Monday, June 15, 2026

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...
HomeNewsLocal NewsNCA အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲသို့ RCSS...

NCA အထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ဖွင့်လှစ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ် ၊ နားဆာလဲကျေးရွာရှိ ငြိမ်းချမ်းရေးကွင်းအတွင်း တည်ဆောက်ထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲသို့ ယနေ့ ဖေဖော်ဝါရီ (၆)ရက် နံနက်ပိုင်းတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်တိုင်ဖွင့်ပွဲနှင့် တဆက်တည်း (၇၈)နှစ် မြောက် ရှမ်းပြည်အမျိုးသားနေ့ ဖွင့်ပွဲအခမ်းအနားကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားဖွင့်ပွဲသို့ ကုလသမဂ္ဂ အထူးအကြံပေး ပုဂ္ဂိုလ် Mr.Vijay Nambiar မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးသံတမန် Mr.Sun Guoxiang ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂေါတမ် မူခပဒယာ၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး၏ အထူးကိုယ်စားလှယ် Mr.Apichart Chinwanno၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဂျပန်အစိုးရ အထူးကိုယ်စားလှယ် Mr.Yohei Sasa kawa တို့က သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇)ဖွဲ့တို့ ကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြကြောင်း သိရသည်။

(၇၈)နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားအား ဖေဖော်ဝါရီ (၇)ရက်မှ (၈)ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ပွဲတော်အတွင်း နာမည်ကြီးအဆိုတော်များ ၊ သီ ပေါမြို့ ရှမ်းအမျိုးသားယဉ်ကျေးမှု ဇတ်သဘင်လည်း ပါဝင်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

Photo – Tai Freedom

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်ဝန်ထမ်း(၆)ဦးကို ချီးမြှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား ယနေ့ ဇွန် ၁၅ ရက်ကချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း(၆)ဦးအား ပြည်ထောင်စုဝန် ကြီးကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေး အပ်ချီးမြှင့်ခဲ့သည်။ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံး ပြုနေသောမီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ်(၅,၀၆၈,၈၀၀)ဆုံးရှုံးခဲ့ရကာ ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ်(၄ ဒသမ ၅...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071