Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeInternationalအစိုးရသစ် ပထမဆုံးနေ့မှာပင် WHOမှနုတ်ထွက်ဖို့...

အစိုးရသစ် ပထမဆုံးနေ့မှာပင် WHOမှနုတ်ထွက်ဖို့ ကန် ပြင်ဆင်ထား

ဒေါ်နယ်ထရမ့်ပ်၏ အသွင်ကူးပြောင်းရေးအဖွဲ့သည် အစိုးရအဖွဲ့သစ် ပထမဆုံးနေ့မှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကနုတ်ထွက်ရေးကို တွန်းအားပေးနေသည်ဟု ပညာရှင်များက ပြောဆိုပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိလာမည့် ကပ်ဆိုးအတွက် သတိပေးခဲ့သည်။

ရွေးကောက်ခံသမ္မတ၏ ဇန်နဝါရီ ၂၀ ရက် ကျမ်းကျိန်ဆိုသည့်နေ့မှာပင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ နုတ်ထွက်ကြောင်း ကြေညာရန် ရည်ရွယ်ထားသည်ဟု ထရမ့်ပ်အဖွဲ့ဝင်များက ပညာရှင်များကို ပြောကြားခဲ့သည်။ ယင်းနုတ်ထွက်မှုသည် WHO ၏ အကြီးဆုံး ရန်ပုံငွေအရင်းအမြစ်ကို ဖယ်ရှားပစ်မည်ဖြစ်ကာ ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့သော ပြည်သူ့ကျန်းမာရေးအကျပ်အတည်းများအပေါ် တုန့်ပြန်နိုင်စွမ်းကို ထိခိုက်စေမည်ဖြစ်သည်။

“အမေရိကဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးရဲ့ ဘဏ္ဍာရေးပိုင်းနဲ့ ခေါင်းဆောင်မှုပိုင်းမှာ လစ်ဟာမှုကြီးဖြစ်စေတော့မှာဖြစ်ပြီး ဒီဟာကွက်ကို ဖြည့်ပေးမယ့်သူ တစ်ယောက်မှ မတွေ့မိပါဘူး” ဟု Gorgetown Law မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပါမောက္ခ လောရင့် ဂေါ့စ်တင်က ပြောကြားခဲ့ပြီး ပထမဆုံးရက်မှာပင် နုတ်ထွက်မည့်အစီအစဉ်သည် ကမ္ဘာ့ကျန်းမာရေးအတွက် ကပ်ဆိုးကြီးဖြစ်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။

လာမည့်အစိုးရအဖွဲ့သစ်တွင် ကျန်းမာရေးဆိုင်ရာ ထိပ်ပိုင်းရာထူးများအတွက် ကာကွယ်ဆေးကို အယုံအကြည်နည်းသူဖြစ်သည့် ရောဘတ် အက်ဖ် ကင်နဒီကဲ့သို့ မဟာမိတ်များစွာကို ထရမ့်ပ်က အမည်စာရင်းလျာထားခဲ့ပြီးနောက် WHO နှင့် အမေရိက၏ ဆက်ဆံရေးတွင် ပွတ်တိုက်မှုဖြစ်စေသည်။ သို့သော်လည်း ထရမ့်ပ်သည် သူ့အဖွဲ့ဝင်အချို့ကဲ့သို့ ချက်ချင်းနုတ်ထွက်ရေးကို ဦးစားပေးအဖြစ် သတ်မှတ်မည်လားဆိုသည်အတွက်ကိုမူ သူ့အနေဖြင့် သေချာပေါက် မပြောနိုင်ဟု ဂေါ့စ်တင်က ပြောကြားခဲ့သည်။

Ref: အက်ဖ်တီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ သံရုံးသို့ စာရွက်စာ တမ်းအထောက်အထားဆိုင်ရာများလာရောက်ပြုလုပ်နေကြသည့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နှုတ်ဆက်အားပေးစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပြီး လုပ်ငန်းများဆောင်ရွက်နေကြခြင်းဖြစ်၍ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက မည်သည့်အခက်အခဲပင်ဖြစ်စေ သံရုံး၊ စစ်သံရုံးများသို့ အချိန်မရွေးအကူအညီတောင်းခံကြရန်၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်း ကမ်းများနှင့်အညီဖြစ်စေရေးအတွက် စနစ်တကျနေ ထိုင်လုပ်ကိုင်ကြရန် ပြောကြားသည်။ " မြန်မာနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံသားတွေရဲ့ အခွင့်အ ရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေဖို့...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မြန်မာသံရုံး၊ စစ်သံရုံးတို့မှဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအားတွေ့ဆုံစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံအချင်းချင်းဆက်ဆံရာမှာ သံတမန်ဆက်ဆံရေးက များစွာအရေးပါတယ်။ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဟာခွဲခြားမရနိုင်သည့် အိမ်နီးချင်း၊ မိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်နိုင်ငံပြည်သူတွေကြား၊ တပ်မတော်နှစ်ရပ်ကြားတွေမှာ ခိုင်မာတဲ့ချစ်ကြည်ရေးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေရှိခဲ့တယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ နိုင်ငံတော်တွင် လက်နက်ကိုင်အကြမ်းဖက်မှုများကြုံ...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ ဆွေးနွေးပြောဆို

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ်(Official Visit)ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်အားကြည့်ရှုလေ့လာစဥ် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌမှ ဆွေးနွေးပြောဆိုခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘ ဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွလက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ကိုယုံကြည်ကာ လွှတ်တော်နှစ်ရပ်ကြားပူးပေါင်းဆောင် ရွက်မှုများနှင့် ဆက်ဆံမှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဆွေးနွေးပြောဆိုသည်။ ထို့အတူ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071