Monday, June 15, 2026

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...
HomeInternationalကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်...

ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက် ဂျပန် ချက်လုပ်မည်

ဂျပန်ဆာကေး ယမကာချက်လုပ်သော ကုမ္ပဏီတစ်ခုသည် ကမ္ဘာ့ပထမဆုံး အာကာသဆာကေး အရက်ချက်ရန် ကြိုးပမ်းမည်ဖြစ်ပြီး တစ် ပုလင်း သာ ထုတ်လုပ်ကာ ယင်းကို ရောင်းချ၍ရရှိသည့် ယန်း သန်း ၁၀၀(ဒေါ်လာ ၆၄၀၀၀၀) ကို ပြည်တွင်းအာကာသ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီများသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယာမာဂူချီ စီရင်စုတွင် တည်ရှိသည့် အဆာဟိ ရှူဇိုကုမ္ပဏီက နိုင်ငံတကာ အာကာသစခန်းတွင် ဆာကေး အရက် ချက်ရာ၌ အသုံးပြုသည့် ဆန်နှင့် အခြားကုန်ကြမ်းများကို ကဇော်ဖောက်ရန် စီစဉ်နေသည်ဟု မကြာခင်က ပြောဆိုခဲ့သည်။ ယင်း ပါဝင်ပစ္စည်းများကို ၂၀၂၅ ခုနှစ်အနှောင်းပိုင်းတွင် ကမ္ဘာ့ပတ်လမ်းသို့ ပို့လွှတ်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

အဆာဟိ ရှူဇို၏ အဆိုအရ ၂၀၄၀ ပြည့်နှစ်တွင် လူသားများ လပေါ် စတင်နေထိုင်လာပါက အရက်လိုအပ်ချက်ရှိလာနိုင်သည်ဆိုသော တွေးဆချက်အရ ဆာကေးဖန်တီးရန် စိတ်ကူးရခဲ့ခြင်းဟု ဆိုခဲ့သည်။

Dassai ဆာကေးအမှတ်တံဆိပ်ဖြင့် လူသိများသော အဖျော်ယမကာကုမ္ပဏီကို အကာသတွင် ဆာကေးပြုလုပ်ရန်နှင့် ပတ်သက်၍ ၂၀၂၂ ခုနှစ်တွင် မစ်ဆူဘီရှီ အကြီးစားစက်မှုလုပ်ငန်းက ညှိနှိုင်းဆွေးနွေးမှုလုပ်ခဲ့သည်။ ယင်းအချိန်မှစကာ ကုမ္ပဏီသည် မစ်ဆူဘီရှီ၊ Aichi Center တို့နှင့် စက်မှုလုပ်ငန်းပိုင်း၊ သိပ္ပံနည်းပညာပိုင်းတို့တွင် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်သည်။

၎င်းတို့သည် နိုင်ငံတကာအကာသစခန်းအတွက် ဂျပန်နိုင်ငံက ထုတ်လုပ်ထားသည့် Kibo စမ်းသပ် module ဆီသို့ ပို့ဆောင်သွားမည့် အရက်ချက်စက်ကိရိယာတစ်ခုကို ထုတ်လုပ်လျက်ရှိသည်ဟု ဆိုခဲ့သည်။

Ref: ကျိုဒိုနူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်ဝန်ထမ်း(၆)ဦးကို ချီးမြှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေး

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား ယနေ့ ဇွန် ၁၅ ရက်ကချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌက လျှပ်စစ်ဝန်ထမ်း(၆)ဦးအား ပြည်ထောင်စုဝန် ကြီးကချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုပေး အပ်ချီးမြှင့်ခဲ့သည်။ မြောင်းတကာစက်မှုဇုန်၊ မြေကွက်အမှတ်(၅၂/၅၃)ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်း၌ အသုံး ပြုနေသောမီတာအားဖွင့်လှစ်၍ အတွင်း၌ပြုပြင်ပြီး တရားမဝင်ဓာတ်အားရယူသုံးစွဲမှုကြောင့် နိုင်ငံတော်မှ လျှပ်စစ်ဓာတ်အားယူနစ်(၅,၀၆၈,၈၀၀)ဆုံးရှုံးခဲ့ရကာ ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေးငွေကျပ်(၄ ဒသမ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071