Thursday, August 14, 2025

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ်...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...
HomeNewsLocal Newsအာဖရိကနိုင်ငံများ မြန်မာနိုင်ငံတွင် ဆန်စပါး...

အာဖရိကနိုင်ငံများ မြန်မာနိုင်ငံတွင် ဆန်စပါး လာရောက်စိုက်ပျိုးရင်းနှီးမြှုပ်နှံရန် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဖိတ်ခေါ်

အာဖရိကနိုင်ငံများ ပြည်တွင်းဖူလုံမှုအတွက် မြန်မာနိုင်ငံတွင် ဆန်စပါး လာရောက်စိုက်ပျိုး၍ ရင်းနှီးမြှုပ်နှံရန် (၁၄) ကြိမ်မြောက် ဥရောပ-အာဖရိက ရင်းနှီးမြှုပ်နှံမှုဖိုရမ်၌ မြန်မာသံအမတ်ကြီးက ဖိတ်ခေါ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် အောက်တိုဘာ(၃)ရက်နှင့် (၄)ရက်ထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သော ယင်းဖိုရမ်၌ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရှင်းလင်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဆန်တင်ပို့မှု ပဉ္စမမြောက်အများဆုံး နိုင်ငံဖြစ်ခဲ့ကြောင်း၊ ဥရောပတွင် ဘယ်လ်ဂျီယံနိုင်ငံသည် မြန်မာ့ဆန်ကို အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့ဆန်ကို အာဖရိက နိုင်ငံများအနက် တိုဂို၊ ဘူကီနာဖာဆို၊ မိုဇမ်ဘစ်၊ ကင်ညာ၊ လိုက်ဘေးရီးယား၊ ကို့ဒီဗွား (အိုင်ဗရီကို့စ်)၊ ဆီနီဂေါ၊ အင်ဂိုလာ၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိကနှင့် ကင်မရွန်းစသည့် နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း မြန်မာသံအမတ်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ထို့ကြောင့် အာဖရိကနိုင်ငံများအနေဖြင့် ပြည်တွင်းဖူလုံမှုအတွက် မြန်မာနိုင်ငံ၌ ဆန်စပါး လာရောက်စိုက်ပျိုး၍ ရင်းနှီးမြှုပ်နှံသည့် Contract Farming များကို ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ဖိတ်ခေါ်ပါကြောင်းထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း တောင်အာဖရိကနိုင်ငံသို့ ရေထွက်ပစ္စည်း မက်ထရစ်တန်ချိန် (၇၀၀)ကျော် တင်ပို့ခဲ့ကြောင်း၊ သို့ဖြစ်ရာ အာဖရိကနိုင်ငံများသို့ ရေချိုငါး အပါအဝင် မြန်မာနိုင်ငံ၏ ရေထွက်ကုန်စည်များ တင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုလားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီးသည် ဖိုရမ်တွင် မြန်မာနိုင်ငံ၏ ပါဝင်တက်ရောက်မှုနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် စီးပွားရေးကဏ္ဍများနှင့် ပတ်သက်၍ OACPS အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုသတိပြုမိစေရန် ရည်ရွယ်၍ ဖိုရမ်မကျင်းပမီ အောက်တိုဘာ (၂)ရက်တွင် Credassur Group ၏ ဥက္ကဋ္ဌ Ms. Esther Misheng Mbidi ၏ တွေ့ဆုံမေးမြန်းမှုကို မြန်မာသံရုံး၌ လက်ခံဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်တွင် မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့ကလည်း မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နမူနာများ၊ ယွန်းထည်၊ ကျောက်စိမ်းနှင့် ချည်ထည်လက်မှုပစ္စည်းများ၊ ကမ္ဘာလှည့် ခရီးသည်များ လာရောက်လည်ပတ်နိုင်မှု၊ ကုန်သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို ပြခန်းဖြင့် ပါဝင်ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဦးပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှငွေကျပ်(၃၄၀)ဘီလီယံကျော်သုံးစွဲထား

မန္တလေးငလျင်ကြီးကြောင့် အစိုးရကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ဆုံးရှုံးမှု ကျပ်ငွေဘီလီယံ (၈၀၀၀) နီးပါးထိ ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရှေးဦးပြန် လည်ထူထောင်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၃၄၀)ဘီလီယံကျော်သုံးစွဲပြီးဖြစ်သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက အသိပေးခဲ့သည်။ မန္တလေးငလျင်ကြီးစတင်ဖြစ်ပွားသည့်နေ့မှစ၍ ၂၀၂၅ ခုနှစ်၊ သြဂုတ် ၁၁ ရက်အထိ အမျိုးသားသ ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ငလျင်ဒဏ်သင့်သူများ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိစေမည့် အရေးပေါ်စားနပ်ရိက္ခာများထောက်ပံ့မှုအတွက် ငွေကျပ်(၄၂ ဒသမ ၀၉၄)ဘီလီယံကျော်၊ သေဆုံးသူများ၏ မိသားစုများအားထောက်ပံ့မှုအ တွက် ငွေကျပ်(၄ ဒသမ ၇၃၃)ဘီလီယံကျော်၊ ဒဏ် ရာရသူများအတွက် ငွေကျပ်(၀ ဒသမ...

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071