Monday, May 4, 2026

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်(...

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ...

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄...

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း...

အီရန်တို့၏ အပြုအမူများ မလျော်ကန်ပါက အမေရိကန်အနေဖြင့်...

အီရန်နှင့် သဘောတူညီချက်ရယူမည့် အချက်တစ်ခုအကြောင်း မိမိကို ပြောပြထားသော်လည်း တိကျသည့် စကားလုံးအသုံးအနှုန်းများကို စောင့်ဆိုင်းနေကြောင်းနှင့် အီရန်ဘက်က အပြုအမူ မလျော်ကန်ပါက ထိုနိုင်ငံအပေါ် တို-က်ခိုက်မှုများ...
HomeNewsFootballမြန်မာ့လက်ရွေးစင် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို...

မြန်မာ့လက်ရွေးစင် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်းကို MFF ခန့်အပ်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် ရှမ်းယူနိုက်တက် အသင်းနည်းပြချုပ်ဖြစ်သူ ဦးမျိုးလှိုင်ဝင်းကို
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)က ခန့်အပ်လိုက်ကြောင်း ယနေ့တွင် တရားဝင်အသိပေးထုတ်ပြန်လာသည်။

ယခင်က မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့သော မိုက်ကယ်ဖိုင်တန်ဘိုင်နာအသင်းဖြင့် လမ်းခွဲပြီးနောက် ဉီးမျိုးလှိုင်ဝင်းကို ခန့်အပ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၄-၂၅ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် ရှိနေသည့် မြန်မာ့လက်ရွေးစင် အသင်းအတွက် နည်းပြအဖြစ် ဦးမျိုးလှိုင်ဝင်း အား ယခု စက်တင်ဘာလမှ စတင်၍ ခန့်အပ်တာဝန် ပေးလိုက်သည်ဟု ယနေ့တွင် MFFက အသိပေးထားသည်။

ဦးမျိုးလှိုင်ဝင်းသည် ၁၉၈၇ ခုနှစ်မှ စတင်ကာ မြန်မာ့လက်ရွေးစင် အသင်းတွင် ပါဝင်ကစားခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ကစားသမားဘဝ အနားယူခဲ့သည်။ ပြည်တွင်း အမှတ်ပေးပွဲများတွင် လည်းကောင်း၊ မလေးရှားလိဂ်၊ ထိုင်းလိဂ်တို့တွင်လည်းကောင်း ပရော်ဖက်ရှင်နယ် အဖြစ် သွားရောက်ကစားခဲ့ပြီး အာဆီယံဒေသတွင်း ထင်ရှားသည့် ကစားသမား တစ်ဦး ဖြစ်ခဲ့သည်။

ထို့နောက် ၂၀၀၇ ခုနှစ်တွင် နည်းပြအဖြစ် အဲပုဂံအသင်းနှင့်အတူ စတင်ခဲ့ပြီး သက်တမ်း အလိုက် မြန်မာ့လက်ရွေးစင် အသင်းများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအား တာဝန် ယူခဲ့ပြီး ကစားသမား ဘဝတွင်လည်းကောင်း၊ နည်းပြ ဘဝတွင်လည်းကောင်း အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် နည်းပြ ဦးမျိုးလှိုင်ဝင်း၏ ဦးဆောင်မှုဖြင့် နည်းပြ/အုပ်ချုပ် အဖွဲ့အား ဖွဲ့စည်းပြီးသည်နှင့် စင်ကာပူ၊ လက်ဘနွန် အစရှိသည့် လက်ရွေးစင် အသင်းများ အပါအဝင် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဦးစွာ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။

ယင်းနောက် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲအား ဒီဇင်ဘာလ ၈ ရက်မှ စတင်ကာ အိမ်ကွင်း/အဝေးကွင်း အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။ ၂၀၂၅ ခုနှစ်မတ်လမှ စတင်၍ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲစဉ်များ၊ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲများ ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ယခင် ဦးမျိုးလှိုင်ဝင်းကိုင်တွယ်ခဲ့သည့် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနေရာတွင် နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ ဟီရိုကီအိုနို ဆိုသူကို ယမန်နေ့ စက် တင်ဘာ (၉)ရက် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်းပွဲစဉ်၌ အမည်စာရင်းသွင်းခဲ့သည်ကိုတွေ့ရှိရသည်။

ယနေ့တွင် ဦးမျိုးလှိုင်ဝင်းနှင့် ရှမ်းယူနိုက်တက်အသင်း တရားဝင်လမ်းခွဲလိုက်သည်ဆိုသည့် အသိပေးကြေညာချက်ကို အသင်းက အသိပေးထုတ်ပြန်ထား သည်။

ဓာတ်ပုံ-MFF

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းမှာ ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျ         

ထိုင်းနိုင်ငံ စမွတ်ပရာကန်ပြည်နယ် မြောင်ခရိုင်တွင် တနင်္ဂနွေနေ့နံနက်ပိုင်းက ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ပြီး လူနှစ်ဦး ဒ-ဏ်ရာရရှိခဲ့သည်။        ထိုင်းဘန်မြို့ရှိ ဘီတီအက်စ်ပြုပြင်ရေးစင်တာအနီးတွင် ရဟတ်ယာဉ်တစ်စင်း ပျ-က်ကျခဲ့ကြောင်းကို နံနက် ၈ နာရီခွဲခန့်တွင် ရဲအရာရှိများက သတင်းပို့ချက်ရရှိခဲ့ကြောင်း မြောင်စမွတ်ပရာကန်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး ချက်ကရစ် သီရိုဂျာနာကူလ်က ပြောကြားခဲ့သည်။        သတင်းပို့ချက်များအရ ရဟတ်ယာဉ်သည် နှစ်ယောက်စီး Guimbal Cabri G2 ဖြစ်ပြီး ဒေသခံစက်ရုံပိုင်ရှင်က ရဟတ်ယာဉ်ကို မောင်းနှင်ခဲ့ကာ နည်းပညာရှင်တစ်ဦး လိုက်ပါသွားခဲ့သည်။ နှစ်ဦးစလုံး ဒ-ဏ်ရာအနည်းငယ်စီရရှိခဲ့ပြီး အရေးပေါ်ဆေးအဖွဲ့များက အနီးရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။        နည်းပညာပိုင်းဆိုင်ရာ...

အောင်ချမ်းသာ တောရကျောင်း ဆရာတော်၏ သက်တော်( ၉၃) နှစ်ပြည့်မွေးနေ့အလှူသို့ နဝကမ္မအလှူငွေများ ဆပ်ကပ်

အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ယနေ့(မေလ ၃ ရက်နေ့)တွင် ပုသိမ်-ချောင်းသာလမ်း (၂၃)မိုင်ရှိ အောင်ချမ်းသာ တောရကျောင်း ဆရာတော် ဦးကောဝိဒ၏ သက်တော်( ၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော် မင်္ဂလာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်၍ နဝကမ္မအလှူငွေ နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ အုပ်စုနှစ်စုခွဲကာ အလှည့်ကျဓာတ်အားပေးမည်

နေပြည်တော်၊ ပျဥ်းမနားမြို့နယ်၌ မနက်ဖြန် မေ ၄ ရက်မှစ၍ မေ ၁၀ ရက်အထိ အုပ်စု(A)နှင့် အုပ်စု(B)ခွဲကာ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အုပ်စု(A)သည် မနက်ဖြန် မေ ၄ ရက်တွင် နံနက် ၇ နာရီမှ နံနက် ၁၁ နာရီအထိ၊ နေ့လည် ၃ နာရီမှ ည ၇ နာရီအထိ၊ အုပ်စု(B)သည် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ၊ ညနေ ၅...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071