Friday, August 7, 2026

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...
HomeInternationalကန်ကာကွယ်ရေးဝန်ကြီးနှင့်တရုတ်ကာကွယ်ရေးဝန်ကြီး မဆွေးနွေးပါ

ကန်ကာကွယ်ရေးဝန်ကြီးနှင့်တရုတ်ကာကွယ်ရေးဝန်ကြီး မဆွေးနွေးပါ

လာအိုနိုင်ငံတွင်ကျင်းပ ပြုလုပ်နေသည့် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အောစတင်နှင့် တွေ့ဆုံဆွေးနွေးရေးအစီအစဉ်ကို တရုတ်ကာကွယ်ရေးဝန်ကြီးက လက်မခံငြင်းဆန်လိုက်ရာ ယင်းသို့ ငြင်းဆန်ခြင်းကို စိတ်မကောင်းစရာဖြစ်ရပ်အဖြစ် ပင်တဂွန်အကြီးအကဲက နိုဝင်ဘာ ၂၀ ရက်တွင် ပြောဆိုခဲ့သည်။

အာရှ နိုင်ငံပေါင်းစုံမှ လုံခြုံရေးအရာရှိများ၏ အစည်းအဝေးအတွင်း အမေရိကနှင့် တရုတ် ကာကွယ်ရေးခေါင်းဆောင်များအကြား ယခင်က တွေ့ဆုံဆွေးနွေးကြလေ့ရှိခဲ့သည်။ သို့ရာတွင် ယခုသီတင်းပတ်၏ အာဆီယံနှင့် အခြားဆွေးနွေးဖက်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးတွင်မူ မစ္စတာ အော်စတင်၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို တရုတ်ဘက်က ငြင်းပယ်ခဲ့သည်။

“ဒါက စိတ်မကောင်းစရာပါပဲ၊ ဒေသတွင်းမှာ အရေးပါတဲ့ အင်အားကြီးတဲ့ နှစ်နိုင်ငံအကြားမှာ တစ်ဖက်နဲ့တစ်ဖက် ပြောဆိုဆွေးနွေးကြတာကို အမှန်တကယ် မြင်တွေ့လိုကြတာကြောင့် ဒေသတွင်းအတွက် ထိခိုက်စေပါတယ်” ဟု မစ္စတာ အော်စတင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ယင်းသည် ၎င်းတို့၏ ရွေးချယ်မှုတစ်ခုသာဖြစ်ပြီး အနာဂတ်အတွက် သက်ရောက်မှုရှိမည် မထင်ကြောင်းနှင့် အခွင့်အလမ်းကောင်းကို အဘယ်ကြောင့် လက်လွှတ်ခဲ့သနည်းဆိုသည်မှာ ၎င်းတို့သာ ရှင်းပြနိုင်မည်ဖြစ်ကြောင်း မစ္စတာ အော်စတင်က ပြောကြားသွားသည်။

၂၀၂၄ ခုနှစ် အစောပိုင်းက စင်ကာပူနိုင်ငံတွင်ကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေးတွင်မှု မစ္စတာ အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun တို့ တွေ့ဆုံခဲ့ကြပြီး ထိုင်ဝမ်အရေး၊ အခြားအရေးများတွင် သဘောထားကွဲလွဲမှုများ ထပ်ရှိခဲ့ကြသော်လည်း စစ်တပ်အချင်းချင်း ဆက်သွယ်မှုလမ်း‌ေကြာင်းများကို ဆက်လက်ဖွင့်ထားရန်လိုအပ်ကြောင်းကိုမူ အလေးပေးပြောဆိုခဲ့ကြသည်။

ဆိုက်ဘာရာဇဝတ်မှုများမှသည် ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ်အရေးနှင့် ရုရှားနိုင်ငံအရေးဆိုင်ရာ ပဋိပက္ခများနှင့်ပတ်သက်၍ ရာထူးမှ ဆင်းပေးရတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့မှုအတွင်း နောက်တက်လာမည့် ဒေါ်နယ်ထရမ့်ပ်အစိုးရအဖွဲ့နှင့် လက်တွဲအလုပ်လုပ်သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၁၆ ရက်တွင် ကတိပြုခဲ့သည်။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071