Friday, August 7, 2026

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...
HomeInternationalအာဆီယံကာကွယ်ရေးဝန်ကြီးများ လာအိုတွင် တွေ့ဆုံဆွေးနွေး

အာဆီယံကာကွယ်ရေးဝန်ကြီးများ လာအိုတွင် တွေ့ဆုံဆွေးနွေး

အာရှ-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံနှင့် ရေကြောင်းအငြင်းပွားမှု မြင့်တက်နေချိန် အမေရိကန်သမ္မတသစ် အကူးအပြောင်းလုပ်တော့မည့်အချိန်တွင် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များသည် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲအတွက် ဗုဒ္ဓဟူးနေ့တွင် လာအိုနိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်။

ဗီယန်ကျင်းတွင် ပြုလုပ်မည့် အဆိုပါ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးသို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်လည်း တက်ရောက်ရန် စီစဉ်ထားကာ ဇန်နဝါရီတွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ် ရာထူးမယူမီ အာမခံချက်များရရှိရေး ကြိုးပမ်းကြမည်ဖြစ်သည်။

အော်စတင်သည် သြစတြေးလျတွင် အစိုးရအရာရှိများ၊ ဂျပန်ကာကွယ်ရေးဝန်ကြီးတို့နှင့် အစည်းအဝေးလုပ်ခဲ့ပြီး ၎င်းတို့အနေဖြင့် အာဆီယံကို ထောက်ခံကြောင်းနှင့် ဖိလစ်ပိုင်နှင့် အခြားကမ်းရိုးတန်းနိုင်ငံ ရေယာဉ်များအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အန္တရာယ်ရှိသော လုပ်ရပ်များအပါအဝင် အရှေ့နှင့် တောင်တရုတ်ပင်လယ်တွင် မတည်မငြိမ်ဖြစ်စေသည် လုပ်ရပ်များအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

နှစ်ရက်ကြာကျင်းပမည့် အာဆီယံအစည်းအဝေးသို့ အမေရိကအပြင် ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ၊ တရုတ်နှင့် အခြားနိုင်ငံများလည်း ပါဝင်တက်ရောက်နေကြသည်။

လက်ရှိနှင့် အနာဂတ်တွင် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းများအပါအဝင် အာဆီယံ၏ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်ရာတွင် စံနှုန်းတစ်ခု ရရှိလာစေမည့် ရလဒ်ဖြစ်ထွန်းသော အစည်းအဝေးများဖြစ်မည်ဟု မျှော်လင့်ပါကြောင်း အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် လာအိုကာကွယ်ရေးဝန်ကြီး Chansamone Chanyalath က ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည် ၎င်း၏ ပိုင်နက်ဆိုင်ရာ သတ်မှတ်ချက်နှင့်ပတ်သက်၍ မကြာသေးမီနှစ်များအတွင်း ပိုမိုပြတ်သားလာသော တွန်းအားပေးမှုများကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပေကျင်းအကြား ပင်လယ်ပြင်ဆိုင်ရာ အပြုအမူကို ထိန်းကွပ်မည့် ကျင့်ဝတ်စည်းမျဉ်းတစ်ခုရရှိရေး စေ့စပ်ညှိနှိုင်းနေမှုသည် တိုးတက်မှုမရဘဲ နှေးကွေးနေသည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ ဒွန်မောင်းလေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတအား နေပြည်တော်လေဆိပ်၌ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားဖြစ်ထွန်းစေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။ ယင်းနောက် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား...

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071