Thursday, May 14, 2026

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ်...

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ်...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ...

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...
HomeInternationalလူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

လူကုန်ကူးခံရသောတရုတ်သရုပ်ဆောင်ထိုင်းသို့ထပ်လာဦးမည်ဟုကတိပြု

မြန်မာနိုင်ငံဘက်သို့ လူကုန်ကူးခံရခြင်းမှ ယခုသီတင်းပတ်တွင် ပြန်ကယ်တင်ပေးခဲ့ရသည့် တရုတ်လူမျိုး သရုပ်ဆောင်က သူ့အနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ခြင်းမရှိကြောင်းနှင့် ထိုင်းနိုင်ငံသို့ ထပ်မံလာရောက်ဦးမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ပြောကြားသွားသည်ဟု အကြီးတန်းရဲအရာရှိတစ်ဦးက ပြောဆိုသည်။

လေးရက်ကြာ ဒုက္ခကြုံခဲ့ရသော ရှင်းရှင်းဟုလည်း သိကြသည့် ဝမ်ရှင်းသည် စိတ်ပိုင်းဆိုင်ရာ၌ ပုံမှန်အခြေအနေတွင်ရှိနေသည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ရဲချုပ် ရဲဗိုလ်ချုပ်ကြီး သက်ချိုင်း ဖိတာနီးလာဘတ်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

“ရှင်းရှင်းက အိမ်ပြန်ချင်ပါတယ်၊ သူ့အနေနဲ့ အထူးတလည်တောင်းဆိုတာမျိုးတော့ မရှိပါဘူး၊ ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ သူ စိုးရိမ်မှုမရှိပါဘူး၊ နောက်တစ်ကြိမ် ထပ်လာဦးမယ်လို့ ပြောသွားပါတယ်” ဟု ရဲဗိုလ်ချုပ်ကြီး သက်ချိုင်းက ပြောကြားခဲ့သည်။

အင်္ဂါနေ့က တာ့ခ်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသည့် ရှင်းရှင်းကို စစ်ဆေးမေးမြန်းမှုများလုပ်ခဲ့ပြီးနောက် သူသည် လူကုန်ကူးခံရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့ကာ စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်ခဲ့သည်။ လက်ရှိအထိ စုစည်းရရှိထားမှုများအရ ဖြစ်စဉ်တွင် ထိုင်းလူမျိုးများ ပါဝင်ပတ်သက်ခြင်းမရှိဟု သူက ပြောဆိုခဲ့သည်။

ဖုန်းမှတ်တမ်းအချက်အလက်များအရ သူသည် အိမ်နီးချင်း(မြန်မာ)နိုင်ငံတွင် သရုပ်ဆောင်အလုပ်တစ်ခုအတွက် ဖိတ်ခေါ်ခံခဲ့ခြင်းဖြစ်သော်လည်း နယ်စပ်ကိုဖြတ်၍ ရောက်ရှိသွားချိန်တွင် သရုပ်ဆောင် အလုပ် မဟုတ်သော အခြားအလုပ်တစ်ခုအတွက် ခိုင်းစေခံခဲ့ရသည်ဟု ရဲဗိုလ်ချုပ်ကြီး သက်ချိုင်းက ပြောဆိုခဲ့သည်။

သရုပ်ဆောင်ရှင်းရှင်းထံမှ ရရှိသော သတင်းအချက်အလက်များအရ နောက်ထပ် လူကုန်ကူးခံရသူများစွာရှိနေသည်ဟု ထိုင်းရဲက ယုံကြည်ထားသည်ဟု သူက ပြောဆိုခဲ့သည်။

သူ့ကို ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည့် နယ်မြေ ဖြစ်သော မြဝတီမြို့ရှိ တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထိုင်းရဲက ယုံကြည်ထားကြောင်းလည်း သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် BRICS အဖွဲ့၏ အခန်းကဏ္ဍအပေါ် မျှော်လင့်ချက် မြင့်တက်နေဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပြော

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးသည် ကမ္ဘာ့အစီအစဉ်၏ အဓိကအခြေခံဖြစ်နေဆဲဖြစ်ပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများက ဆွေးနွေးညှိနှိုင်းမှုနှင့် သံတမန်ရေး၏ အရေးပါမှုကို ပိုမိုထင်ရှားစေကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျေးရှန်ကာက မေ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို အီရန်နှင့် ယူအေအီးတို့အကြား တင်းမာမှုများ ရှိနေသည့် BRICS အဖွဲ့၏ နှစ်ရက်ကြာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နူးဒေလီမြို့၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက ကမ္ဘာ့အစီအစဉ်ရဲ့ အဓိကအချက်အချာ ဖြစ်နေဆဲပါ။ မကြာသေးခင်က ပဋိပက္ခတွေဟာ ဆွေးနွေးညှိနှိုင်းမှုနဲ့ သံတမန်ရေးရဲ့ အရေးပါမှုကို မီးမောင်းထိုးပြနေပါတယ်”...

အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်မုန်တိုင်းကြောင့် လူ ၉၀ နီးပါး ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ၏ လူဦးရေအများဆုံးပြည်နယ်ဖြစ်သည့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် ပြင်းထန်သော မုန်တိုင်း၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးသီးကြွေကျမှုများ ဖြစ်ပွားခဲ့ရာ လူ ၉၀ နီးပါး ‌ေ-သဆုံးခဲ့ကြောင်း ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် ကယ်ဆယ်ရေးဌာနက မေ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ မေ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် ဆိုးရွားသော ရာသီဥတုအခြေအနေများကြောင့် လူ ၈၉ ဦး ‌ေ-သဆုံးခဲ့ကြောင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ် ကယ်ဆယ်ရေးကော်မရှင်နာက လူမှုကွန်ရက် X တွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် မုန်တိုင်း၊ မိုးရွာသွန်းမှု၊ မိုးသီးကြွေကျမှုနှင့် မိုးကြိုးပစ်ခတ်မှုများကြောင့် လူ ၅၃...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071