ ပြောကြားခဲ့သည်။ ယခုကဲ့သို့ ခရီးစဉ်ရပ်နားမှုသည် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး နှင့် ရှန်ကျန်းအပါအဝင် တရုတ်နိုင်ငံ မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အခြားသော မြို့အချို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071