Friday, December 5, 2025

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော်...

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင်...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင်...

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍...

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ပြောကြားခဲ့

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ဒီဇင်ဘာ ၂ ရက်က ချုံချင့်မြူနီစီပယ်မြို့၊ ပေ‌‌ပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ကျင်းပသည့် စီးပွားရေးနှင့်...
HomeNewsLocal Newsထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ...

ထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ (၉) ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထားခဲ့

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် ကလေးငယ်များပါဝင်သည့် မြန်မာ (၉) ဦးကို ပွဲစားများက တောထဲတွင် စွန့်ပစ်ထားခဲ့ကြောင်း ထိုင်းအလုပ်သမားအရေး သတင်းဌာနက ဖော်ပြသည်။

အဆိုပါ မြန်မာ (၉)ဦးသည် နောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ၊ ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတော၌ နိုဝင်ဘာ (၅) ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား (၁)ဦး၊ အမျိုးသမီး (၅)ဦးနှင့် အသက် (၂) နှစ်မှ (၆) နှစ်ရွယ် ကလေး (၄) ယောက် ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြကာ ကလေးငယ်များမှာ ဆာလောင်မှုကြောင့် ငိုကြွေးနေကြသည်ဟု ဆိုသည်။

ဒေသခံများ၏ သတင်းပေးချက်အရ သက်ဆိုင်ရာက အဆိုပါ နေရာများသို့ လူစုခွဲပြီး လိုက်ရှာကြရာမှာ ကလေးငိုသံနှင့် အတူ ဝါးရုံတောနောက်တွင် ပုန်းနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စွန့်ပစ်ခံရသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက အစာရေစာနှင့် ရှေးဦးသူနာပြုစုပေးပြီး အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် အရေးယူရန် ကပွေးမြို့နယ်ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စားအုန်းဆီရည်ညွှန်းဈေး နှစ်လအတွင်း ကျပ် (၄၀၀)ကျော် ကျဆင်း

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။ စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ...

မဟာမြတ်မုနိဘုရားကြီးရှိ သာသနိကအဆောက်အဦများအား ပြန်လည်ပြုပြင်၊ အသစ်တည်ဆောက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးတွက်ချက်ဆောင်ရွက်ရန် နိုင်ငံတော် ယာယီသမ္မတမှာကြား

မန္တလေးမြို့ရှိ မန္တလေးငလျင်ကြီးဒဏ်သင့်ခဲ့သော မ ဟာမြတ်မုနိဘုရားကြီးကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံ ခြုံရေးနှင့် အေချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဖူးမြှော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော်ယာယီသမ္မတသည် မဟာမြတ်မုနိဘုရားကြီးအားဖူးမြှော်ကြည်ညိုပြီးနောက် ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့ရမှုများအား ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပြန် လည်ပြုပြင်ခြင်းလုပ်ငန်းများ၊ အသစ်တည်ဆောက်ရသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင် ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့မှ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကိုပေးအပ်လှူဒါန်းပြီး ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမတို့တွင် ငလျင်ဒဏ်ဖြစ်ပေါ်ချိန်၌ ပြင်းထန်သောလှုပ်ခတ်မှုများကြောင့်မြေခခဲ့ရသည့်...

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို နိုင်ငံတော်ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး

နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီဆောက်လုပ်ထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)၏ ရုံးအဆောက်အဦသစ်ကို ယနေ့ ဒီဇင်ဘာ ၄ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာ ယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စက်ခလုတ်နှိပ်ပြီးဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဖဲကြိုးဖြတ် ၍ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်အ တွင်းကြည့်ရှုပြီးနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗ ဟိုဘဏ်(မန္တလေးဘဏ်ခွဲ)အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေထံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071