ထိုင်းဓ-ါးစာခံငါးဦး က ဘေးကင်းစွာ ပြန်လွတ်လာပြီဖြစ်သော်လည်း ဂါဇာတွင် ကျန်ရှိနေသေးသည့် ထိုင်းဓ-ါးစာခံတစ်ဦး၏ အခြေအနေကိုမူ အတည်မပြုနိုင်သေးဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန(MFA) က ပြောကြားခဲ့သည်။
Phrae ပြည်နယ်သားဖြစ်သော ဓ-ါးစာခံ နာတာပွန် ပင်တာ လွတ်မြောက်ရေးအတွက် အစိုးရက တတ်နိုင်သမျှအားလုံး ဆောင်ရွက်နေသည်ဟု နိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အာမခံပြောကြားခဲ့သည်။
ထိုင်းဓ-ါးစာခံငါးဦး လွတ်မြောက်ခဲ့မှုအတွက် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက သူ့ထံ ဖုန်းဆက်ဂုဏ်ပြုစကားဆိုခဲ့ကြောင်းနှင့် မစ္စတာ နာတာပွန် လွတ်မြောက်ရေးနှင့် ေ-သဆုံးခဲ့သည့် ထိုင်းဓ-ါးစာခံများ၏ ရုပ်အလေ-ာင်းများကိုပြန်လည်သယ်ယူရေးအတွက် ဆွေးနွေးခဲ့ကြကြောင်းလည်း သူက ပြောဆိုခဲ့သည်။
လွတ်မြောက်လာသော ဓ-ါးစားခံများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံသို့ အပြန်ခရီးကို ကြီးကြပ်စီမံရန် စနေနေ့တွင် သူ သည် အစ္စရေးနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်းလည်း မစ္စတာ မာရစ်က ပြောဆိုခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တို့ အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ေ-သဆုံးခဲ့သူများ၌ ထိုင်း ၄၆ ဦး ပါဝင်ခဲ့သကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံရသူများတွင်လည်း ထိုင်း ၃၁ ဦး ပါဝင်ခဲ့သည်။
နောက်ပိုင်းတွင် ထိုင်းဓ-ါးစာခံနှစ်ဦး ေ-သဆုံးခဲ့သည်ဟု အတည်ပြုခဲ့ပြီး နှစ်ကုန်ပိုင်းအထိ ထိုင်းဓ-ါးစာခံ ၂၃ ဦး ကို ပြန်လွတ်ပေးခဲ့သည်။
နောက်ဆုံးပြန်လွှတ်ပေးလိုက်ရာ၌ ထိုင်းဓ-ါးစာခံ စုစုပေါင်း ၂၈ ဦး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Ref: ဘန်ကောက်ပို့စ်
