Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsနေကြာသီးနှံ ကို မိုးနှင့်ဆောင်းစိုက်ဧက...

နေကြာသီးနှံ ကို မိုးနှင့်ဆောင်းစိုက်ဧက ၁ သန်းကျော် လျာထားပြီး သီးညှပ်ထက် သီးထပ်အဖြစ်စိုက်ပျိုးမည်

ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်း မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဩဂုတ် (၁၇) ရက်နှင့် (၁၈) ရက်တွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့နှင့် သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံစီမံကိန်းများ လုပ်ငန်းဆိုင်ရာများ၊ နေကြာသီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ဆွေးနွေးရာတွင် ပြည်တွင်းစားသုံးဆီဖူလုံရေး မျှော်မှန်းချက်အောင်မြင်စေရန် နေကြာသီးနှံကို သီးညှပ်စိုက်ခြင်းထက် သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် တိုင်းဒေသကြီး ပြည်နယ်များအလိုက် စိုက်ဧကများ လျာထားသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အသီးသီး၌ နေကြာသီးနှံစိုက်ပျိုးခြင်းကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိုးနှင့်ဆောင်းစိုက်ဧက ၁ ဒသမ ၀၉ သန်း လျာထားဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် မိုးနှင့်ဆောင်း စုစုပေါင်းစိုက်ဧက ၃ ဒသမ ၀၇ သန်း စိုက်ပျိုးရန် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေကြာပွင့်များ အစေ့အဆန်ပြည့်အောင်မြင်ပြီး ဆီထွက်နှုန်းကောင်းမွန်စေရန်အတွက် ဝတ်မှုန်ကူးစက်မှုအကျိုးပြု ပျားမွေးမြူရေးကို တောင်သူများ တွဲဖက်လုပ်ကိုင်နိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ကြောင်း သိရသည်။

အလားတူ ဝတ်မှုန်ကူးအင်းဆက်ပိုးမွှားများ ရှင်သန်ပေါက်ပွားမှုကို ထိခိုက်စေသည့် ပိုးသတ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက်ကိုလည်း တောင်သူများကို အသိပညာပေးစည်းရုံးသွားရန်လိုအပ်ကြောင်း၊ ဝါသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်ခြင်းကို ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၇-၂၀၂၈ ခုနှစ်ထိ နှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး၌ ဝါစိုက်ဧက ၇၀၀၀၀၀ စိုက်ပျိုးသွားနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071