Tuesday, June 10, 2025

KBZ Center Mandalay စတင်ဖွင့်လှစ်

ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သော မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ထားသည့် KBZ Center Mandalay ကို ယနေ့ ဇွန်လ...

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ...

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန်...

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က...

တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် (၃၁)...

ဇွန်လ ပထမ ရက်သတ္တပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် (၃၁)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇွန်လ (၁)ရက်ကမှ (၈)ရက်အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း...
HomeInternationalဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန်...

ဇယ်လန်းစကီက ပူတင်နှင့် နယ်မြေဒေသလဲလှယ်ရန် ကမ်းလှမ်း

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၁၁

ယူကရိန်းသမ္မတ ဗိုလော်ဒီမီ ဇလန်းစကီး သည် အကယ်၍အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သာ ရုရှားနှင့် ယူကရိန်းကို စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်မည်ဆိုပါက ၎င်း၏ လေးနှစ်ကြာစစ်ပွဲကို အဆုံးသတ်ရန် နယ်မြေလဲလှယ်မှု တစ်ရပ်ကို ရုရှားသို့ ကမ်းလှမ်းရန် စီစဉ်ထားသည်။

“ကျွန်ုပ်တို့သည် နယ်မြေတစ်ခုနှင့် အခြားတစ်ခုကို လဲလှယ်ပေးမည်” ဟု အင်္ဂါနေ့က ထုတ်ပြန်သည့် ဂါးဒီးယန်း မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ကိယက်ဗ်သည် ဩဂုတ်လက ရုရှားနိုင်ငံအတွင်းသို့ ကျုးကျော်ဝင်ရောက်ခဲ့ပြီးနောက် အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်သိမ်းပိုက်ထားသည့် ကွတ်စ် ဒေသ၏ တစ်စိတ်တစ်ပိုင်းကို ပြန်လည်လွဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေဒေသတွေကို ပြန်ပေးဖို့ ပြန်လည်တောင်းဆိုတာနဲ့ ပတ်သက်ပြီး ယူကရိန်းခေါင်းဆောင်က တိတိကျကျမပြောကြားဘဲ “မသိဘူး၊ ကြည့်လိုက်ရမှာပါ။ သို့သော် ကျွန်ုပ်တို့၏ မည်သည့်ဒေသမဆို အရေးကြီးသည်၊ ဦးစားပေးမှု မရှိပါ” ဟု ဖြေကြားခဲ့သည်။

ထရမ့်ပ်က ယူကရိန်းနဲ့ ရုရှားရဲ့ စစ်ပွဲကို မကြာခင်မှာ အဆုံးသတ်ဖို့ စီစဉ်ထားပြီး သမ္မတ ဗလာဒီမာပူတင်နဲ့ စကားပြောဆိုမှုတွေမှာ တိုးတက်မှုရှိလာပြီလို့ ထရမ့်ပ်က ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။ ရုရှားခေါင်းဆောင် ကို ထရမ့်ပ်က “စစ်ပွဲမှာ လူတွေa-သတာကို ရပ်စေချင်တယ်” လို့ ပြောပါတယ်၊ ဒါပေမဲ့ ပဋိပက္ခအဆုံးသတ်ဖို့ နှစ်ဖက်စလုံးက တစ်စုံတစ်ခု လျော့ချပေးရန် လိုအပ်မည်ဖြစ်ကြောင်း အမေရိကန် သမ္မတရဲ့ အဖွဲ့ကတော့ ဝန်ခံပါတယ်။

ရုရှားနိုင်ငံသည် မကြာသေးမီက ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံအပေါ် ကြီးမားသော ဒရုန်းတိုက်ခိုက်မှုအများအပြားကို ပြုလုပ်ခဲ့ပြီး၊ နိုင်ငံ၏အရှေ့ဘက်ရှိ ဒိုနက်စ် ဒေသတွင် ဆက်လက်လုပ်ဆောင်နေပြီး၊ သဘောတူညီချက်များအတွက် လက်ခံမည်မဟုတ်သည့် ပွင့်လင်းပုံ မပေါ်ကြောင်း တွေ့ရသည်။

“ဇလန်းစကီး သည်ယူကရိန်းတပ်မတော်၏ ယင်းဒေသရှိ အခက်အခဲများ၏ အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားနေသည်” ဟု သတင်းရင်းမြစ်တစ်ခုကပြေသည်။

ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနယ်မြေ၏ နောက်ထပ်စတုရန်းကီလိုမီတာ ၃၆၀၀ ကို ယမန်နှစ်က သိမ်းပိုက်ခဲ့ပြီး ယခုအခါ နိုင်ငံ၏ ၂၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားသည်။ ဆန့်ကျင်ဘက်အားဖြင့် Kyiv ၏တပ်များသည် ရုရှားနိုင်ငံအနောက်ဘက်စွန်း Kursk ဒေသတွင် စတုရန်းကီလိုမီတာ ၅၀၀ ခန့်ကို ထိန်းချုပ်ထားသည်။

Ref: ပေါ်လတီကို

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

KBZ Center Mandalay စတင်ဖွင့်လှစ်

ငလျင်ဒဏ်ကြောင့် ထိခို-က်ပျ-က်စီးခဲ့သော မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများအား ကာလရှည် ကူညီထောက်ပံ့နိုင်ရန် ရည်ရွယ်ထားသည့် KBZ Center Mandalay ကို ယနေ့ ဇွန်လ (၁၀) ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ KBZ Center Mandalay ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း၊ (၁၁၀) လမ်းတွင် တည်ရှိသည့် (၁၆) ဧကကျယ်ဝန်းသော မြေကွက်ပေါ်တွင် စနစ်တကျ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ KBZ Center Mandalay စတင်ဖွင့်လှစ်သည့်နေ့တွင် မန္တလေးမြို့ရှိ ပြိုကျပျ-က်စီးခဲ့သည့်...

မြန်မာနှင့် ပါကစ္စတန်ခြေစစ်ပွဲ ပွဲစဉ်တွင် ပရိသတ်များ တခဲနက်အားပေး

ယနေ့ ဇွန်လ (၁၀) ရက် ညနေ (၅)နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းအတွင်း၌ မြန်မာအသင်းနှင့် ၂၀၂၇ အာရှဖလား ခြေစစ်ပွဲကန်မည့် ပါကစ္စတန် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားလျက်ရှိသည့်ပွဲစဉ်တွင် နှစ်ဖက်အသင်းကို လာရောက်အားပေးသော ပရိသတ်များတခဲနက်တွေ့ရသည်။

ရုရှားနှင့် ယူကရိန်း စစ်အကျဉ်းသားလဲလှယ်မှုအသစ် စတင်

ယူကရိန်းနှင့် ရုရှားအကြား အကျဉ်းသားလဲလှယ်မှုအသစ်ကို စတင်လိုက်ပြီဟု နှစ်နိုင်ငံတာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့ပြီး နေရပ်ပြန်ကြရသူများတွင် စစ်ပွဲကာလတလျှောက်လုံးနီးပါး ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သားများလည်း ပါဝင်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က တူကီယေးနိုင်ငံဆွေးနွေးခဲ့မှု၌ ရရှိခဲ့သော သဘောတူညီချက်အရ အလဲအလှယ်လုပ်ရာတွင် အသက် ၂၅ နှစ်အောက် ဖမ်းဆီးခံထားရသူများအပြင် ပြင်းထန်‌သောဒဏ်ရာရရှိထားသူများလည်း ပါဝင်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တယ်လီဂရမ်တွင် အတည်ပြုရေးသားခဲ့သည်။ ယူကရိန်းသည် အကျဉ်းသား အလဲအလှယ်ခြင်းကိစ္စကို ဆိုင်းထားသည်ဟု မော်စကိုက စွပ်စွဲခဲ့ပြီး ကိဗ်က ငြင်းဆိုခဲ့သော သီတင်းပတ်ကုန်ပိုင်းက အငြင်းပွားမှုအပြီးတွင် ယခုအစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းဖြစ်သည်။ ရုရှားတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071