လက်ရှိ ကျင်းပပြုလုပ်နေသည့် အာဆီယံမစ်ဆူဘီရှီဖလားပြိုင်ပွဲ အုပ်စု(အေ)တွင် ထိုင်းလက်ရွေးစင်အသင်းအနေဖြင့် အုပ်စုဗိုလ်အဆင့် တက်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသ ည်။
အုပ်စုတွင်း တတိယနေရာတွင် ရမှတ် (၄)မှတ်ဖြင့် ရပ်တည်နေသည့် မလေးရှားအသင်းကို ရမှတ်(၆)မှတ် ရပ်တည်နေသည့် ထိုင်းအသင်းက အနိုင်ရရှိထားခြင်းဖြစ်သည်။
ရမှတ်(၆)မှတ်ဖြင့် ဒုတိယနေရာတွင်ရပ်တည်နေသည့် စင်ကာပူအသင်းနှင့် မလေးရှားအသင်းတို့မှာ အုပ်စုတွင်း ဒုတိယနေရာတွင်ရပ်တည်ရန် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။
လက်ရှိတွင် ထိုင်းအသင်းက (၆)မှတ်ဖြင့် ထိပ်ဆုံးတွင်ရပ်တည်နေပြီး၊ စင်ကာပူ(၆)မှန်ဖြင့် ဒုတိယ၊မလေးရှား(၄)မှန်ဖြင့်တတိယ၊ ကမ္ဘောဒီးယား(၁)ဖြင့် စတုတ္ထနေရာနှင့် အရှေ့တီမော အနေဖြင့် ရမှတ်မရှိသေးကာ ပဉ္စမနေရာတွင် အသီးသီးရပ်တည်နေကြခြင်းဖြစ်သည်။
အလားတူ အုပ်စု(ဘီ)တွင် အင်ဒိုနီးရှားအသင်းက ရမှတ် (၄) မှတ်ဖြင့် အုပ်စုတွင်းထိပ်ဆုံးနေရာတွင် ရပ်တည်နေပြီး၊ ဗီယက်နမ်က ရမှတ်(၃)မှတ်ဖြင့် ဒုတိယ၊ ဖိလစ်ပိုင်ကရမှတ် (၁)မှ တ်ဖြင့် တတိယ၊ မြန်မာရမှတ်(၁)မှတ်ဖြင့် စတုတ္ထနေရာနှင့် လာအိုအသင်းက ရမှတ်(၁)မှတ်ဖြင့် ပဉ္စမနေရာတွင် အသီးသီးရပ်တည်နေကြသည်။
