Sunday, May 3, 2026

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း...

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M...

ဟနွိုင်တွင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တာကာအိချီ တွေ့မည်

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကအိချီသည် စနေနေ့ (မေလ ၂) တွင် ဟနွိုင်မြို့၌ ဗီယက်နမ်ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး သူသည် လွတ်လပ်ပြီး ပွင့်လင်းသော...
HomeNewsFootballပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင်...

ပြိုင်ဘက် ထိုင်းအသင်းကို ရဲရဲရင့်ရင့်ယှဉ်ပြိုင် ကစားသွားမည်ဟု မြန်မာအသင်း နည်းပြပြော

ပြိုင်ဘက် BG Pathum United (ထိုင်း) အသင်း၏ နိုင်ငံခြားသား ကစားသမားများနှင့် အရေးကြီး ကစားသမားများ၏အကြောင်း သေချာလေ့လာထားပြီး ရဲရဲရင့်ရင့် ကစားသွားမည်ဟု ရှမ်းယူနိုက်တက် နည်းပြဖြစ်သူ ဟီရိုကီ အိုနိုက ပြောသည်။

ယနေ့ ဇန်နဝါရီ (၂၁)ရက် က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ပြုလုပ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် BG Pathum United (ထိုင်း) အသင်းတို့၏ Asean Club Championship Shopee Cup 2024 – 25 ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

“အသင်း နှစ်သင်းကြားက ကွာခြားမှုတွေကို သိပါတယ်။ ဒါပေမဲ့ ကလပ်အသင်း ရပ်တည်မှုအတွက် အကောင်းဆုံး ကစားသွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ BG အသင်းရဲ့ နိုင်ငံခြားသား ကစားသမားတွေ၊ အရေးကြီး ကစားသမားတွေအကြောင်း သေချာ လေ့လာထားပြီး ပြင်ဆင်ထားတယ်။ ရဲရဲရင့်ရင့် ကစားမယ်။ တတ်နိုင်သလောက် ကြိုးစားမယ်။ အမှတ်ရဖို့ ပစ်မှတ်ထားနေပါတယ်။”ဟု ဆိုသည်။

BG Pathum United (ထိုင်း)၏ နည်းပြဖြစ်သူ Supachai Komsilp ကလည်း ” ရှမ်းယူနိုက်တက်အသင်းကို လေးစားမှု အပြည့်ရှိပါတယ်။ အဓိက ကစားသမား အားလုံး ခေါ်လာပါတယ်။ ရှမ်းယူနိုက်တက် အသင်းမှာ နိုင်လိုစိတ်ပြင်းထန်တဲ့ ကစားသမားတွေ ရှိတာတွေ့ရတယ်။ သူတို့ အသင်းရဲ့ PSM ပွဲရယ်၊ တီရန်ဂါနူး ပွဲရယ်ကို Analysis လုပ်ပြီး လေ့ကျင့်ထားတယ်။”ဟု ဆိုသည်။

မနက်ဖြန် ဇန်နဝါရီ(၂၂)ရက် ၊ ညနေ (၆) နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း အဆိုပါ အသင်း (၂) သင်း ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ACC အုပ်စုအဆင့် ပွဲစဉ် (၃) ပွဲစီ ကစားပြီးချိန်၌ ရှမ်းယူနိုက်တက်အသင်းသည် ရမှတ် (ဝ) မှတ်ဖြင့် အဆင့် (၆)၊ BG Pathum က ရမှတ် (၅) မှတ် ဖြင့် အဆင့် (၃)၌ အသီးသီး ရပ်တည်နေကြသည့်အသင်းများဖြစါသည်။

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (A)အတွင်း ကျရောက်နေပြီး၊ ထိုင်းကလပ် BG Pathum United အသင်း ၊ မလေးရှားကလပ် Terengganu အသင်း၊ အင်ဒိုနီးရှားကလပ် PSM မာကာဆာ အသင်း၊ ဗီယက်နမ်ကလပ် Dong A Thanh Hoa အသင်း ၊ ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းတို့နှင့် ယှဉ်ပြိုင်နေရခြင်းဖြစ်သည်။

ယခု ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီ (၈) ရက်တွင် မလေးရှားကလပ် Terengganu အသင်းကို အိမ်ကွင်း၌ လည်းကောင်း ၊ ဇန်နဝါရီ (၂၂) ရက်တွင် ထိုင်းကလပ် BG Pathum United အသင်းကို အိမ်ကွင်း၌လည်း ကောင်း၊ ဖေဖော်ဝါရီ (၅) ရက်တွင် ကမ္ဘောဒီးယားကလပ် Svay Rieng အသင်းကို အဝေးကွင်း၌ လည်းကောင်း အသီးသီးသွားရောက်ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်သည်ဟု ထရန့်ပြောပြန်

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ ပြန်လည်စတင်နိုင်ခြေ ရှိနေသေးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့တွင် ပြောကြားခဲ့သည်။ အီရန်အဆင့်မြင့်အရာရှိတစ်ဦးက စနေနေ့တွင် ပြောကြားရာ၌ ယခုအချိန်အထိ ထရန့်ဘက်က ငြင်းပယ်ထားသည့် အီရန်၏ အဆိုပြုချက်သည် ဟော်မုဇ် ရေလက်ကြားအတွင်း သင်္ဘောသွားလာမှုများကို ဖွင့်ပေးမည်ဖြစ်ပြီး အမေရိကန်၏ အီရန်အပေါ် ရေလမ်းပိတ်ဆို့မှုကို အဆုံးသတ်စေမည်ဖြစ်ကြောင်း၊ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ...

ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များဆက်ကပ်လှူဒါန်း

သန်လျင်မင်းကျောင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်ကြီးများအား ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်းစာအုပ်များကို ယနေ့ မေ ၃ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီး၌ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပိဋကသုံးပုံအဌကထာ ကွန်ပျူတာစာမူကျမ်း စာအုပ်များဆက်ကပ်လှူဒါန်းရခြင်းနှင့် သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးများထံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပါကစ္စတန်ကိုတရုတ်လုပ်တို-က်ခိုက်ရေးရေငုပ်သင်္ဘောပေးအပ်

ပေကျင်းနှင့် အစ္စလာမ်မာဘတ်တို့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာချိန်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော Hangor အမျိုးအစား တို-က်ခိုက်ရေးရေငုပ်သင်္ဘော တပ်မဟာ၏ ပထမဆုံးသင်္ဘောကို ပါကစ္စတန်ရေတပ်က လက်ခံရရှိခဲ့သည်။ PNS/M Hangor အမည်ရှိ အဆင့်မြင့်ရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကြာသပတေးနေ့က ဟိုင်နန်ကျွန်းပေါ်ရှိ တရုတ်မြို့ ဆန်ယာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီနှင့် ရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာဗစ် အက်ရှ်ရက်ဖ်တို့သည် ပါကစ္စတန်နှင့် တရုတ်ရေတပ်နှစ်ခုလုံးမှ အကြီးတန်းအရာရှိများနှင့်အတူ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော ဇာဒါရီက ရေငုပ်သင်္ဘောကို တပ်‌တော်ဝင်ခြင်းသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071