Sunday, December 14, 2025

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား...

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက...

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...
HomeNewsLocal News"ဝ"ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊...

“ဝ”ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း အပါအဝင် လုပ်ငန်း(၈)ခုတွင် လုပ်ကိုင်သူများအား ကူးစက် ရောဂါပိုးစစ်ဆေးမည်

“ဝ”ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း အပါအဝင် လုပ်ငန်း(၈)ခုတွင် လုပ်ကိုင်နေသူများအား ကူးစက်ရောဂါပိုးစစ်ဆေးမည်ဖြစ်ပြီး၊ လိုက်နာမှုမရှိပါက “ဝ” ပြည်နယ်၊ ကျန်းမာရေးစီမံခန့်ခွဲမှု စည်းမျဥ်းအတိုင်း အရေးသွားယူမည်ဖြစ်ကြောင်း ဟိုပန်ခရိုင် ကျန်းမာရေးဌာနက စက်တင်ဘာ(၁၈) ရက်နေ့ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။

ကူးစက်ရောဂါပိုးစစ်ဆေးရာတွင် ဖျော်ဖြေရေး လုပ်ငန်း၊ အနှိပ်ခန်း၊ ဟိုတယ် လုပ်ငန်း၊ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင် ဆိုင်နှင့် တက်တူးဆိုင်များတွင် လုပ်ကိုင်နေကြသည့် ဝန်ထမ်းများအား HBV, HAV, TB, TP, HIV ရောဂါများကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ လုပ်ငန်းများတွင် လုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအပြင် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဌာနမှ လုပ်ငန်းခွင့်ပြုချက်လက်မှတ်အပြင် ရောဂါကင်းရှင်းကြောင်း လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုဆေးစစ်မှုအား စက်တင်ဘာလ(၁၉) ရက်မှ (၂၂ )ရက်အထိ နံနက် (၇)နာရီမှ နံနက်(၁၀)နာရီခွဲအတွင်း စစ်ဆေးပေးသွားမည်ဖြစ်ကာ
‌ကျန်းမာရေး ခွင့်ပြုချက်လက်မှတ်တစ်‌စောင်လျှင် ယွမ် (၂၄၀) ကျသင့်မည်ဖြစ်ပြီး၊ ရောဂါကင်းရှင်းကြောင်း လက်မှတ်မှာ တစ်ဦးလျှင် ယွမ် (၁၄၀)ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ခွင့်ပြုချက်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်သူကို ဒဏ်ငွေ ယွမ် (၁) ထောင်၊ ကျန်းမာရေးခွင့်ပြုချက် လက်မှတ်မရှိဘဲ မိမိသဘောအရ ဆိုင်ဖွင့်လှစ်သူကို ဒဏ်ငွေ ယွမ် (၂) ထောင်စီအသီးသီးချမှတ်သွားမည်ဖြစ်သည်ဟု အသိပေးချက်တွင်ဖော်ပြထားသည်။

အဆိုပါ စည်းကမ်းချက်များကို မလိုက်နာဘဲ အကြိမ်ကြိမ် ချိုးဖောက်သူများကို ကျန်းမာရေးဌာနမှ လုပ်ငန်းရပ်ဆိုင်းခြင်း နှင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်များပယ်ဖျက်သွားမည် ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်ဟုသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ည၁၀ နာရီမှစ၍အပစ်ရပ်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားကိုအန်ဝါ တိုက်တွန်း

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်အငြင်းပွားမှုနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် ဖုန်းပြောဆိုခဲ့ပြီးနောက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ ထိုင်းဝန်ကြီးချုပ် အနူတင်တို့နှင့် သူ ဖုန်းပြောခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က စနေနေ့တွင် ပြောကြားခဲ့သည်။ ဖုန်းပြောဆိုစဥ် မလေးရှား၏ စိုးရိမ်မကင်းဖြစ်မှုများကို အန်ဝါက ဖော်ပြခဲ့ပြီး နှစ်ဖက်စလုံးအနေဖြင့် အစွမ်းကုန်ချုပ်တည်းကြရန်၊ ရန်လိုမှုများကို ရပ်တန့်ရန်နှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ ည ၁၀ နာရီမှစ၍ အင်အားသုံးခြင်း သို့မဟုတ် လက်နက်ကိုင်တပ်များကို စုစည်းချထားခြင်းများအပါအဝင် ပဋိပက္ခကို ပိုမိုဆိုးရွားစေမည့်...

ထိုင်းရောက်မြန်မာအလုပ်သမားအချို့ စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေ

ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးသော်လည်း စာရွက်စာတမ်းအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေတောင်းခံမှုများရှိနေကြောင်း မြန်မာသံရုံး၊ ဗန်ကောက်မြို့ကအသိပေးထားသည်။ မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံတွင်ရောက်ရှိ အလုပ်လုပ်ကိုင်နေစဉ်အတွင်း လုပ်ငန်းခွင်မတော်တဆမှုများအပါအဝင်အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်ဆုံးပါးသွားပါက ထိုင်းနိုင်ငံအတွင်း ၎င်းတို့၏မိသားစုဝင်များမှ ရသင့်ရထိုက်သည့် လျော်ကြေးငွေရရှိနိုင်ရေးအတွက် ၎င်းတို့တင်ပြလာသော စာရွက်စာတမ်းများအား စိစစ်ပြီး မြန်မာသံရုံးမှ လျော်ကြေးတောင်းခံခြင်းထောက်ခံစာ ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ ထုတ်ပေးလျက်ရှိရာတွင် အချို့သည် စာရွက်စာတမ်းများအတုများဖြင့် လိမ်လည်တင်ပြ၍ လျော်ကြေးငွေ တောင်းခံခြင်းအတွက်ထောက်ခံစာ လာရောက်လျှောက်ထားမှုများရှိနေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။ ယင်းတွင် ထိုင်းနိုင်ငံ၌ ၃-၁၁-၂၀၂၅ ရက်နေ့က ယာဉ်မတော်တဆမှုကြောင့်...

ပွဲချိန်တွင်ပင် မြန်မာ – အင်ဒိုနီးရှား အမျိုးသမီးဖူဆယ်ပွဲစဥ် ပထမပိုင်းတွင် မြန်မာအသင်း (၃) ဂိုး ရှုံးနိမ့်နေ

ယနေ့ ဒီဇင်ဘာ (၁၃)ရက် ၊ မွန်းလွဲ (၁) နာရီအချိန်၌ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသမီးဖူဆယ်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းပွဲချိန်တွင်ပင် အင်ဒိုနီးရှားအသင်းက ဦးဆောင်ဂိုး (၃) ဂိုးသွင်းယူထားပြီဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအနေဖြင့် အုပ်စုအဖွင့် ပွဲစဉ်ကို ယှဉ်ပြိုင်ကစားနေခြင်းဖြစ်ကာ ဒုတိယပိုင်းရလဒ်ကို ထပ်မံစောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ (၁၄) ရက်တွင် ဗီယက်နမ်အသင်းနှင့် အုပ်စုဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားရဦးမည်ဖြစ်သည်။ (၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ ဖူဆယ်ပွဲစဉ်များကို Channel 7, Reader Channel နှင့် HTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071