Sunday, June 15, 2025

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅)...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)...

ဘားအံ၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍...

ကျိုက်ထိုတွင် ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာတစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးရွာ၌ ယနေ့ဇွန် (၁၅) ရက် နံနက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူအမျိုးသား လူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနက ကအသိပေး...

အစ္စရေး-အီရန် အပြန်အလှန်တို-က်ခို-က်၊ လေကာစနစ်များအသက်သွင်း

    သမိုင်းတလျှောက် နှစ်နိုင်ငံ အပြင်းထန်ဆုံး တို-က်ရို-က်ထိပ်တို-က်တွေ့မှုတွင် ရန်ဘက်နှစ်နိုင်ငံသည် အပြန်အလှန်ပြင်းထန်စွာ အပြန်အလှန်တို-က်ခို-က်နေပြီး စနေနေ့တွင် အီရန်က ၎င်း၏ နယ်မြေများစွာရှိ လေကြောင်းကာကွယ်ရေးစနစ်များကို အသက်သွင်းခဲ့သည်။...
HomeInternationalအိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယကဖိလစ်ပိုင်သို့ဒုံး-ကျည်ဒေါ်လာသန်း၂၀၀ကျော်ဖိုးရောင်းမည်

အိန္ဒိယနိုင်ငံအနေဖြင့် ဖိလစ်ပိုင် သို့ ယခုနှစ်အတွင်း ဒေါ်လာသန်း၂၀၀ကျော်ဖိုးတာတိုပစ် ဒုံး-ကျည်များ ရောင်းချပေးရန် မျှော်လင့်ထားသည်ဟု အိန္ဒိယသတင်းရင်းမြစ်များက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။ တရုတ်နှင့် တင်းမာမှုမြင့်မားနေချိန်တွင် နူးဒေလီ၏ မနီလာနှင့် ဒုတိယမြောက် ကာကွယ်ရေးပို့ကုန်ဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။

အိန္ဒိယ၏ ကာကွယ်ရေးသုတေသနဌာနက ဖန်တီး ထုတ်လုပ်သည့် Akash ဒုံး-ကျည်စနစ်ကို ဖိလစ်ကိုင်က စိတ်ဝင်စားခဲ့ပြီး ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် ယင်းဒုံး-ကျည်များကို မှာယူသွားမည်ဟု နူးဒေလီကို ပြောဆိုထားကြောင်း သတင်းရင်းမြစ် သုံးခုက ပြောခဲ့သည်။

အဆိုပါကိစ္စသည် အတိမ်းအစောင်းမခံသော အကြောင်းအရာဖြစ်၍ သတင်းရင်းမြစ်အားလုံးက အမည်မဖော်ပြစေလိုခြင်းဖြစ်သည်။

အကွာအဝေး ၁၆ မိုင် အထိ ရောက်ရှိနိုင်သည့် မြေပြင်မှ ဝေဟင်ပစ် ဒုံး-ကျည်စနစ်ကို ယမန်နှစ်က ဒေါ်လာ သန်း ၂၃၀ တန်ဖိုးရှိ သဘောတူညီချက်ဖြင့် အာမေးနီးယားကို ရောင်းချခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ဖိလစ်ပိုင်သို့ ရောင်းချပေးမည့် ဒုံးကျည်တန်ဖိုးသည် အာမေးနီးယားထက် ပိုများနိုင်သည်ဟုလည်း ၎င်းတို့က ဆိုသည်။

သို့သော်လည်း ရေဒါများ အပါအဝင် ဆက်စပ်စနစ်များ ပါဝင်မှုနှင့် ဒုံးကျည်အရေအတွက်မည်မျှဆိုသည်ကို ၎င်းတို့က ထုတ်‌ေဖါ်ပြောကြားခဲ့ခြင်း မရှိပေ။

ဒုံး-ကျည်များ ထုတ်လုပ်သည့် အိန္ဒိယကုမ္ပဏီ ဘာရတ်ဒိုင်နမစ်ကုမ္ပဏီ လီမိတက် သည် ယမန်နှစ်က မနီလာတွင် ပြုလုပ်ခဲ့သည့် အာရှ ကာကွယ်ရေးနှင့် လုံခြုံရေးပစ္စည်း ပြပွဲတွင် ပါဝင်ပြသခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

ယခုသတင်းနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ကုမ္ပဏီနှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနတို့က လောလောဆယ်တွင် တုန့်ပြန်ဖြေကြားခဲ့ခြင်း မရှိသေးပေ။

ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် Arsenio Andolong က ဝယ်ယူရေးဆိုင်ရာ အစီအစဉ် သို့မဟုတ် သဘောတူညီချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုသော်လည်း နိုင်ငံ၏ စစ်တပ်သည် ယင်းလက်နက်စွမ်းရည်များ လိုအပ်သည်မှာ ထင်ရှားကြောင်း ပြောကြားခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ ဘီလူးချောင်းပေါ်တွင် ကွန်ကရစ်တမံ (Overflow Type) တည်ဆောက်ထားခြင်း ဖြစ်သည်။ အဆိုပါ ကွန်ကရစ်တမံတွင် အမှတ် (၁) စက်ရုံ မှ (၂၀ ဒသမ ၄) မဂ္ဂါဝပ်နှင့် အမှတ် (၂)စက်ရုံမှ (၁၀)မဂ္ဂါဝပ်စုစုပေါင်း စက်တပ်ဆင်အင်အား (၃၀ ဒသမ ၄)မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက်ရုံ နှစ်ရုံတည်ဆောက်ပြီး နှစ်စဉ်ပျမ်းမျှ...

ဘားအံ၌ ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ရေဘေးသဏ္ဍာန်တူ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ်သည် မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့်အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ထိုကဲ့သို့ လေ့ကျင့်ခြင်းလည်း ဖြစ်သည်။ လေ့ကျင့်မှုကို ဘားအံမြို့၊ ကန်သာယာ ရေပြင်နှင့် ဇွဲကပင်ခန်းတို့တွင် လူအင်အား (၄၅၀) ကျော်၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် (၈) စီး၊ ယာဉ်ယန္တရား (၄၀) စီးတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စုဖွဲ့လေ့ကျင့်ရာတွင် မိုးလေဝသနှင့် ဇလဗေဒဦး စီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊...

ကျိုက်ထိုတွင် ကိုဗစ်ကူးစက်ခံရသူ အမျိုးသားလူနာတစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဘိုရားကြီးရွာ၌ ယနေ့ဇွန် (၁၅) ရက် နံနက်ပိုင်းတွင် ကိုဗစ်ကူးစက်ခံရသူအမျိုးသား လူနာတစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီဌာနက ကအသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ လူနာအမျိုးသားအား ဒေသတွင်းပရဟိတအသင်းတစ်သင်းက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရှိခဲ့သည့် ကိုဗစ်ကူးစက်ခံရသ ည့် လူနာအမျိုးသားအား ဇွန်လ (၁၃) ရက်က ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး တစ်ရက်အကြာတွင် လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ ပြည်တွင်း၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသည့် လူနာ (၃၀) ကျော်တွေ့ရှိထားကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071