AHA Centre အနေဖြင့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးတွင် ကာလရှည်အကျိုးရှိစေမည့် ဦးဆောင်ဦးရွက်ပြုမှုများကိုဆောင်ရွက်စေလိုသည်ဟု ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ပြောသည်။
ဝန်ကြီးဦးသန်းဆွေမှ AHA Centre ၏အမှု ဆောင်ညွှန်ကြားရေးမှူး မစ္စတာလီယမ်မင်း ဦး ဆောင်သည့်အဖွဲ့အား ဖေဖော်ဝါရီ ၆ ရက်နေ့လည် ၁ နာရီခွဲက နေပြည်တော်၌လက်ခံတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
AHA Centre ၏ ကြိုးပမ်းအားထုတ်မှုများအ တွက်ကျေးဇူးတင်ကာ လိုအပ်နေသည့် မြန်မာပြည်သူများ၏ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတူတကွပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်လိုပြီး ပြည်သူများအတွက် ပြန် လည်ထူထောင်ရေးတွင် ကာလရှည်အကျိုးရှိစေမည့် ဦးဆောင်ဦးရွက်ပြုမှုများကိုဆောင်ရွက်စေလိုသည်ဟု အလေးအနက်ထားပြောကြားခဲ့သည်။
ထို့ပြင် AHA Centre ၏လုပ်ငန်းအကောင်အ ထည်ဖော်မှုနှင့် လူသားချင်းစာနာမှုအကူအညီများ အမှန်တကယ်လိုအပ်နေသူများထံရောက်ရှိရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ဆက်လက် ပံ့ ပိုးသွားမည်ဟုလည်း ပြောကြားခဲ့သည်။
ထို့အတူ မစ္စတာလီယမ်မင်းမှလည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရန် AHA Centre မှရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး အာဆီယံတူညီဆန္ဒ(၅)ချက်၏ စတုတ္ထအချက်အ ကောင်အထည်ဖော်သည့် လုပ်ငန်းစဉ်တစ် လျှောက်တွင်သာမက ဆိုက်ကလုန်းမိုခါရိုက်ခတ်ခံစားခဲ့ရမှုများအားတုံ့ပြန်ရာတွင် အဆင်ပြေချောမွေ့စေရန် မြန်မာနိုင်ငံအစိုးရ၏ ကူညီဆောင်ရွက်ပေးခဲ့မှုများကိုကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။
