Looking for something?

Explore the website

Looking for something?

Thursday, August 14, 2025

ပရိတ်သတ်အင်အားသည် ခွန်အားဖြစ်သည့်အတွက် အခမဲ့ကြည့်ခွင့်ပေးလာသည့် ရှမ်းယူနိုက်တက်

ပရိတ်သတ်အင်အားသည် အသင်းအတွက်ခွန်အားဖြစ်သည့်အတွက် အခမဲ့ကြည့်ခွင့်ကို ရှမ်းယူနိုက်တက်အသင်းက ပေးလာသည်။ ဩဂုတ်လ (၁၅)ရက် ၊ ညနေ (၆)နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ASEAN Club Championship...

ထိုင်း-ကမ္ဘောဒီးယားတင်းမာချိန်တရုတ်ကဒေသတွင်းသံတမန်များနှင့်တွေ့

အီစတန်ဘူလ်၊ ဩဂုတ် ၁၃ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသအငြင်းပွားမှုတင်းမာနေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသတွင်းထိပ်တန်းသံတမန်များ နှင့် ယူနန်တွေ့ဆုံဆွေးနေရန်စီစဉ်နေကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင်...

စတားလင့်ခ် ဂြိုလ်တုအင်တာနက် ကာဇက်စတန်တွင်တရားဝင်လွှင့်တင်ပြီ

စတားလင့်ခ် ဂြိုလ်တုအင်တာနက်ကို ကာဇက်စတန်တွင် ဗုဒ္ဓဟူးနေ့၌ တရားဝင်စတင်အသုံးပြုနိုင်ပြီဟု နိုင်ငံ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်မှုများနှင့်လေကြောင်း အာကာသလုပ်ငန်းဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုသည်...

တောမီးကြောင့်ဥရောပမဟာမိတ်များကိုစပိန်ကအကူအညီတောင်း

စပိန်သည် နိုင်ငံတစ်ဝန်းတောမီးလေ-ာင်ကျွမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်း၏ဥရောပမိတ်ဖက်များထံမှ အကူအညီကို ရယူနေကြောင်း ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရွန်ဒ် မာလာစကာ က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ အထူးသဖြင့်၊...
HomeNewsLocal Newsမူဆယ်မြို့ ဆင်ဖြူဂိတ် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်‌ဆောင်ခွင့်...

မူဆယ်မြို့ ဆင်ဖြူဂိတ် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းသယ်‌ဆောင်ခွင့် တရုတ်နိုင်ငံမှအထွက်ကိုသာ ပြန်လည်ခွင့်ပြုထားသည့်အတွက် အခက်ကြုံနေဆဲဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်အား နိုဝင်ဘာ (၁၉) ရက် နံနက်ပိုင်းမှစ၍ တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ဆောင်ခွင့် ပြန်လည်ခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံဘက်အခြမ်းမှ အထွက်ကိုသာ ခွင့်ပြုပြီး၊ မူဆယ်ဘက်မှအဝင်ကို ခွင့်မပြုခြင်းကြောင့် ဒေသခံကုန်သည်များအကြား အခက်ကြုံနေရကြောင်း သိရသည်။

” တရုတ်ဘက်ကနေ ဒီဘက်ကို လာမယ့်ကုန်ကားပေါင်း ငါးရာကျော်လောက်ရှိတယ်။ အခုတစ်ပိုင်တနိုင်ပြန်သွင်း လို့ရတယ်ဆိုတာကလည်း အထွက်ပဲ ခွင့်ပြုတာ အဝင်ကိုခွင့်မပြုတော့ ပစ္စည်းကဲ့ထုတ်ဖို့က အဆင်မပြေပြန်ဘူး။ (၁၉) ရက်က ပြန်ခွင့်ပြုတယ်ဆိုပေမယ့် တစ်ဦးစ နှစ်ဦးစလောက်ပဲ လုပ်ကြတာ။ အခြေအနေစောင့်ကြည့်နေကြတာ။ ဒီနေ့တော့ ဘယ်လိုလာမလည်း စောင့်ကြည့်ရမှာပဲ”ဟု ဒေသခံ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် တရုတ်ဘက်ခြမ်းမှ တစ်ပိုင်တနိုင် ကုန်စည်သယ်ဆောင်ခွင့်အတွက် ဆင်ဖြူဂိတ်တစ်ခုသာ ဖွင့်လှစ်ပေးထားပြီး ကုန်ကားကြီးများဖြင့် တင်သွင်းသည့် မန်ဝိန်းဂိတ်ကို ဆက်လက်ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်ခြမ်းမှ အသီးအနှံနှင့် ကုန်စိမ်းတင်သွင်းကြသည့် အချို့သော ကုန်သည်များမှာ အခြေအနေကိုစောင့်ကြည့်နေကြပြီး၊ လက်ရှိတွင် ၎င်းတို့၏ ကုန်စိမ်းနှင့်အသီးအနှံများကို အအေးခန်းဂိုဒေါင်များတွင် နေ့တွက်ခပေး၍ သိုလှောင်ထားရှိကြရကြောင်း ဆိုသည်။

” အဝင်မပေးတော့ အဆင်မပြေဘူး။ ကိုယ့်ပစ္စည်း မဆုံးရှုံးအောင်လို့တော့ အအေးခန်းတွေမှာ ရက်နဲ့တွက်ပြီး ထားရတာပေါ့။ စရိတ်တွေ အရမ်းကြီးတယ်။ အခု မန့်ဝိန်းဂိတ်အဖွင့်ကိုပဲ စောင့်နေရတာပေါ့” ဟု နောက်ထပ် မူဆယ်ဒေသခံ ကုန်သည်တစ်ဉီးက ပြောသည်။

ယခု နိုဝင်ဘာ (၁၁) ရက်၌ မူဆယ်မြို့ရှိ လူအဝင်အထွက်သီးသန့်လုပ်သည့် နန်းတော်ဂိတ်မှလွဲ၍ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တစ်ပြိုင်တည်းပိတ်လိုက်သည့်အပြင် ခရီးသည်တင်ယာဉ်အပါအဝင် ဆိုင်ကယ် ၊ သုံးဘီး၊ လက်တွန်း လှည်း စသည့်ယာဉ်များဖြင့် တစ်ပိုင်တစ်နိုင်ကုန်စည်သယ်ယူခွင့်များကိုပါ ပိတ်လိုက်သည့်အတွက် ဒေသတွင်း စက်သုံးဆီအပါ အဝင် လူသုံးကုန်နှင့်စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသည်အထိ ဂယက်ရိုက်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိတ်သတ်အင်အားသည် ခွန်အားဖြစ်သည့်အတွက် အခမဲ့ကြည့်ခွင့်ပေးလာသည့် ရှမ်းယူနိုက်တက်

ပရိတ်သတ်အင်အားသည် အသင်းအတွက်ခွန်အားဖြစ်သည့်အတွက် အခမဲ့ကြည့်ခွင့်ကို ရှမ်းယူနိုက်တက်အသင်းက ပေးလာသည်။ ဩဂုတ်လ (၁၅)ရက် ၊ ညနေ (၆)နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ASEAN Club Championship ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra FC အသင်းတို့ ဒုတိယအကျော့ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ် သည်။ "ပရိသတ်များရဲ့အင်အားဟာ ကစားသမားတွေအတွက် ခွန်အားဖြစ်စေတာမို့ မြန်မာနိုင်ငံကိုယ်စားပြု ရှမ်းယူနိုက်တက်ကိုကွင်းထဲအရောက် တခဲနက်လာရောက်အားပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ" ဟု အသင်းက ဆိုထားသည်။ ပြည်တွင်းဘောလုံးကလပ်များအကြား နိုင်ငံခြားသားကစားသမား ၆ ဦးအထိ ခေါ်ယူထားသည့် ရှမ်းယူနိုက်တက် အသင်းသည် ယခုဒုတိယအကျော့ပွဲစဉ်တွင်လည်းနိုင်ဦးမည်ဟု အသင်းပရိတ်သတ်များက ခန့်မှန်းထားကြသည်။ ယခုလ...

ထိုင်း-ကမ္ဘောဒီးယားတင်းမာချိန်တရုတ်ကဒေသတွင်းသံတမန်များနှင့်တွေ့

အီစတန်ဘူလ်၊ ဩဂုတ် ၁၃ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသအငြင်းပွားမှုတင်းမာနေချိန်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဒေသတွင်းထိပ်တန်းသံတမန်များ နှင့် ယူနန်တွေ့ဆုံဆွေးနေရန်စီစဉ်နေကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်တွင် ၁၀ ကြိမ်မြောက် လန်ချန်းမဲခေါင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအို၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် ဝမ်ယိက တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်း ထုတ်ပြန်သည်။ နှစ်ရက်ကြာအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မည်ဖြစ်ပြီး တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိပ်တန်းသံတမန်များအကြား အလွတ်သဘောဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်သည်။ ကမ္ဘောဒီးယား-ထိုင်းနယ်စပ်တွင် ပြီးခဲ့သည့်လက လက်နက်ကိုင်တိုက်ပွဲများ အရှိန်မြင့်လာပြီးနောက် ဒါဇင်နှင့်ချီသော...

စတားလင့်ခ် ဂြိုလ်တုအင်တာနက် ကာဇက်စတန်တွင်တရားဝင်လွှင့်တင်ပြီ

စတားလင့်ခ် ဂြိုလ်တုအင်တာနက်ကို ကာဇက်စတန်တွင် ဗုဒ္ဓဟူးနေ့၌ တရားဝင်စတင်အသုံးပြုနိုင်ပြီဟု နိုင်ငံ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်ဆန်းသစ်မှုများနှင့်လေကြောင်း အာကာသလုပ်ငန်းဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါ ဝန်ဆောင်မှုသည် နိုင်ငံတစ်ဝန်းနေထိုင်သူများကို စတားလင့်ခ်၏ ပတ်လမ်းနိမ့်ဂြိုဟ်တုများကွန်ရက်မှတစ်ဆင့်အင်တာနက်လိုင်းကောင်းကောင်းကို သုံးစွဲနိုင်မည်ဖြစ်သည်။ ဝေးလံခေါင်သီပြီး သွားလာရခက်ခဲသော ဒေသများတွင်ပင် ခေတ်မီဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကိုပို၍ လက်လှမ်းမီရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဇွန်လ ၁၂ ရက်နေ့တွင် ဝန်ကြီးဌာနသည် ဝန်ဆောင်မှုများပေးရာ၌ ကုမ္ပဏီသည် ကာဇက်စတန်၏ ဥပဒေများကို လိုက်နာရန် စတားလင့်ခ်ကုမ္ပဏီနှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ စတားလင့်ခ်သည် အမေရိကန်စွန့်ဦးတီထွင်သူ အီလွန်မတ်စ်ပိုင်ဆိုင်သော စပေ့အိတ်စ်က ဖန်တီးထားသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071