Friday, July 31, 2026

လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင်...

မန္တလေးသား ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ...

မန္တလေး၊ ဇူလိုင် ၃၁မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် လာမည့် ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ONE Friday Fights...

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စု...

လေးမျက်နှာ၊ ဇူလိုင် ၃၁ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ကျေးရွာအုပ်စု ၄ ခုရှိ လယ်မြေများ ရေလွှမ်းမိုးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း...

ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများ...

ရန်ကုန်၊ ဇူလိုင် ၃၁ လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် ဂျပန်စာအရည်အချင်းစစ် စာမေးပွဲ (JLPT) လျှောက်လွှာများကို ဩဂုတ် ၃ ရက်မှ ၉...
HomeNewsLocal Newsထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ...

ထိုင်းတွင် ကလေးငယ်များပါပါသည့် မြန်မာ (၉) ဦးကို ပွဲစားက တောထဲ စွန့်ပစ်ထားခဲ့

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်တွင် မလေးရှားနိုင်ငံသို့ တရားမဝင် ပို့ဆောင်မည့် ကလေးငယ်များပါဝင်သည့် မြန်မာ (၉) ဦးကို ပွဲစားများက တောထဲတွင် စွန့်ပစ်ထားခဲ့ကြောင်း ထိုင်းအလုပ်သမားအရေး သတင်းဌာနက ဖော်ပြသည်။

အဆိုပါ မြန်မာ (၉)ဦးသည် နောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု ၊ ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေတော၌ နိုဝင်ဘာ (၅) ရက်က လုံခြုံရေးအခြေအနေများကြောင့် ရှေ့ဆက်မသွားနိုင်ဘဲ ပွဲစားများက စွန့်ပစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား (၁)ဦး၊ အမျိုးသမီး (၅)ဦးနှင့် အသက် (၂) နှစ်မှ (၆) နှစ်ရွယ် ကလေး (၄) ယောက် ပါဝင်ပြီး ၎င်းတို့အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြကာ ကလေးငယ်များမှာ ဆာလောင်မှုကြောင့် ငိုကြွေးနေကြသည်ဟု ဆိုသည်။

ဒေသခံများ၏ သတင်းပေးချက်အရ သက်ဆိုင်ရာက အဆိုပါ နေရာများသို့ လူစုခွဲပြီး လိုက်ရှာကြရာမှာ ကလေးငိုသံနှင့် အတူ ဝါးရုံတောနောက်တွင် ပုန်းနေသည့် မြန်မာနိုင်ငံသားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

စွန့်ပစ်ခံရသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက အစာရေစာနှင့် ရှေးဦးသူနာပြုစုပေးပြီး အားလုံးကို တရားမဝင် ဝင်ရောက်မှုနှင့် အရေးယူရန် ကပွေးမြို့နယ်ရဲစခန်းတွင် ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင် မြစ်ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ကြောင့် မြစ်ရေဝင်ရောက်လျက်ရှိသည့် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အ မှတ်(၄)ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်၊ ဂျမ်းကုန်းကျေး ရွာ၊ ကျွန်းတဲကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာနှင့် ညောင် ပင်ဝဲကျေးရွာတို့မှ ရေဘေးသင့်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ရွှေ့ပြောင်းပေးလျက်ရှိရာ ရေဘေးသင့်သူများအတွက်...

မန္တလေးသား ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် ထိုင်းဖိုက်တာ ကိုမာဝပ်တို့ ယှဉ်ပြိုင်ထိုးသတ်မည်

မန္တလေး၊ ဇူလိုင် ၃၁မြန်မာ့ရိုးရာ လက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းသည် လာမည့် ဩဂုတ် ၂၁ ရက်တွင် ကျင်းပမည့် ONE Friday Fights 167 ပြိုင်ပွဲ၌ ထိုင်းဖိုက်တာ ကိုမာဝပ်နှင့် ယှဉ်ပြိုင်ထိုးသတ်သွားမည် ဖြစ်ကြောင်း သိရသည်။ ကျော်စွာဝင်း၏ ပြိုင်ဘက် ကိုမာဝပ်သည် ONE Championship တွင် စုစုပေါင်း ၁၄ ပွဲ ထိုးသတ်ထားရာ ၇ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ထားပြီး ပန်ရစ်၊ ဆူးခင်၊ ယော့လဖက် စသည့်...

ငဝန်မြစ် ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ် ကျေးရွာအုပ်စု ၄ ခုရှိ လယ်များ ရေလွှမ်းမိုးနေဟု ဆိုလက်ရှိ၌ စာရေးကွင်းကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထား

လေးမျက်နှာ၊ ဇူလိုင် ၃၁ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ကျေးရွာအုပ်စု ၄ ခုရှိ လယ်မြေများ ရေလွှမ်းမိုးသွားခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်က ပြောကြားခဲ့သည်။ ထို့ပြင် မြို့ပေါ်ရပ်ကွက် ၅ ခုတွင်လည်း ရေဝင်ရောက်နေသဖြင့် အရေးပေါ် ရွှေ့ပြောင်းပေးခြင်း၊ ပိတ်မိနေသူများနှင့် သက်ကြီးရွယ်အိုများကို ကယ်ဆယ်ပေးခြင်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။ "အခုထိ အသေအပျောက်မရှိသေးပါဘူး။စာရေးကွင်းကျေးရွာမှာ ကယ်ဆယ်ရေးစခန်းအထိုင်ချဖွင့်ထားပြီး၊ ကယ် ဆယ်လိုရတဲ့သူတွေကို ဒီကနေတဆင့် ဟင်္သာတဘက်ကို ပိုဆောင်နေပါတယ်။ အချိုကလည်း မိသားစုဝင်တွေက လာရောက်ခေါ်ဆောင်နေပါတယ်။ ရန်ကုန်နဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071