Sunday, July 20, 2025

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး...

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ...

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀)...

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုတိုင်းဒေသကြီး/ပြည်နယ်...

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကိုကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများသို့ ဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခဒေါက်တာသက်ခိုင်ဝင်းကပြောသည်။ သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ သွေးလွန်တုပ်ကွေးရောဂါ...
HomeInternationalထိုင်းတွင်တရားမဝင်အွန်လိုင်းငွေချေးလုပ်ငန်းလုပ်သည့်တရုတ်နိုင်ငံသားများကို ဖမ်းဆီး

ထိုင်းတွင်တရားမဝင်အွန်လိုင်းငွေချေးလုပ်ငန်းလုပ်သည့်တရုတ်နိုင်ငံသားများကို ဖမ်းဆီး

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် တရားမဝင် ငွေချေးလုပ်ငန်းများ အခြေစိုက်သည့် နေရာတစ်ခုဖြစ် သော ရေကူးအပန်းဖြေစခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် တရုတ်နိုင်ငံသား ၁၂ ဦး၏ ဗီဇာများကို ရုပ်သိမ်းကာ ထာဝရအမည်ပျက်စာရင်းသွင်းခဲ့ကြောင်း သိရသည်။

ချွန်ဘူရီပြည်နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်များသည် သောကြာနေ့မနက်ပိုင်းက Bang Lamung ခရိုင်ရှိ အပန်းဖြေစခန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ သံသယရှိသူများသည် ထိုင်းနိုင်ငံသို့ လုပ်ငန်းများ ပြောင်းရွှေ့မလုပ်ခင်က ဒူဘိုင်းတွင် အခြေစိုက်လုပ်ကိုင်ခဲ့ကြသူများဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံအတွင်း ရောက်ရှိနေထိုင်မှုကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ အကြောင်းကြားရန် ပျက်ကွက်မှု၊ တရားမဝင် လုပ်ငန်း လုပ်ကိုင်မှုတို့ဖြင့် သံသယရှိသူ ၁၂ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူခဲ့သည်။ ၎င်းတို့ထဲမှ နှစ်ဦးကို ဗီဇာသက်တမ်း ကို ကျော်လွန် ကာနေထိုင်မှုဖြင့်လည်း အရေးယူခဲ့သည်။ သံသယရှိသူအားလုံးကို Bang Lamung ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

သံသယရှိသူများ၏ ဗီဇာများကို ရုပ်သိမ်းရန်နှင့် ၎င်းတို့ကို ပြည်ဝင်ခွင့် ထာဝရပိတ်ပင်ရန် ချွန်ဘူရီ လူဝင်မှုကြီးကြပ်ရေးရုံး အကြီးအကဲ Naphasphong Khosittasuriyamanee ကို သူ အမိန့်ပေးခဲ့သည်ဟု အမှတ် ၃ လူဝင်မှုကြီးကြပ်ရေးဌာန ယာယီဌာနမှူး ချိုင်ရစ် အနူရစ်က ပြောသည်။

ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများတွင် ဟန်ပြလုပ်ငန်းများဖြင့် မသမာသောစီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေသည့်  တရုတ်နိုင်ငံသားများကို နှိမ်နင်းရမည်ဆိုသည့် အစိုးရ၏ မူဝါဒနှင့်အညီ ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်ဟု ချိုင်ရစ်က ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်ဖွန်း ဝီဖာဝင်ရောက်မည်ဖြစ်၍ ဟောင်ကောင်တွင် အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်

လေတိုက်နှုန်း တစ်နာရီ ၁၆၇ ကီလိုမီတာဖြင့် တိုက်ခတ်နေသော တိုင်ဖွန်းမုန်တိုင်း ဝီဖာကြောင့် မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နေသော ဟောင်ကောင်တွင် ဇူလိုင် ၂၀ ရက်က အမြင့်ဆုံး မုန်တိုင်းသတိပေးချက် ထုတ်ပြန်လိုက်ရပြီး လေယာဉ်ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။ မြို့၏ မိုးလေဝသလေ့လာစောင့်ကြည့်ရေးဌာနက နံနက် ၉း၂၀ နာရီတွင် မုန်တိုင်းသတိပေးချက်ကို အဆင့် ၁၀ သို့ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယင်းအဆင့်တွင် အချိန်အတော်ကြာရှိနေမည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။ မုန်တိုင်းသည် စောင့်ကြည့်ရေးဌာန၏ တောင်ဘက် ၅၀ ကီလိုမီတာဝန်းကျင်တွင်ရှိနေကြောင်းနှင့် ဟာရီကိန်းလေတိုက်နှုန်းသည် ဟောင်ကောင်တောင်ပိုင်းဒေသများကို...

ဗီယက်နမ်မှာ ကမ္ဘာလှည့်ခရီးသွားရေယာဉ် တိမ်းမှောက်၍ လူ ၄၀ နီးပါး ‌ေ-သဆုံး

ဗီယက်နမ်နိုင်ငံ၏ အကျော်ကြားဆုံး ခရီးသွားနေရာများထဲမှတစ်ခုတွင် တနင်္ဂနွေနေ့က ရေယာဉ်တစ်စီးတိမ်းမှောက်ခဲ့မှုကြောင့် လူ ၃၇ ဦး ‌ေ-သဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ငါးဦးကို ကယ်ဆယ်ရေးသမားများက အပူတပြင်းလိုက်လံရှာဖွေနေသည်။ ဗီယက်နမ်၏ နာမည်ကြီး Ha Long ပင်လယ်အော်တစ်ဝိုက်တွင် မိသားစုများ တင်ဆောင်လာသည့် ကမ္ဘာလှည့်ခရီးသွားရေယာဉ်သည် စနေနေ့က မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့ရပြီး ယူနက်စ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နယ်မြေတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးတစ်ခုဖြစ်ခဲ့သည်။ ခရီးသည် ၄၈ ဦးနှင့် ရေယာဉ်အမှုထမ်း ငါဦး လိုက်ပါလာသည့် “Wonder Sea” ရေယာဉ်သည် ရုက်တရက် မိုးသဲသဲမဲမဲရွာသွန်းမှုကြောင့် တိမ်းမှောက်သွားခဲ့ခြင်းဟု VNExpress...

ပြည်ပငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန်မျှော်မှန်းထား

ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၇၅၀) ရရှိရန် ရည်ရွယ်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ပြည်ပသို့ ငါးတင်ပို့ရာတွင် ရန်ကုန်မြို့ မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရို-က်တင်ပို့ လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်အပါအဝင် ငါးစသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့်နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။ လက်ရှိတွင် ငါးများ ပေါက်ဖွားရန် အခွင့်အလမ်းကောင်းများ ပိုမိုရရှိစေရေးအတွက် ရေချို၊ ရေငံငါးများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071