Wednesday, December 17, 2025

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...
HomeNewsLocal Newsရှေးဟောင်းယဉ်‌ကျေးမှုနယ်မြေများ စစ်၏ ဓ-ားစာခံဖြစ်လာမည်ကို...

ရှေးဟောင်းယဉ်‌ကျေးမှုနယ်မြေများ စစ်၏ ဓ-ားစာခံဖြစ်လာမည်ကို စိုးရိမ်ရမည့် အခြေအနေသို့ ရောက်နေပြီလား

မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အမွေအနှစ်များထွန်းကားပြီး သမိုင်းဆိုင်ရာအမွေအနှစ်များဖြင့် အစဉ်အလာကြီးမားသည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်သည်။

အဆိုပါ သမိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များကို တိမ်ကောပပျောက်မသွားစေရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်အတွက်လည်း နိုင်ငံသားတိုင်းက စိတ်အားထက်သန်ကြသည်။

သို့သော် ယခုရက်ပိုင်း အွန်လိုင်းတွင် ပျံ့နှံလျက်ရှိသည့် ရုပ်သံအချို့ကြောင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် သမိုင်းဆိုင်ရာ အဆောက်အအုံများ ပျက်စီးထိခိုက်မှုများနှင့် ကြုံရမည့်အရေး စိတ်ပူစိုးရိမ်နေကြရသည့် အနေအထားကို တွေ့နေရသည်။

ထိုရုပ်သံဖိုင် ပျံ့နှံ့ထွက်ပေါ်လာပြီးနောက် ရှေးဟောင်းပညာရှင်များ၏ စိုးရိမ်သံများ ၊ သတိပေးစကားများပါ တဆက်တည်း ထွက်ပေါ်လာသည်။

ဤသည်ကား အခြားမဟုတ်၊

ဘိုးတော်ဘုရားလက်ထက် မြန်မာနိုင်ငံ၏ အကြီးမားဆုံးအဆောက်အအုံဖြစ်ဟန်တူခဲ့သည့် မင်းကွန်းပုထိုးတော်ကြီး အနီးဝန်းကျင်တွင် စစ်လက်နက်ပစ္စည်းများ ပစ်ခတ်စမ်းသပ်နေသည့် ရုပ်သံဖိုင်တစ်ခု ယခုရက်ပိုင်းတွင် လူမှုကွန်ရက် အသုံးပြုသူများအကြား ပျံ့နှံထွက်ပေါ်နေခြင်း ဖြစ်သည်။

အဆိုပါ နေရာဒေသသည် ရှေးဟောင်းယဉ်ကျေးမှု အစဉ်အလာကြီးမားပြီး သမိုင်းဆိုင်ရာ အထောက်အထားများအရ တန်ဖိုးကြီးမားသော နေရာဖြစ်သည့်အတွက် ထိန်းသိမ်းစောင့်ရှောက်မှုများ လုပ်ဆောင်နေကြရသည့် ဧရိယာဖြစ်ပြီး စစ်ပွဲအတွင်း ဓ-ားစာခံအဖြစ် ပျက်စီးဆုံးရှုံးရမည်ကို ပညာရှင်များက စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ရှေးဟောင်း သုတေသနဆိုင်ရာ ပညာရှင်တစ်ယောက်အနေနဲ့ သုံးသပ်ရရင် ဒီဟာတွေက မဖြစ်သင့်ဘူးပေါ့ဗျာ။ လူမျိုးစုတစ်ခုရဲ့ အဆင့်အတန်း၊ လူမျိုးစုတစ်ခုရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေဆိုတာက ဝုန်းဒိုင်းဆို ချက်ချင်းကြီးဖြစ်လာတာ မဟုတ်ဘူး။ ဒီဟာတွေရဲ့ အောင်မြင်မှု ဆုံးရှုံးမှုဆိုတာတွေက ရှေးကဘိုးဘွားတွေရဲ့ အတွေ့အကြုံတွေ၊ ဘဝတွေနဲ့ ရင်းနှီးခဲ့ကြရတာပေါ့ဗျာ။ ကျွန်တော်တို့ လက်ထက်ရောက်မှ ဒီဟာတွေ ဆုံးရှုံးသွားမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် နှစ်ဦး နှစ်ဘက်ဆုံးရှုံးရတာပေါ့ဗျာ” ဟု ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး ပညာရှင်တစ်ဦးက ပေါ်ပြူလာနယူးသို့ ပြောသည်။

ကမ္ဘာတွင် ဖြစ်ပွား‌လျက်ရှိသည့် စစ်ပွဲများ၌ပင် ယဉ်ကျေးမှု အမွေအနှစ်နေရာများ ထိခိုက်
ပျက်စီးမှုများ ရှိနေသည်ဟုဆိုရမည်ဖြစ်သော်လည်း ယင်းကဲ့သို့ အဖြစ်အပျက်များ မဖြစ်ပေါ်စေရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ပညာရှင်များက သတိပေးမှုများ၊ အကြံပြုမှုများကို အစဉ်အမြဲ လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် စစ်ပွဲဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများ၊ ကတိကဝတ်များ၌လည်း ရှေးဟောင်းအမွေအနှစ်နေရာများ၌ စစ်ပွဲများမဖော်ဆောင်ရန်နှင့် မလွှဲမရှောင်သာ ဖြစ်ပေါ်ခဲ့ပါကလည်း အဆိုပါ နေရာဒေသများအား အကာအကွယ်ပေးရန် အတိအလင်း ထည့်သွင်းဖော်ပြထားပြီးဖြစ်သည်။

” နှစ်ဘက်စလုံးရဲ့ ကျင့်ဝတ်နဲ့ ဆိုင်တာပေါ့။ အခုဖြစ်နေတဲ့ဟာကလည်း ပြည်ပစစ်မဟုတ်ဘူးလေ။ ပြည်တွင်းစစ် ဖြစ်နေတဲ့အတွက် နှစ်ဘက်စလုံးရဲ့ အမွေအနှစ်နဲ့ ဆိုင်တာပေါ့။ နှစ်ဘက်စလုံးရဲ့ ဘိုးဘွားတွေလေ။ ဒါကြောင့် ကျွန်တော်တို့ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်သူတွေ၊ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်တဲ့ ပရဟိတအသင်းတွေရဲ့ လုပ်ငန်းစဉ်တွေကိုတော့ နှစ်ဘက်စလုံးက လေးစားမှုထားသင့်တာပေါ့နော်” ဟု ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်သူ ပညာရှင်တစ်ဦးက ဆိုသည်။

မည်သည့်ရက် ၊ မည်သည့်အချိန်က အဆိုပါ ပစ်ခတ်စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ကို အတည်မပြုနိုင်သော်လည်း ယင်း လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည့် နေရာမှာ မင်းကွန်း ပုထိုးတော်ကြီးအနီးရှိ ဘုရားရင်ပြင်တော်ပေါ် ၌ဖြစ်ပြီး ပစ်ခတ်မှုလုပ်နေသည့် မြင်ကွင်းတွင် ရှေးဟောင်းမဟာရံတံတိုင်းဖြစ်သလို ရှေးဟောင်းအဆောက်အဦ ပရဝုဏ်ရင်ပြင်တော်ပေါ်ကို အခြေယူပြီး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းပညာရှင်များက သုံးသပ်ပြောဆိုကြသည်။

မြန်မာနိုင်ငံတွင် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ ညောင်ရမ်း၊ အမရပူရခေတ်များအပါအဝင် ရှေးမြန်မာ ဘုရင်များ နန်းစိုက်ခဲ့ရာ နန်းတော်ရာများအပြင် ပျူ၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ရှေးခေတ်လူမျိုးစုများ အခြေချနေထိုင်ခဲ့ရာ မြို့ရွာနှင့် နေရာဒေသများစွာ၏ ယဉ်ကျေးမှုထွန်းကားရာ သမိုင်းအမွေအနှစ်ပေါင်းများစွာ သည် ယခုအချိန်ထိ ကျန်ရှိနေဆဲပင်ဖြစ်သည်။

အဆိုပါ ဒေသများတွင် ရှေးမြန်မာများ၏ နေထိုင်မှုပုံစံများ၊ ယဉ်ကျေးမှု စံတန်ဖိုးများကို ယနေ့အချိန်ထိ လေ့လာမှတ်သား အတုယူနေရဆဲလည်း ဖြစ်သည်။

သို့သော် ယခုအခါတွင် အဆိုပါ ရှေးမြန်မာများနှင့် မိမိတို့၏ ဘိုးဘွားအမွေအနှစ် ယဉ်ကျေးမှုများ ပျက်စီး ဆုံးရှုံးနိုင်ခြေမြင့်မားသည့် စစ်ရေးပြင်ဆင်မှုများ၊ တိုက်ပွဲဖော်ဆောင်မှုများကို လုပ်ဆောင်လာမည့် အရေးကို စိုးရိမ်ပူပန်ကြမည့်အခြေအနေသို့ ဆိုက်လာနေပြီဖြစ်သည်။မေးခွန်းထုတ်စရာ အခြေအနေပင် ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်းကလည်း သမိုင်းအစဉ်အလာ ကြီးမားခဲ့သည့် ရခိုင်ပြည်နယ်
အတွင်းက မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေအနီးတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည့်အတွက် ရှေးဟောင်း သာသနိက အဆောက်အအုံအချို့နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးဆုံးရှုံးရမည့်အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။

ထိုစဉ်ကလည်း ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ပညာရှင်များ စိုးရိမ်စိတ်ဖြင့် သတိပေးစကားများ ပြောခဲ့ရသည်ကို တွေ့မြင်ခဲ့ရသည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီအနီးတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်း၊ ပုဂံဒေသရှိ တန့်ကြည်တောင်စေတီတွင် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူအချို့ ထိခိုက်‌ေ-သဆုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်များလည်းဖြစ်ပွားခဲ့သေးသည်။

ထို့ကြောင့် လက်ရှိ ပါဝင်ပတ်သက်နေသည့် နှစ်ဘက်အဖွဲ့အစည်းများအနေဖြင့် ‌ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်နေရာဒေသများအား ထိခိုက်ဆုံးရှုံးမှု မရှိအောင် ဉာဏ်ပညာဖြင့် စဉ်းစားဆင်ခြင်ပြီး ကြိုတင်ရှောင်ရှားနိုင်ကြရန် အကြုံပြုမှုများကိုလည်း ပညာရှင်များက အသိပေးလျက်ရှိနေသည်။

ရှေးအစဉ်အဆက်က ဘိုးဘွားဘီဘင်တို့၏ အမွေအနှစ်များ၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တန်းဝင် သမိုင်းဆိုင်ရာ အဆောက်အအုံများ စစ်ကြောင့် ပျက်စီးဆုံးရှုံးရမည့်ဘေးမှ ချမ်းသာရာရနိုင်ရန် ကျင့်ဝတ် စည်းကမ်းများ လေးစားလိုက်နာ တန်ဖိုးထားကာ အကြံပြုမှုများကိုလည်း နှစ်ဘက်အဖွဲ့အစည်းများမှ လေးစားလိုက်နာကြရန်ပညာရှင်များက ပြောဆိုနေကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လေယာဉ်တင်သင်္ဘော ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း

တရုတ်နိုင်ငံ၏ အသစ်လွင်ဆုံးနှင့် ခေတ်အမီဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်းသည် အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ လေယာဉ်တင်သင်္ဘောသည် ပြီးခဲ့သည့်လတွင် တရားဝင်တပ်တော်ဝင်ခဲ့ပြီးနောက်ပိုင်း ရေလက်ကြားကို ပထမဆုံအကြိမ် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။ တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်သော ထိုင်ဝမ်သည် ကျွန်းတစ်ဝိုက်တွင် တရုတ်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကို နေ့စဉ်နီးပါး သတင်းထုတ်ပြန်လျက်ရှိသည်။ တရုတ်စစ်တပ်၏ အဆိုပါလှုပ်ရှားမှုများသည် ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရအပေါ် ဖိအားပေးသည့် အစီအမံတစ်ရပ်ဖြစ်သည်ဟု တိုင်ပေက ရှုမြင်သည်။ ယမန်နေ့က ဖူကျန်းသည် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့ပြီး ၎င်းကို ထိုင်ဝမ်တပ်ဖွဲ့များက စောင့်ကြည့်နေခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက...

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071