Friday, August 7, 2026

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉...

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ...

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌...

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ...

သြဂုတ် ၁၂ ရက်မှ ၁၇...

ရန်ကုန်၊ သြဂုတ် ၇ ရန်ကုန်မြစ်အတွင်း လာမည့် သြဂုတ် ၁၂ ရက်မှ ၁၇ ရက်အတွင်း သာမန်ထက် ထူးကဲဒီရေများ တက်လာနိုင်သဖြင့် မြစ်ကမ်းနားဒေသများ၌...
HomeInternationalသီရိလင်္ကာနှင့်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့သွားခဲ့

သီရိလင်္ကာနှင့်ဆက်ဆံရေးမြှင့်တင်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့သွားခဲ့

ကိုလံဘို၊နိုဝင်ဘာ ၂၆

တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနမှ ဒုတိယအကြီးအကဲ မစ္စတာ Sun Haiyan ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံသို့ နိုဝင်ဘာ ၂၃ ရက်မှ ၂၆ ရက်နေ့အထိ သွားရောက်ခဲ့ကြောင်းသိရသည်။

အဆိုပါခရီးစဉ်အတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာသမ္မတနှင့်ဝန်ကြီးချုပ်တို့အပြင် အာဏာရပါတီနှင့်အတိုက်အခံပါတီများ၏ အဓိကခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံခဲ့သည်ဟုလည်းသိရသည်။

တွေ့ဆုံမှုတွင် ကိုယ်စားလှယ်အဖွဲ့က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏ တတိယအကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေး၏သဘောထားများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နှစ်ဖက်ဆက်ဆံရေး ကိုမြှင့်တင်ရန်အလေးပေးပြောကြားခဲ့ကြသည်။

သီရိလင်္ကာဘက်ကလည်း တရုတ်နိုင်ငံနှင့်ချစ်ကြည်ရင်းနှီးမှုမူဝါဒအတိုင်း နှစ်ဖက်ဆက်ဆံရေးကိုအရှိန်မြှင့်ဆောင်ရွက်ကာ နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လျက် တရုတ် – သီရိလင်္ကာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန် ကတိပြုပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်အရာရှိဟန်ဆောင်သူများက ဟောင်ကောင်သူတစ်ဦးကို ဟောဒေါ်လာ ၆၉ သန်း နီးပါး လိမ်လည်

ဩဂုတ်လ ၇ ရက် တရုတ်ပြည်မကြီးမှ အရာရှိများအဖြစ် ဟန်ဆောင်ထားသော လိမ်လည်သူများ၏ တစ်လကြာ လှည့်ဖြားမှုကြောင့် ဟောင်ကောင်သူတစ်ဦးသည် ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်း) ဆုံးရှုံးခဲ့ရသည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသမီးထံသို့ တရုတ်ပြည်မကြီး တရားဥပဒေစိုးမိုးရေး အရာရှိများဟု လိမ်လည်သူများက ဖုန်းဆက်သွယ်ခဲ့ပြီး ၎င်း ကိုပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန်အတွက် ငွေကြေးတောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ပြစ်ဒဏ်စွပ်စွဲခံရသူ အမျိုးသမီးသည် ဇူလိုင်လ ၂ ရက် နေ့မှ ဩဂုတ်လ...

ဆစ်ဒ်နီလေဆိပ်၌ လေကြောင်းလိုင်းများ ကြန့်ကြာမှုနှင့် ဖျ-က်သိမ်းမှုများ ဖြစ်ပေါ်

ဆစ်ဒ်နီ၊ ဩဂုတ် ၇ ရက် လေကြောင်းဝန်ဆောင်မှု ဝန်ထမ်းအင်အား မလုံလောက်မှုကြောင့် သောကြာနေ့တွင် ဆစ်ဒ်နီလေဆိပ်၌ လေယာဉ်ခရီးစဉ် အမြောက်အမြား ကြန့်ကြာခဲ့ရပြီး အချို့သော ခရီးစဉ်များကို ဖျ-က်သိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ Qantas လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ ဆစ်ဒ်နီလေဆိပ်မှ ထွက်ခွာမည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်ခရီးစဉ် ၅၀ ကျော်မှာ မိနစ် ၉၀ အထိ ကြန့်ကြာခဲ့ရပြီး ပြည်တွင်းခရီးစဉ် ၄ ခုကို ဖျ-က်သိမ်းခဲ့ရကြောင်း သိရသည်။ Qantas အုပ်စုပိုင် လေယာဉ်ခ သက်သာသော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် ဂျက်စတား၌လည်း ခရီးစဉ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်ဆိုင်ရာ လုပ်ငန်းများ လာရောက်ဆောင်ရွက်သည့် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက်တွင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ်ဆိုင်ရာ လုပ်ငန်းများ လာရောက်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071