Friday, May 1, 2026

မေလအတွင်း တစ်နာရီ မိုင် (၅၀)...

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁)...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင်...

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်...

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ဒုတိယနေ့ကို ယနေ့ မေလ ၁ ရက်တွင် ကမ္ဘာအေးကုန်းမြေ၌ ဆက်လက်ကျင်းပခဲ့သည်။...
HomeNewsFootballအသက်(၁၅)နှစ်အောက် လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ...

အသက်(၁၅)နှစ်အောက် လူငယ်လိဂ် ဘောလုံးပြိုင်ပွဲ ပွဲစဉ် -၃ အပြီး အမှတ်ပေးဇယား ရပ်တည်မှုထုတ်ပြန်

MFF U-15 YOUTH LEAGUE 2024-2025 Week-3 မှာ ယမန်နေ့ ဇန်နဝါရီ (၂၇) ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကာ ယင်း ပွဲစဉ်အပြီး အမှတ်ပေးဇယား အဆင့်ရပ်တည်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ ထုတ်ပြန်ထားသည်။

အမှတ်ပေးဇယား ရပ်တည်မှုအရ Royal Yangon FC က ရမှတ်(၉)မှတ်ဖြင့် အဆင့် ရပ်တည်မှု(၁)၊ Southern Yangon FC ရမှတ်(၆)မှတ်ဖြင့် အဆင့် (၂)၊ Mar Rein FC ရမှတ် (၆) မှတ်ဖြင့် အဆင့်(၃)၊ Shwe Phi Thar FC ရမှတ် (၆)မှတ်ဖြင့် အဆင့်(၄)၊ Artharwady FC ရှတ်(၆)မှတ်ဖြင့် အဆင့်(၅) တွင်အသီးသီးရပ်တည်နေကြခြင်း ဖြစ်သည်။

အလားတူ Mingalardon City FC၊ Burmese Youth FC၊ Golden Light United FC၊ Yangon Focus FC၊ The Ho nour FC၊ Mya Thida FC၊ Yangon Taungzalatt FC တို့မှာလည်း ရမှတ်အလိုက် အဆင့်(၆)မှ အဆင့်(၁၂)အထိ အသီးသီး ရပ်တည်နေကြခြင်းဖြစ်သည်။

အဆိုပါ အသက် (၁၅) နှစ်အောက် လူငယ်ဘောလုံးလိဂ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်စတင် ၍ အသင်း (၁၂)သင်း ပါဝင်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် လူငယ်မျိုးဆက်သစ်များ ဘောလုံးလှုပ်ရှားမှုများတွင် ပါဝင်လာရေး၊ ပြည်တွင်း လူငယ်ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး၊ မျိုးဆက်သစ် လူငယ်ကစားသမားများ ပေါ်ထွက်လာရေး၊ FIFA, AFC, AFF လူငယ်ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းများ အောင်မြင်မှု ရရှိရေးအတွက် ရည်ရွယ်၍ ဖီဖာလမ်း ညွှန်ချက်များနှင့်အညီ နှစ်စဉ် ကျင်းပပေးလျက်ရှိကြောင်း အဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မေလအတွင်း တစ်နာရီ မိုင် (၅၀) အထိ လေပြင်းတိုက်ခတ်နိုင်၍ ပြည်သူများ အထူးသတိပြုရန် နှိုးဆော်

​​မြန်မာနိုင်ငံအရပ်ရပ်တွင် မေလအတွင်း မိုးကြိုကာလ လေထုမငြိမ်မသက်မှုများကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ ယနေ့ မေလ (၁) ရက်တွင် အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။​ယခု​မေလမှစ၍ အနောက်တောင်မုတ် သုံလေ မဝင်ရောက်မီကာလအတွင်း နေ့အပူချိန်များ မြင့်တက်လာရာမှ အပူပျံတက်တိမ် (Cumulonimbus Cloud) များဖြစ် ထွန်းလာနိုင်ကြောင်း သိရသည်။ ထိုသို့ ဖြစ်ထွန်းမှုကြောင့် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင်မြေပြင်နှင့် ရေပြင်တွင် တစ်နာရီလျှင် မိုင် (၄၀) မှ (၅၀) အထိ လေပြင်းတို-က်ခတ်နိုင်ခြင်း၊ ထစ်ချုန်းမိုးရွာခြင်းနှင့်အတူ...

ရန်ကုန်ရှိ မြို့နယ် ၂၀ တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်သင်ကြားမည်

အားကစားကဏ္ဍ မြှင့်တင်ခြင်းသည် လူငယ်များ၏ ကာယဗလ ဖွံ့ဖြိုးရုံသာမက စည်းလုံးညီညွတ်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် အသင်းအဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် လူငယ်များအကြား ဘောလုံးအားကစား အခြေခံကျွမ်းကျင်မှုများ ထွန်းကားလာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၀) တွင် ဘောလုံးသင်တန်းများကို Pilot Project အစီအစဉ်ဖြင့် စတင်တော့မည်ဖြစ်သည်။ အဆိုပါ သင်တန်းများကို ယခုလ မေလ (၄) ရက်မှ စတင်ကာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။ စီမံခန့်ခွဲမှုနှင့်...

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071