Thursday, August 6, 2026

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်...

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆...

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ...

ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ "အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း" (Calibrated Re-engagement) မူဝါဒမှာ...
HomeInternationalဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ဖ‌‌နောင်ပင်၌ဟုန်ပေါင်းတိုးကြိတ်ယူကြရာမှလူလေးဦးထက်မနည်းသေဆုံး

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့တော်တွင် ဇန်နဝါရီ ၂၃ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သူဌေးကြီးတစ်ဦး ဝေငှသော ငွေသားများထည့်ထားသည့် ဟုန်ပေါင်းခေါ်အန်ပေါင်းထုပ်များကို လူအများ တိုးဝှေ့ယူကြရာမှ လူအုပ်ကြားညပ်၍ အသက်ရှုကြပ်ကာ လူလေးဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ရင်းနှီးသော မဟာမိတ်တစ်ဦးဖြစ်သူ မစ္စတာ Sok Kong ပိုင်ဆိုင်သော ဖ‌ေနာင်ပင်မြို့လယ်ရှိ အိမ်ကြီး၏ ကျယ်ပြောလှသော ခြံတံခါးပေါက်များရှေ့တွင် လူများ ရာနှင့်ချီ၍ စုဝေးရောက်ရှိလာကြသည်ကို ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သောဓါတ်ပုံများတွင် တွေ့ရသည်။

“ဒီမနက်မှာ သူဌေးကြီး Sok Kong က လက်ဆောင်တွေ ပေးဝေခဲ့ပါတယ်။ လက်ဆောင်ရဖို့ မျှော်လင့်ချက်နဲ့ သူ့အိမ်ကို လာတဲ့သူတွေ အများကြီးပါ” ဟု ဖနောင်ပင်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Sam Vicheka က အေအက်ဖ်ပီကို ပြောဆိုခဲ့သည်။

“လက်ဆောင်ရဖို့ တိုးကြဝှေ့ကြရင်းနဲ့ ကျန်းမာရေးပြဿနာရှိတဲ့ သက်ကြီးပိုင်းတချို့ လဲကျခဲ့ပြီး လက်ရှိအထိ အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး လေးဦးသေဆုံးပါတယ်” ဟု သူက ပြောဆိုခဲ့ပြီး နောက်ထပ် ဒဏ်ရာရသူငါးဦး ဆေးရုံတင်ထားရသည်ဟုလည်း ဆိုခဲ့သည်။

ကမ္ဘောဒီးယားရှိ ချမ်းသာသော မိသားစုများက နှစ်သစ်ကူးကာလတွင် ပေးလေ့ရှိသော ဟုန်ပေါင်းတစ်ခုစီတွင် ငွေကြေးမည်မျှပါဝင်သည်ကို အသေအခြာ မသိရပေ။

ဓါတ်ဆီဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ထူထောင်ခဲ့သော မစ္စတာ Sok Kong သည် ကမ္ဘောဒီးယားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များထဲမှတစ်ဦးဖြစ်သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်

နေပြည်တော်၊ ဩဂုတ် ၆ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ခေါ်ယူလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားသည်။ အဆိုပါ ဓာတ်ခွဲခန်းများသည် ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန် သီးနှံများနှင့် ပြည်တွင်း/ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများကို စမ်းသပ်စစ်ဆေး၍ စစ်ဆေးချက် အစီရင်ခံစာ (Test Report) များ ထုတ်ပေးလျက်ရှိသည်။ ယခုအခါ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (ISO/IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် စစ်ဆေးရေးတွင် ပိုမိုအထောက်အကူပြုစေရေးနှင့် စီးပွားဖြစ်...

ဝါလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ရန်ပုံငွေချေးငွေ လျှောက်ထားနိုင်

နေပြည်တော်၊ဩဂုတ်-၆ ပြည်တွင်းရှိ ဝါလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ရန်ပုံငွေမှ ချေးငွေများ လျှောက်ထားနိုင်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အသိပေးထားသည်။ အဆိုပါချေးငွေများကို ဝါစေ့ဆီထုတ်လုပ်ရေးစက်များ၊ ချည်မျှင်ထုတ်လုပ်ရေးစက်များ တည်ထောင်ခြင်းနှင့် လက်ရှိလုပ်ငန်းများ တိုးချဲ့တပ်ဆင်ခြင်းတို့အတွက် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ချေးငွေအဆိုပြုလွှာများကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ MSME အေဂျင်စီရုံးများသို့ ပေးပို့လျှောက်ထားနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (ရုံးချုပ်)၊ ရုံးအမှတ် (၃၇)၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်(Official Visit)အဖြစ် ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက နေ ပြည်တော်လေဆိပ်မှတစ်ဆင့် အထူးလေယာဥ်ဖြင့်ထွက်ခွာသွားခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အဆင့်မြင့်ချစ် ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ တာ ဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲပြုလုပ်ခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071