Saturday, December 13, 2025

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...
HomeNewsFootballရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အ သက်(၂၀)နှစ်အောက်...

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အ သက်(၂၀)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပမည်

ရန်ကုန်တိုင်းဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ အား ကစားနှင့်ကာယပညာကော်မတီနှင့်ပူးပေါင်းကာ လူငယ်မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရန်ရည်ရွယ်၍ အဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ၂၀၀၄ ခုနှစ်နှင့်အထက် အသက်(၂၀) နှစ်အောက် ကစားသမားများကိုသာပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး အသက်မှန်ကန်စေရန် သက်ဆိုင်ရာဌာနနှင့်ပူးပေါင်းစစ်ဆေး၍ အသက်ကျော်ကစားသမားတွေ့ရှိပါက ပြိုင်ပွဲမှထုတ်ပယ်မည်ဖြစ်ပြီး ယင်း ကစားသမားနေရာအား အစားထိုးယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်(၂)၊ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲတို့တွင်ဝင်ရောက်ယှဥ်ပြိုင်နေသည့် ကစားသမားများကို ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဘဲ အသင်းတစ်သင်းတွင် ကစားသမား(၂၄)ဦးအထိ မှတ်ပုံတင်ခွင့်ပြုမည်ဖြစ်ကာ အုပ်ချုပ်၊ နည်းပြ၊ အသင်းဆရာဝန်(စုစုပေါင်း ၆ ဦး)အထိခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား အသင်းပေါင်း(၁၀)သင်းဖြင့် ရှုံးထွက်စနစ်ကျင်းပသွားမည်ဖြစ်၍ အသင်းတစ်သင်းအင်္ဂါရပ်နှင့်ကိုက်ညီသော ဘောလုံးအသင်းများကိုသာဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်အသင်းများကို ဦးစားပေးယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရသည့် အသင်းများအား ၎င်းတို့ယှဥ်ပြိုင်ရမည့်ရက်တွင် ခရီးဝေးအသင်းဖြစ်ပါက ငွေကျပ်(၃)သိန်းနှင့် ရန်ကုန်တိုင်းအတွင်းမှအသင်းများဖြစ်ပါက ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်၍ ပြိုင်ပွဲဝင်ဖောင်များအား အောက်တိုဘာ ၂၃ ရက်နောက်ဆုံးထားပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား အောက်တိုဘာ ၂၈ ရက်မှနိုဝင်ဘာ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၊ ပဒေသာကွင်း၊ သုဝဏ္ဏလေ့ကျင့်ရေးကွင်း(၁)နှင့် ပဒုမ္မာကွင်းတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်ဖွံဖြိုးမှုကြီးကြပ်ရေးရုံးမှ ဆောင်ရွက်သည့်လွိုင်ကော်စက်မှုဇုန် ကတ္တရာလမ်း ၈ လမ်း၊ စုစုပေါင်းအရှည် ၁၁၀၂၇ ပေဖောက်လုပ်ပြီးစီးနေပြီးဖြစ်ပြီး  ဇုန်အတွင်းရှိ ရွှေလွိင်ကော် အဆင့်မြင့်ပရိဘောဂစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။ လုပ်ငန်းများ ယခုထက် ပိုမိုတိုးချဲ့လုပ်ကိုင်နိုင်ရေး၊ ကုန်ကြမ်းများပြတ်လပ်မှုမရှိစေရေးနှင့် ဈေးကွက်ရရှိရေးအတွက် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး လုပ်ငန်းရှင်များ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071