ရန်ကုန်တိုင်း၊ ဒလမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်ည ၇ နာရီ ၅၆ မိနစ်ခန့်ကဖြစ်ပွားခဲ့သည့် မီးလောင်မှုဖြစ်စဥ်မှ မီးဘေးသင့်အိမ်ထောင်စု(၅)စုအတွက် အကူအ ညီများလိုအပ်လျက်ရှိကြောင်း သိရသည်။
ဒလမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အဲမွန်ဒရာ(၉) လမ်းတွင် မီးလောင်မှုဖြစ်ပွား၍ ဒလမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၈ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၄)လုံးပျက်စီးဆုံးရှုံးခဲ့ကာ အိမ်ထောင်စု(၅)စုမှာ မီး ဘေးသင့်ခဲ့သဖြင့် လက်ရှိအချိန်၌ ၎င်းမိသားစုဝင်များအတွက် အဝတ်ထည်များ၊ စောင်များ၊ ခြင်ထောင်များ၊ ခေါင်းအုံးများ၊ ရေသန့်များနှင့် ယာယီနေထိုင်ရန် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
” မီးလောင်တော့ကြောက်စိတ်နဲ့ ဘာပစ္စည်း အ ဝတ်အထည်တစ်ခုမှမယူနိုင်ဘဲ လူဘဲအလွတ်ထွက်ပြေးကြရတာဆိုတော့ အခုချိန်မှာ လိုအပ်တာတွေများတာပေါ့။ လတ်တလောကတော့ အစားအသောက်အတွက်ဆိုရင် အသင့်စားအစားအသောက်လေးတွေလိုအပ်ပါတယ်”ဟု ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပရဟိတအသင်းဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် မီးဘေးသင့်အိမ်ထောင်စု(၅)စုအ တွက် အကူအညီများထောက်ပံ့လှူဒါန်းလိုပါက ကရုဏာကမ်းလက်လူမှုကူညီကယ်ဆယ်ရေးပ ရဟိတအသင်းမှ အလှူရှင်များကိုယ်စားသွား ရောက်လှူဒါန်းပေးသွားမည်ဖြစ်ကာ ကိုယ်တိုင်သွားရောက်လှူဒါန်းလိုသူများကိုလည်း လိုအပ်သည့်အကူအညီများလိုက်ပါ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
