ကွန်ဂိုသို့ မျောက်ကျောက်ကာကွယ်ဆေးပထမအသုတ် ယနေ့ရောက်မည်

0
160
EDITORS NOTE: Graphic content / A patient with a severe form of the mpox epidemic is treated at the Kavumu hospital, 30 km north of Bukavu in eastern Democratic Republic of Congo, August 24, 2024. - South Kivu province has recorded more than 5,000 cases of monkey pox since the beginning of the year. The Miti-Murhesa health zone, where the Kavumu hospital is located, has seen over 800 cases, including 8 deaths, all of them children under the age of 5. The Democratic Republic of Congo is the global epicenter of the epidemic, with over 16,000 cases reported, including more than 500 deaths. (Photo by Glody MURHABAZI / AFP)

ကင်န်ရှာဆာ၊စက်တင်ဘာ ၅

ပထမအကြိမ်အဖြစ် မျောက်ကျောက် (mpox) ကာကွယ်ဆေးအလုံးရေ ၁၀၀,၀၀၀ နီးပါးသည် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ယနေ့ စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း အာဖရိကသမဂ္ဂ၏ ကျန်းမာရေးစောင့်ကြည့်မှုအဖွဲ့ကပြောကြားခဲ့ပြီး ယခုသီတင်းပတ်အတွင်း စုစုပေါင်း အလုံးရေ ၂၀၀,၀၀၀ အထိရရှိနိုင်မည်ဟုလည်း မျှော်လင့်ထားကြောင်းသိရသည်။

လူဦးရေ သန်း ၁၀၀ ခန့်ရှိသော အပြောကျယ်လှသည့် ဗဟိုအာဖရိကနိုင်ငံသည် mpox ရောဂါဖြစ်ပွားမှု၏ ဗဟိုချက်တွင်ရှိနေပြီး ရောဂါဖြစ်ပွားမှုနှင့် ‌ေ-သဆုံးမှုများလည်းတက်နေသည်။

ကွန်ဂိုနိုင်ငံ၌ ယခုနှစ်အစပိုင်းမှစပြီး နိုင်ငံအတွင်း ကူးစက်ခံရသူ ၁၇,၅၀၀ ကျော်နှင့် ‌ေ-သဆုံးသူ ၆၂၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားသည်။

ကာကွယ်ဆေးထိုးများပါဝင်သည့် ပထမဆုံးလေယာဉ်သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ဒိန်းမတ်မြို့တော် ကိုပင်ဟေဂင်မှထွက်ခွာလာမည်ဖြစ်ပြီး ကြာသပတေးနေ့တွင် ကင်န်ရှာဆာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိမည်ဖြစ်ကြောင်းသိရသည်။

ကျန်ကာကွယ်ဆေး အလုံး ၂၀၀,၀၀၀ကို တင်ဆောင်လာသော နောက်ထပ်လေယာဉ်သည် သီတင်းပတ်မကုန်မီရောက်ရှိလာရန် စီစဉ်ထားကြောင်းလည်း အာဖရိကရောဂါကာကွယ်‌ရေးနှင့်ထိန်းချုပ်ရေးစင်တာကအတည်ပြုခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောကြားချက်အရ ကွန်ဂိုအစိုးရသည် ယခုရက်သတ္တပတ်နှောင်းပိုင်းတွင် ကာကွယ်ဆေးများစတင်ထိုးနှံရန်စီစဉ်ထားသည်ဟုလည်းသိရသည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here