ဟူစတန်၊ဇန်နဝါရီ ၂၇
အမေရိကန်ပြည်ထောင်စု၌ တရားမဝင်နေထိုင်သည်ဟု သံသယရှိသူ ၁,၀၀၀ နီးပါးကို တနင်္ဂနွေနေ့ကဖ-မ်းဆီးခဲ့ကြောင်း အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အဖွဲ့ကပြောကြားခဲ့သည်။
၎င်းတို့အဖွဲ့က အဓိကပစ်မှတ်ထားကာ ဝင်ရောက်စီးနင်းသည့်မြို့များမှာ ရှီကာဂို၊ ဒန်ဗာတို့အပြင် တက္ကဆပ်စ်ပြည်နယ်၏အဓိကမြို့ကြီးများဖြစ်သည့် အော်စတင်၊ဒါးလပ်စ်နှင့် ဖို့ထ်ဝါ့သ်တို့ဖြစ်သည်ဟုသိရသည်။
တက္ကဆက်ပြည်နယ်မြောက်ပိုင်း၌ လူ ၈၄ ဦးကို ဖ-မ်းဆီးခဲ့ပြီး ဒါးလပ်စ်ရှိ အမေရိကန်လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်အဖွဲ့၏ရုံးသို့ခေါ်ဆောင်သွားခဲ့ကြောင်းပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
“နိုင်ငံတွင်း တရားမဝင်ဝင်ရောက်ခြင်းရဲ့အကျိုးဆက်တွေအနေနဲ့ ဖ-မ်းဆီးထိန်းသိမ်းခံရတာမျိုးတွေရှိလာမှာပါ” ဟု ထရမ့်ပ်အစိုးရ၏နယ်စပ်တာဝန်ခံ တွမ်ဟိုမန်ကပြောကြားခဲ့သည်။
ထရမ့်ပ်အစိုးရသည် အာဏာရယူပြီးပထမအပတ်အတွင်းမှာပင် လဝက က ဝင်ရောက် စီးနင်း မှုများ ကို ဆက်တိုက်ဆိုသလိုပြုလုပ်ခဲ့ပြီး နေ့စဉ်လူ များကို ထောင်နှင့်ချီ ၍ ဖ-မ်းနေကာ ကြာသပတေးနေ့ကလည်းလူပေါင်း ၁,၃၀၀ ကျော်ကို ဖ-မ်းခဲ့သည်ဟုသိရသည်။
Source : ရှင်းဟွာ
