ယနေ့ ဖေဖော်ဝါရီ (၇)ရက် ညနေ (၃) နာရီအချိန်၌ ရန်ကုန်တိုင်း ယူ-၂၁ အသင်းနှင့် ထီလာမောင် FC အသင်းတို့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းအ သင်းက (၃)ဂိုး(၂)ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်း အသင်း(၂)သင်းသည် ၂၀၂၅ ခုနှစ် ကမ္ဘောဇဖလား အလွတ်တန်း ဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး လာမည့် ဗိုလ်လုပွဲစဉ်အတွင်း မည်သည့်အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ကို အသိပေးထားခြင်းမရှိသေးပေ။
ပြိုင်ပွဲကို တောင်ကြီးမြို့၊ ပြည်နယ်အား ကစားကွင်းအတွင်း ကျင်းပနေခြင်းဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကို ယ်စားပြုမှ ဖိတ်ခေါ်ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့် ယှဉ် ပြိုင်ကစားနေကြခြင်းဖြစ်ကာ နောက်ဆုံး ဗိုလ်ပွဲစဉ်သို့ရော က်ရှိလာခဲ့ပြီဖြစ်သည်။
ပြိုင်ပွဲကို ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီ (၃၀)ရက်မှ ဖော်ဖော်ဝါရီ (၉)ရက်အထိ (၁၁)ရက်ကြာ ကျင်းပပြုလုပ်နေခြင်းဖြစ်သည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုများနှင့်အတူ ဘောလုံးအားကစားအဆင့်အတန်းပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန် ကြီးဌာန ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကျင်းပပြုလုပ်ပေးသည့် ပြိုင်ပွဲတစ်ပွဲဖြစ်သည်။
