Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeInternationalမလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး...

မလေးရှားဝန်ကြီးချုပ်နှင့် သက်ဆင် မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နှင့် ဇိမ်ခံရွက်လှေတစ်စီးပေါ်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံမှုအားကောင်း ခိုင်မာရေး၊ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းမှုပြန်လည်ရရှိရေးအပါအဝင် ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

သက်ဆင်ကို မစ္စတာအန်ဝါ၏ အာဆီယံရေးရာ အကြံပေးအဖြစ် ခန့်အပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

သောကြာနေ့က Thai Rath သတင်းစာ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးဝန်ကြီးဟောင်း Thamanat Prompow နှင့်အတူ ဗုဒ္ဓဟူးနေ့က ဖူးခက်မှ Satun ပြည်နယ် Koh Lipe သို့ သူ ရွက်လှေစီးခဲ့သည်ဟု သက်ဆင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

နောက်နေ့မနက်ပိုင်းတွင် သူသည် ကျွန်းပေါ်ရှိ Bulow Casa Grand View Resort တွင် ထာမာနတ်နှင့် မနက်စာအတူစားခဲ့သည်။ ထို့နောက် သက်ဆင်သည် ရွက်လှေစီးကာ ထိုင်း-မလေးရှားရေကြောင်းနယ်နိမိတ်အနီး ပင်လယ်ပြင်တွင် မစ္စတာအန်ဝါနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။

အစည်းအဝေးတွင် ထိုင်းတောင်ပိုင်းအခြေအနေ၊ ထိုင်းနိုင်ငံ စီးပွားရေး၊ မြန်မာနိုင်ငံအကျပ်အတည်း၊ အာဆီယံနှင့် ကမ္ဘာ့ရေးရာများအပေါ် ဆွေးနွေးခဲ့ကြသည်ဟု သက်ဆင်က ပြောဆိုခဲ့သည်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ စည်းလုံးညီညွတ်ပြီး ပိုမိုခိုင်မာသော အသိုက်အဝန်းတစ်ခုဖြစ်လာရန် လိုအပ်ကြောင်းကို သူ အလေးအနက်ပြောကြားခဲ့သည်ဟု ဆိုခဲ့သည်။

“လူဦးရေ သန်း ၇၀၀ ကျော်ရှိတဲ့ ဒီဒေသဟာ အရေးပါတဲ့ အင်အားစုတစ်ခုဖြစ်လာဖို့ အတူတကွလက်တွဲလုပ်ဆောင်ရပါမယ်” ဟု သူက ပြောဆိုသည်။

မစ္စတာအန်ဝါကလည်း သူ၏ ချစ်မိတ်ဆွေ သက်ဆင်နှင့် တွေ့ဆုံခဲ့ကာ ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးးနှင့် မြန်မာအကျပ်အတည်း အပါအဝင် နှစ်နိုင်ငံနှင့် ဒေသတွင်းအရေးများကို ဆွေးနွေးခဲ့သည်ဟု X တွင် ပို့စ်တင် ပြောဆိုခဲ့သည်။

မလေးရှား၏ အာဆီယံဥက္ကဌ၏ အလွတ်သဘော အကြံပေးအဖြစ် သူ့၏ စွမ်းဆောင်ရည်အပါအဝင် ကျယ်ကျယ်ပြန့်ပြန့်နှင့် အကျိုးများသော ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံခဲ့ရမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း၊ ချစ်ခင်‌သောမိတ်ဆွေ ဒေါက်တာ သက်ဆင်ရှင်နာဝပ်ထရာနှင့် တွေ့ဆုံရခြင်းကို ဝမ်းသာကြောင်း သူက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071