မော်စကို၊ဖေဖော်ဝါရီ ၁၁
ယူကရိန်းအရှေ့ပိုင်း ဒွန်တက်စ်ဒေသရှိ Yasenove နယ်မြေနေရာသစ်ကို ရုရှားတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။
အဆိုပါတိုက်ပွဲအတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၅၀၅ ဦး၊ တင့်ကားတစ်စင်း၊သံချပ်ကာယာဉ်တစ်စင်း၊ အမြောက်လေးလက်နှင့် မော်တော်ယာဉ်ခုနစ်စီးခန့်ဆုံးရှုံးခဲ့ရသည်ဟုလည်းသိရသည်။
“ညတွင်းချင်းပဲ ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေက ကုန်းေကြာင်း၊ လေကြောင်းနဲ့ ရေကြောင်းလက်နက်တွေအပါအဝင် မောင်းသူမဲ့လေယာဉ်တွေနဲ့အတူ တိကျတဲ့တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုကိုစတင်ပြုလုပ်ခဲ့ပါတယ်” ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
ယခုတိုက်ခိုက်မှုအတွင်း ယူကရိန်းစစ်တပ် စက်မှု လုပ်ငန်းအတွက် ဓါတ်ငွေ့နှင့်စွမ်းအင်ထောက်ပံ့နေသည့် စက်ရုံများ၊ တိုက်ခိုက်ရေးသုံးဒရုန်းများသိုလှောင်ရာနေရာများကိုအဓိကထားတိုက်ခိုက်ခဲ့သည်ဟုလည်းသိရသည်။
ရုရှားတပ်ဖွဲ့များကအဆိုပါဒေသတွင် ဆက်လက်ထိုးစစ်ဆင်နေကြောင်းထပ်လောင်းပြောကြားခဲ့ပြီးအထူးစစ်ရေးဆောင်ရွက်မှုအပြီးတွင် လေယာဉ် ၆၅၃ စီး၊မောင်းသူမဲ့ လေယာဉ် ၄၂,၉၇၉ စင်းနှင့် လေယာဉ်ပစ်ဒုံးကျည်စနစ် ၅၉၂ ခုတို့ကို ရုရှားက ဖျက်ဆီးခဲ့ကြောင်းလည်း ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : ရှင်းဟွာ
