Thursday, May 14, 2026

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက်...

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို...

ကျောင်းကုန်းမြို့နယ်တွင် Football For School...

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု...

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို...

အစိုးရသစ် ရက် ၁၀၀ စီမံချက်အတွင်း...

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးကို အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်အတွင်း ရှေ့ပြေးဥပဒေရုံးများ (Pilot Law Offices) အဖြစ်...
HomeInternational၂၀၃၂ ခုနှစ်တွင် ကမ္ဘာကို...

၂၀၃၂ ခုနှစ်တွင် ကမ္ဘာကို တိုက်မိနိုင်သော ဥက္ကာခဲ ကျရောက်ထိခိုက်နိုင်သည့် နေရာပြမြေပုံထုတ်ပြန်

ဆယ်ထပ်တိုက်တစ်လုံးစာရှိသည့် ဥက္ကာခဲတစ်ခုသည် ၂၀၃၂ ခုနှစ်တွင် ကမ္ဘာမြေကို ဝင်ရောက်ထိခိုက်နိုင်ခြေ ရှိသဖြင့်၊ ၎င်းဥက္ကာခဲ ကျရောက် ထိခိုက်နိုင်သည့် နေရာများကိုပြသသည့်မြေပုံတစ်ခုကို ပညာရှင်များက ထုတ်ပြန်လိုက်သည်။

အသစ်တွေ့ရှိထားသော 2024 YR4 ဟုအမည်ပေးထားသည့် ဥက္ကာခဲသည် ဗျက် ၁၉၆ပေရှိပြီး၊ လက်ရှိတွင် ကမ္ဘာမှ မိုင်ပေါင်း ၂၇ သန်း ကွာဝေးသည်။ NASA ၏ NEO Studies Center အရ၊ ၎င်းသည် ၂၀၃၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ကမ္ဘာနှင့် အနီးဆုံးချဉ်းကပ်မည့်အချိန်တွင် ကမ္ဘာကို တိုက်မိ ထိခိုက်နိုင်ခြေ ၈၃ ပုံ ၁ ပုံ ရှိသည်။

Catalina Sky Survey အင်ဂျင်နီယာနှင့် ဥက္ကာခဲလိုက်လံရှာဖွေသူ David Rankin က “ဒါဟာ အရွယ်အစားကြီးမားတဲ့ ကျောက်တုံးတစ်ခုရဲ့ ထိခိုက်နိုင်ခြေ အမြင့်ဆုံး ဖြစ်နိုင်ခြေတွေထဲက တစ်ခုပါ” ဟု ရေးသားခဲ့သည်။

သိပ္ပံပညာရှင်များက လက်ရှိတွင် ထိခိုက်နိုင်သည့် “အန္တရာယ်လမ်းကြောင်း” သည် တောင်အမေရိကမှ စတင်၍ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ကာ ဆာဟာရတောင်ပိုင်း အာဖရိကမှသည် အာရှိအထိ ရှိနိုင်သည်ဟု ဆိုသည်။ သို့သော် မသေချာမှုများ မြင့်မားနေဆဲဖြစ်ပြီး ခန့်မှန်းချက်များကို အတည်ပြုရန် လေ့လာမှုများ ပိုမိုလိုအပ်ကြောင်း ပညာရှင်များက ထောက်ပြသည်။

ထို့အပြင်၊ အချက်အလက်အသစ်များက ဥက္ကာခဲ ကမ္ဘာသို့ ထိခိုက်နိုင်ခြေကို လျော့ကျစေနိုင်သည်ဟု ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် Lot ၁ မှ Lot ၄ အထိ ခွဲခြားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ Lot တစ်ခုစီတွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၅...

ကျောင်းကုန်းမြို့နယ်တွင် Football For School စီမံကိန်း စတင်အကောင်အထည်ဖော်၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်နိုင်ရေး ရည်မှန်း

ကျောင်းကုန်းမြို့နယ် အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများကို Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကျောင်းကုန်းမြို့နယ်အတွင်း Football For School Program ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုကို မေ ၁၃ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကျောင်းကုန်းမြို့နယ်တွင် တည်ဆောက်မည့် မိုးလုံလေလုံအားကစားရုံအတွက် မြေနေရာများကိုလည်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း...

မြန်မာအစိုးရ၏ မူဝါဒများကို တရုတ်ဘက်က ဆက်လက်ထောက်ခံကြိုဆိုမည်ဟု ချုံချင့် နိုင်ငံခြားရေးဌာနညွှန်ချုပ် ပြောကြား

Chongqing မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က မြန်မာအစိုးရ၏ ဆက်လက်အကောင်အထည်ဖော်မည့် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံဘက်မှ အစဉ်တစိုက် ထောက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပြောကြားချက်ကို Chongqing ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မေ ၁၂ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ညွှန်ကြားရေးမှူးချုပ် မစ္စဝမ်းဝမ်က ချုံချင့်မြူနီစီပယ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်းနှင့် Chongqing သည် တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အရေးပါသည့် မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071