Thursday, August 6, 2026

ဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့သောမြောက်ကိုရီးယားစစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် တည်ဆောက်မည်

          ဗီယက်နမ်စစ်ပွဲအတွင်းကျဆုံးခဲ့သော မြောက်ကိုရီးယားစစ်သည်များအတွက် ရည်စူး၍ ဗီယက်နမ်က အောက်မေ့ဖွယ်အဆောက်အအုံတစ်ခု ကို တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပြီး စစ်ပွဲကာလအတွင်း ပြုံယမ်း၏ စစ်ရေးအခန်းကဏ္ဍကို ရှားရှားပါးပါး...

တရုတ်က Smart Dragon-3 ဒုံးပျံကို...

ဟိုင်ယန် (ရှန်းတုန်း)၊ ဩဂုတ်လ ၅ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှ Smart Dragon-3 သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့၌...

ထိုင်းဘောလုံးသမားတစ်ဦးကွင်းထဲမိုးကြိုးပစ်၍ ‌ေ-သဆုံး၊ ၉ ဦးဒ-ဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ဘောလုံးကွင်းထဲ မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ကိုးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသခံနှင့် ထိုင်း၊မလေးရှားလူမျိုးများ ပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင်သည့် ဒေသဆိုင်ရာ...

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့်...

လေးမျက်နှာ၊ သြဂုတ်-၅ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအ တွက် မီတာဘောက် ၂၀၀ ကျော်ကို...
HomeInternationalလေထုညစ်ညမ်းမှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို...

လေထုညစ်ညမ်းမှုကြောင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ရက်သတ္တပတ် အခမဲ့ခွင့်ပြုရန် ထိုင်းဝန်ကြီးချုပ် အမိန့်ထုတ်ပြန်

မြို့တော်၏ ခရိုင်အားလုံးတွင် အမှုန်အမွှားပါဝင်မှုမြင့်တက်နေသော လေထုညစ်ညမ်းမှု ပိုမိုဆိုးဝါးလာခြင်းကို တုန့်ပြန်ဆောင်ရွက်မှုအဖြစ် ဘန်ကောက်တွင် ရက်သတ္တပတ် အခမဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးအစီအစဉ်ဆောင်ရွက်ရန် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာက အမိန့်ပေးခဲ့သည်။

ဝန်ကြီးချုပ်သည် ဘန်ကောက်တွင် လေထုအတွင်း (PM 2.5) အမှုန်အမွှားပါဝင်မှုအဆင့် မြင့်တက်နေမှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများက ကိုင်တွယ်ဖြေရှင်းစေလိုသည်ဟု ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သည့် ပို့ဆောင်ရေးဝန်ကြီး Suriya Jungrungreangkit က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ယင်းအတွက် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်အထိ အများပြည်သူကို ဘတ်စ်နှင့် လျှပ်စစ်ရထားများအား အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်ဟု မစ္စတာ Suriya က ပြောဆိုသည်။ လျှပ်စစ်ရထားခရီးသည်များအတွက် အခမဲ့စီးနင်မည်ဖြစ်သည်ဟု မစ္စတာ Suriya က ပြေးခွင့်ပြုရန် Bangkok Transit System Plc(BTS) ၊ Bangkok Expressway နှင့် Metro Public Company(BEM) တို့၏ အော်ပရေတာများနှင့် သူ ညှိနှိုင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် Bangkok Mass Transit Authority(BMTA) ကလည်း သီတင်းတစ်ပတ်လုံး အခမဲ့ဘတ်စ်ကားဝန်ဆောင်မှုများပေးရန် သဘောတူခဲ့သည်ဟုလည်း ဆိုခဲ့သည်။

ယင်းကာလအတွင်း အခမဲ့ သယ်ယူပို့ဆောင်မှုပေးသော အော်ပရေတာများကို နစ်နာကြေးပေးရန် အစိုးရက အစီအမံများ ရေးဆွဲသွားမည်ဖြစ်သည်။ အဆိုပါရည်ရွယ်ချက်အတွက် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် ဘတ်သန်း ၁၄၀ ခန့် ဗဟိုရန်ပုံငွေ ခွဲဝေပေးသွားမည်ဖြစ်သည်ဟု မစ္စတာ Suriya က ပြောဆိုသည်။ အစီအစဉ်အတွက် အစိုးရအဖွဲ့ဝန်ကြီးအားလုံးက ထောက်ခံမည်ဟု ယုံကြည်ကြောင်းလည်း ဆိုခဲ့သည်။

ဝန်ကြီးဌာနသည် မော်တော်ယာဉ် မီးခိုးထုတ်လွှတ်မှုကို စောင့်ကြည့်ရန် မြို့တော်တွင် စစ်ဆေးရေးဂိတ် ၈ ခု ဖွင့်လှစ်ထားသည်ဟု သိရသည်။

အခမဲ့သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကျော်အထိ အသုံးပြုကြလိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာ Suriya က ပြောဆိုသည်။ အဆိုပါ ၇ ရက်တာကာလအပြီးတွင် အမှုန်အမွှားအဆင့် တိုးတက်ကောင်းမွန်လာခြင်းမရှိပါက ပဏာမခြေလှမ်းကို သက်တမ်းတိုးနိုင်ခြေရှိ မရှိ ပြန်လည်အကဲဖြတ်စဉ်းစားသွားမည်ဟု သူက ပြောဆိုသည်။

ဆွစ်ဇာလန်နိုင်ငံအခြေစိုက် IQAir ၏ အချက်အလက်များအရ သောကြာနေ့တွင် ဘန်ကောက်မြို့၏ လေထုအရည်အသွေးသည် ကမ္ဘာ့လေထုညစ်ညမ်းမှု စတုတ္ထမြောက်အဆိုးဆုံးမြို့အဖြစ် အဆင့်သတ်မှတ်ခံခဲ့ရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့သောမြောက်ကိုရီးယားစစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် တည်ဆောက်မည်

          ဗီယက်နမ်စစ်ပွဲအတွင်းကျဆုံးခဲ့သော မြောက်ကိုရီးယားစစ်သည်များအတွက် ရည်စူး၍ ဗီယက်နမ်က အောက်မေ့ဖွယ်အဆောက်အအုံတစ်ခု ကို တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပြီး စစ်ပွဲကာလအတွင်း ပြုံယမ်း၏ စစ်ရေးအခန်းကဏ္ဍကို ရှားရှားပါးပါး လူသိရှင်ကြား အသိအမှတ်ပြုခြင်းဖြစ်သည်။      ဗီယက်နမ်နှင့် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ မြောက်ကိုရီးယားသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် မြောက်ဗီယက်နမ်သို့ တိုက်လေယာဉ်မှူးများ စေလွှတ်ခဲ့ပြီး ၎င်းတို့သည် အမေရိကန်လေယာဉ်များနှင့် တိုက်ခိုက်ရေးမစ်ရှင်တွင် ဆိုဗီယက်လုပ် MiG-17 များကို စီးနင်းတိုက်ပွဲဝင်ခဲ့သည်။      ဗီယက်နမ်နှင့် မြောက်ကိုရီးယားတို့သည် စစ်အေးတိုက်ပွဲကာလမှစကာ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း ဗီယက်နမ်စစ်ပွဲတွင် ပြုံယမ်း၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို မသိကြ သလောက်ဖြစ်သည်။        အဆိုပါ...

တရုတ်က Smart Dragon-3 ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်

ဟိုင်ယန် (ရှန်းတုန်း)၊ ဩဂုတ်လ ၅ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှ Smart Dragon-3 သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့၌ လွှတ်တင်ခဲ့ပြီး Oriental Smart Eye hyperspectral ဂြိုဟ်တု 01 နှင့် 02 တို့ကို လျာထားပတ်လမ်းကြောင်းများအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ဒုံးပျံကို တရုတ်စံတော်ချိန် နံနက် ၁၀၃၈ နာရီတွင် ဟိုင်ယန်မြို့ အနီးရှိ ပင်လယ်ပြင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးဗဟိုဌာန က ယခု...

ထိုင်းဘောလုံးသမားတစ်ဦးကွင်းထဲမိုးကြိုးပစ်၍ ‌ေ-သဆုံး၊ ၉ ဦးဒ-ဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ဘောလုံးကွင်းထဲ မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ကိုးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသခံနှင့် ထိုင်း၊မလေးရှားလူမျိုးများ ပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင်သည့် ဒေသဆိုင်ရာ Golok FA Cup 2026 ပြိုင်ပွဲတွင် ဆန်ထီပက်ဘောလုံးကွင်း၌ ကျင်းပခဲ့သောပွဲစဉ်၏ နာကျင်အချိန်ပိုအတွင်း အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ Samcolts နှင့် Abu x Nong Sirin အသင်းတို့၏ ပွဲစဉ်ကို မိုးရွာသွန်းနေချိန် ညနေ ၅ နာရီတွင်စတင်ခဲ့သည်။ အွန်လိုင်းတွင် တင်ခဲ့သော ဗီဒီယိုတစ်ခုအရ ကွင်းထဲရှိ နေရာတစ်ခုကို တောက်ပသောမီးရောင်တစ်ခု ထိမှန်ခဲ့ပြီးနောက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071