Monday, August 11, 2025

ကျားဦးရေ ကျဆင်းမှုကြောင့် တောင်ကိုရီးယားစစ်အင်အား ၂၀...

ကမ္ဘာ့ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွင် မဖြစ်မနေ စစ်မှုထမ်းရမည့်အသက်အရွယ် သို့ ရောက် ရှိသောအမျိုးသားဦးရေ သည်သိသိသာသာကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း တောင်ကိုရီးယား၏ စစ်အင်အားသည်...

မေလတိုက်ပွဲတွင်ပါကစ္စတန်စစ်လေယာဉ် ၆ စင်းကိုပစ်ချခဲ့–အိန္ဒိယ

         မေလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပါကစ္စတန် တိုက်လေယာဉ် ငါးစင်းနှင့် အခြားစစ်လေယာဉ်တစ်စင်းတို့ကို အိန္ဒိယက ပစ်ချခဲ့သည်ဟု အိန္ဒိယလေတပ်အကြီးအကဲက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံနှင့် အသေအပျောက်ရှိသော...

မြေမြုပ်မိုင်းထောင်သည်ဆိုသော ထိုင်း၏ စွပ်စွဲချက်ကိုက‌မ္ဘောဒီးယား ငြင်း

က‌မ္ဘောဒီးယားတပ်ဖွဲ့များသည် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းအသစ်များ ကိုထောင်ခဲ့ သောကြောင့် ထိုင်းစစ်သားတစ်ဦး ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး စစ်သားသုံးဦးကို ဒ-ဏ်ရာရရှိခဲ့သည်ဆိုသော ထိုင်းဘက်က စွပ်စွဲချက်များကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက...

သြဂုတ် ၁၃ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌...

မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၁၀ ရက်မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ နောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း တို့တွင်...
HomeNewsLocal Newsမဲစာရင်း မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့်...

မဲစာရင်း မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နေကြောင်း ရွေးကောက်ပွဲကော်မရှင် ပြော

မဲစာရင်းများပြုစုရာတွင် မဲဆန္ဒနယ်များအလိုက် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံများအတွက် မဲဆန္ဒရှင်စာရင်းများ၊ ရွေးကောက်ပွဲတစ်ရပ်၏ အချက်အလက်များကို အလွယ်တကူသတ်မှတ်ကာ မဲစာရင်းမှန်ကန်ပြည့်စုံရေး နည်းပညာအရ စာရင်းပြုစုနိုင်သည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင် အသုံးပြုနေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ထံမှသိရသည်။

ယမန်နေ့ စက်တင်ဘာ ၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) ကို အဆင့်မြှင့်တင်သည့်အကြောင်း ရှင်းလင်းသည့်အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ စီမံခန့်ခွဲမှုစနစ် (CVLMS) သည် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ မဲစာရင်းများကို မှန်ကန်ပြည့်စုံအောင် နည်းပညာဖြင့် ဆောင်ရွက်နိုင်ခြင်း၊ မဲရုံများလွယ်ကူစွာသတ်မှတ်နိုင်ခြင်း၊ မဲစာရင်းတွင် အသက် ၁၈ နှစ် မပြည့်သေးသူများ၊ ‌ေ-သဆုံးသူများ မပါဝင်စေရန်နှင့် မဲစာရင်းများမထပ်စေရန် စိစစ်ဆောင်ရွက်နိုင်ခြင်းတို့အပြင် FPTP ၊ PR ရွေးကောက်ပွဲစနစ် နှစ်မျိုးလုံးတွင် အသုံးပြုဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု လည်းဆိုသည်။

ထို့အပြင် ကော်မရှင်အဖွဲ့ ခွဲအဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာနယ်မြေများကို ပြောင်းလဲပြင်ဆင် ထပ်တိုးပယ်ဖျက်ခြင်းများရှိပါက အချက်အလက်များ ထိခိုက်မှုမရှိဘဲ ပြင်ဆင်နိုင်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်း သိရသည်။

ယင်းအဆင့်မြှင့်တင်သည့် ရှင်းလင်းပွဲတွင် စနစ်ရေးဆွဲခဲ့သည့် နည်းပညာအဖွဲ့ အဖွဲ့ခေါင်းဆောင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) မှ ပါမောက္ခချုပ် ဒေါက်တာအိအိလှိုင်က အဆင့်မြှင့်တင်ထားသည့် ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်နှင့်စပ်လျဉ်း၍ စနစ်တည်ဆောက်ထားမှု၊ လုံခြုံရေးစနစ်တည်ဆောက်ထားမှု၊ မဲဆန္ဒရှင်စာရင်းများ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကြည့်ရှုခြင်း၊ စိစစ်ခြင်း၊ မြို့နယ်၊ ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့်က သတ်မှတ်တာဝန်များဆောင်ရွက်နိုင်မှု၊ မဲရုံအလိုက် မဲစာရင်းများရရှိအောင်ဆောင်ရွက်မှု၊ စနစ်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲစနစ် FPTP နှင့် PR နှစ်မျိုးလုံးအတွက် ဆောင်ရွက်နိုင်မှုတို့ကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှ ပဉ္စမမြောက်လုပ်ငန်းဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျားဦးရေ ကျဆင်းမှုကြောင့် တောင်ကိုရီးယားစစ်အင်အား ၂၀ %ထိုးကျ

ကမ္ဘာ့ ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးနိုင်ငံတွင် မဖြစ်မနေ စစ်မှုထမ်းရမည့်အသက်အရွယ် သို့ ရောက် ရှိသောအမျိုးသားဦးရေ သည်သိသိသာသာကျဆင်းလာခြင်းကြောင့် ပြီးခဲ့သည့် ခြောက်နှစ်အတွင်း တောင်ကိုရီးယား၏ စစ်အင်အားသည် ၂၀ ရာခိုင်နှုန်း ကျဆင်းကာ တပ်ဖွဲ့ဝင် ဦးရေသည် ၄၅၀,၀၀၀ သို့ရောက်ရှိသွားကြောင်း သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။ စစ်မှုထမ်းရန် အရွယ်ရောက် သော အမျိုးသားဦးရေ သိသိသာသာ ကျဆင်းလာခြင်းသည် အရာရှိအရေအတွက် ကိုလည်း နည်းပါးစေပြီး ယင်းကဲ့သို့ ဆက်လက်၍ ဖြစ်နေပါက စစ်ဆင်ရေးဆိုင်ရာ အခက်အခဲများကြုံတွေ့လာနိုင်သည်ဟု...

မေလတိုက်ပွဲတွင်ပါကစ္စတန်စစ်လေယာဉ် ၆ စင်းကိုပစ်ချခဲ့–အိန္ဒိယ

         မေလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပါကစ္စတန် တိုက်လေယာဉ် ငါးစင်းနှင့် အခြားစစ်လေယာဉ်တစ်စင်းတို့ကို အိန္ဒိယက ပစ်ချခဲ့သည်ဟု အိန္ဒိယလေတပ်အကြီးအကဲက ပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံနှင့် အသေအပျောက်ရှိသော ပဋိပက္ခပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယဘက်က ပထမဆုံးအကြိမ် ယင်းကဲ့သို့ ထုတ်ပြောကြားလိုက်ခြင်းဖြစ်သည်။          ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့သည့် ၎င်းတို့၏ တိုက်ပွဲအတွင်း အရေအတွက် အတိအကျမဖော်ပြထားသော ၎င်းတို့တိုက်လေယာဉ်များကိုလည်း ပါကစ္စတန်ဘက်က ပစ်ချခဲ့သည်ဟု ဆိုခြင်း ကို အိန္ဒိယစစ်တပ်က ဝန်ခံခဲ့ပြီးနောက် သီတင်းပတ်ချီအကြာ စနေနေ့တွင် လေတပ်ကာကွယ်‌ေရးဦးစီးချုပ် အေမာ ပရက်ဆင်းကသတင်း ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲများတွင် တိုက်လေယာဉ်များ၊...

မြေမြုပ်မိုင်းထောင်သည်ဆိုသော ထိုင်း၏ စွပ်စွဲချက်ကိုက‌မ္ဘောဒီးယား ငြင်း

က‌မ္ဘောဒီးယားတပ်ဖွဲ့များသည် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်းအသစ်များ ကိုထောင်ခဲ့ သောကြောင့် ထိုင်းစစ်သားတစ်ဦး ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး စစ်သားသုံးဦးကို ဒ-ဏ်ရာရရှိခဲ့သည်ဆိုသော ထိုင်းဘက်က စွပ်စွဲချက်များကို ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ ယနေ့(သြဂုတ်လ ၁၀ ရက်နေ့)၌ ကျင်းပ ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချမ်ဆောင်နီက စွပ်စွဲချက်များသည် အခြေအမြစ်မရှိဆိုကာ ပယ်ချသွားခဲ့သည်။ “ကမ္ဘောဒီးယားအာဏာပိုင်တွေနဲ့အတူ မိုင်းရှင်းလင်းရေးနဲ့ မြေမြုပ်မိုင်းဒဏ်ခံခဲ့ရသူများ အကူအညီပေးရေးအေဂျင်စီအားလုံးက ထိုင်းဘက်ခြမ်းမှ ဒီစွပ်စွဲချက်တွေကို ပယ်ချကာ ရှင်းချက်ထုတ်ထားပြီးပါပြီ” ဟု ၎င်းကပြောကြားခဲ့သည်။ ထိုင်းနိုင်ငံက ရည်ညွှန်းသော ဖြစ်စဉ်နှင့်ပတ်သက်၍ ယနေ့အထိ ယုံကြည်ရလောက်သော သို့မဟုတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071