တိုကျို၊ ဖေဖော်ဝါရီ ၁၁
ဂျပန်နိုင်ငံတွင် အင်္ဂါနေ့က လေပြင်းထန်စွာ တိုက်ခတ်ပြီး ဆီးနှင်းများ ကျဆင်းသောကြောင့် ဟော့ကိုင်းဒိုးရှိ နယူး ချီတို့ လေဆိပ်သို့ အဝင်အထွက် လေယာဉ်ခရီးစဉ် ၉၁ ခုထက်မနည်းကို ဖျက်သိမ်းခဲ့ရကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ညနေ ၅ နာရီထိ ဆောင်းလေဖိအားကြောင့် လေဆိပ်အနီးတွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် ဆီးနှင်းများထူထပ်စွာရွာသွန်းခြင်း တို့ကြောင့် မြင်ကွင်းဆိုးရွား သဖြင့် လေယာဉ်ခရီးစဉ် ၉၁ ခုကို ဖျက်သိမ်းခဲ့ရကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်း NHK က ပြောသည်။
ခရီးသည်အများအပြားသည် လေဆိပ်တွင် သောင်တင်နေခဲ့ပြီး လေကြောင်းလိုင်းကောင်တာများတွင် လူတန်းများကို ရှည်လျားစေခဲ့သည်။ သူတို့သည် အခြားခရီးစဥ်များကို ရှာဖွေနေကြကြောင်း သတင်းတွင်ဖော်ပြထားသည်။
လေကြောင်းလိုင်းများသည် ခရီးသွားများကို လေယာဉ်ပျံသန်းမှုအချိန်ဇယားဆိုင်ရာ နောက်ဆုံး သတင်းများကို ရရှိရန် ၎င်းတို့၏ဝဘ်ဆိုဒ်များကို ကြည့်ရှုရန် အကြံပေးထားသည်။ Ref: ရှင်းဟွာ
