Friday, May 23, 2025

ရုရှားနှင့်အကျဉ်းသားလဲလှယ်ရေးပြင်ဆင်ဆောင်ရွက်နေ–ယူကရိန်း

ကိဗ်၊မေ ၂၂ ယူကရိန်းသမ္မတဇယ်လန်းစကီးက ရုရှားနှင့် အကျဉ်းသား (၁,၀၀၀) လဲလှယ်ရန်အတွက် ပြင်ဆင်ရန်အစည်းအဝေးကျင်းပခဲ့ကြောင်း ကြာသပတေးနေ့တွင် ကြေငြာလိုက်သည်။ အဆိုပါအစည်းအဝေးအပြီး၌ ယူကရိန်းသမ္မတက ကာကွယ်ရေးဝန်ကြီးသည် မေလ ၁၆...

MNL League Cup-2025 ပြိုင်ပွဲ...

ရတနာပုံ FC အသင်းသည် MNL League Cup-2025 အုပ် စုပွဲစဉ် (၃)ပွဲကစားပြီးနောက် ရမှတ်(၉)မှတ်ဖြင့် Quarter Final အဆင့်သို့...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...
HomeInterviewsဒါရိုက်တာ ပန်းချီစိုးမိုး နှင့်...

ဒါရိုက်တာ ပန်းချီစိုးမိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

သြဂုတ် ၁၁ရက်မှ ၁၅ရက် အထိပြုလုပ်ခဲ့သည့် ကိုရီးယား လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ‘ကြယ်စင်မော် ကွန်း’ဇာတ်ကားကို ဝင်ရောက်ပြသခဲ့သည်။ အဆိုပါပွဲတော်တွင် နိုင်ငံ တကာမှ ရုပ်ရှင် ကားများ လည်း ဝင်ရောက်ပြသခဲ့ရာ ‘ကြယ်စင်မော်ကွန်း’ ဇာတ် ကား အပေါ် နိုင်ငံ တကာအမြင်များနှင့် ပတ်သက်၍ ဒါရိုက်တာ ပန်းချီစိုးမိုးကို တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
kyal-sin-maw-kon-1
ကိုးရီးယားလွတ်လပ်ရေးရုပ်ရှင်ပွဲ တော်မှာ ကြယ်စင်မော်ကွန်းဇာတ် ကားကို ရွေးချယ်ပြသဖြစ်တဲ့ အကြောင်းကို အရင်ဆုံး သိပါရ စေရှင့်။

ကိုးရီးယားနိုင်ငံကနေပြီးတော့ လွတ်လပ်ရေးပွဲတော်မှာ ကျွန်တော့်ကိုဖိတ်ကြားတယ်။ လေးစားမှုအနေနဲ့ ကျွန်တော်လည်း မြန်မာ နိုင်ငံလွတ်လပ်ရေးရအောင် တိုက်ယူခဲ့တဲ့ အာဇာနည် သူရဲကောင်း တွေကို ဂုဏ်ပြုတဲ့ အနေနဲ့အဲဒီပွဲမှာ ကြယ်စင်မော်ကွန်း ဇာတ်ကားကို ပြသခဲ့တယ်။ မြန်မာမှာပြတဲ့ ဇာတ်ကားနဲ့ နည်းနည်းကွဲ သွားတယ်။လိုတိုး ပိုလျှော့တွေ လုပ်ပြီး အဆုံးသတ်ကို ယနေ့အင်အားကောင်းတဲ့ တပ်မတော်အခမ်းအနားနဲ့ သိမ်း လိုက်တယ်။ နောက်ခံသီချင်းကို လည်းအသစ်ပြန် ထည့်ထား တယ်။

ပွဲတော်မှာ ကြယ်စင်မော်ကွန်း ဇာတ်ကားအပေါ် စိတ်ဝင်စားမှု ဘယ်လောက်အထိ ရှိခဲ့ပါသလဲ။

သူတို့ဘက်က စိတ်ဝင်စားမှု က တော်တော်လေး ရှိခဲ့ပါတယ်။  အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးကို ဘယ်လိုကြိုးပမ်း ခဲ့လဲ၊  ဗိုလ်ချုပ်အောင်ဆန်း ဘာ ကြောင့် တပ်မတော် ထူထောင်လဲ စိတ်ဝင်စားကြတယ်။ ဗိုလ်ချုပ်ဈာပန အခမ်းအနားမှာ သူတို့နိုင်ငံ အကြီးအကဲရဲ့မြေးဆိုမျက်ရည်ကျတယ်။ ကိုယ့်နိုင်ငံ လွတ်လပ်ရေး နဲ့ပတ်သက် ပြီး ပြည်သူတိုင်းမှာ မတူ ညီတဲ့ အရာတွေရှိကြတယ်လေ။ ကိုးရီးယားရောက်နေတဲ့ မြန်မာ တော်တော်များများ လည်းလာကြည့် ကြတယ်။ရုပ်ရှင်ကား တစ် ကား အောင်မြင်တာ နဲ့မတူဘူး။

untitled-1
ဦးအနေနဲ့ ကိုရီးယားက အနုပညာ နဲ့ပတ်သက်ပြီးလည်း လေ့လာခဲ့ တယ်လို့ သိရပါတယ်။ သူတို့ အနု ပညာအောင်မြင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နဲ့ နှိုင်း ယှဉ်သုံးသပ်ပေး ပါဦးရှင့်။

အထူးသဖြင့် ကိုးရီးယားတွေ က တယ်လီဗေးရှင်းစီးရီးတွေမှာ အောင်မြင်တယ်။ သူတို့အောင်မြင် တာက အချက်တွေအများကြီးပဲ။ အထူးသဖြင့် သူတို့အစိုးရက ပံ့ပိုး တယ်။ အနုပညာရှင်တွေ စည်းလုံး တယ်။ အနုပညာရှင်တွေ ကိုယ် တိုင်က အသစ်အဆန်းတွေကို ဖန်တီးလိုစိတ်ရှိတယ်။ ကိုရီးယား မှာပဲ အောင်မြင်ရမယ် အဲဒီလို စိတ်မျိုး မရှိဘူး။ တစ်ကမ္ဘာလုံးအထိ အောင်မြင်ရမယ်၊ အဲလိုစိတ်မျိုးရှိ တယ်။ သူတို့မှာ ရုပ်ရှင်ကအထိုက် အလျောက်ပဲ အောင်မြင်တယ်။ ရုပ်ရှင်ဆိုရင် ဟောလိဝုဒ်၊ ဘော လိဝုဒ်တို့ကတော့ ရုပ် ရှင်ကအောင် မြင်တယ်။ ကုန်ကျစရိတ်ဆိုရင် လည်း ရဲရဲစိုက်ထုတ်တယ်။ အနုပညာအရည်အသွေးတွေကိုလည်း အမြဲအသစ်ဖြစ်အောင် ဖန်တီးကြတယ်။ ကိုရီးယားစီးရီးေ အာင်မြင် တာ ဦးဆောင်လုပ်တဲ့လူတော်တယ်။ စေတနာပါတယ်၊ စေတနာထားဖို့ ကိုယ့်အတွက် ကိုယ်တိုင်းပြည် အတွက်သာမက ကြည့်တဲ့ပရိ သတ် တွေကိုပါ စေတနာ ထား ရတယ်။ ကိုရီးယားတွေက ရုပ်ရှင်ထဲမှာ မြင် သလောက် မယဉ်ကျေးဘူး။ ဒါပေမယ့် တစ်ကမ္ဘာလုံးက သူတို့ လူနေမှု၊ အစားအသောက်တွေ လူ စိတ်ဝင်စားအောင် ရုပ် ရှင်တွေနဲ့ ဆွဲဆောင်တယ်။ မြန်မာမှာက ဒါတွေကို အားမပေးဘူး။ ဒါတွေကို မြင်သင့်ပြီ။

မန်မာနိုင်ငံမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ နန်းတွင်းအဖြစ်အပျက် တွေအများကြီးရှိတယ်။ ဒါကို အနုပညာနဲ့ တကယ့်အဖြစ်အပျက် ကိုဖန်တီးနိုင် ရင်ေ ကာ နိုင်ငံ တကာ မှာ နေရာတစ်ခုရလာနိုင်မယ်လို့ ယုံကြည်ပါသလား။

ဘက်ပေါင်းစုံကနေ အရည် အချင်းအပြည့်နဲ့ ဖန်တီးနိုင်ရင် မဖြစ်လာနိုင်စရာ အကြောင်းမရှိ ဘူး။ နိုင်ငံတကာအထိ ထိုးဖောက် နိုင်တဲ့ အလားအလာတွေအများ ကြီးရှိတယ်။ ကုန်းဘောင်ခေတ်၊ အင်းဝခေတ် အများကြီးရှိတယ်။ ခက်တာက နန်းတွင်းအကြောင်း အရာနဲ့ပတ်သက်ပြီး နိုင်ငံခြားသား ကရေးသွားတယ်။ ဒါကိုဆရာပါရဂူ တို့က ဘာ သာပြန်တယ်။ ဥပမာ ရေနံ့သာခင်ခင်ကြီး၊ စုဖုရားလတ်၊ အဲဒါရိုက်မယ်ဆိုရင် ငွေရေးကြေး ရေး၊ အချိန်၊ တကယ်လုပ်နိုင်တဲ့ ပညာရှင်လိုတယ်။ ပြီးတော့နိုင်ငံ တော်က ပံ့ပိုး မှုတွေ အများကြီးလို အပ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ ဝင်ငွေအများဆုံးရှာပေးနိုင်တဲ့အထဲမှာ အနုပညာပါဝင်တယ်။ ဒါကို အသုံးချရကောင်းမှန်း နိုင်ငံတော် က မသိခဲ့တာပါ။ သူများ ဘာ လုပ် နေတုန်းမသိသမျှ ကိုယ်ဘာလုပ်ရ ကောင်းမှန်းမသိဘူး။ သိသွားရင် ငွေရေးကြေးရေးနဲ့ အောင်မြင်မှု ခွဲခြားလာလိမ့်မယ်။ အနုပညာရှင် တွေမှာလည်း အင်တာ နယ် ရှင်နယ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ် ကလေးတွေမွေးမယ်ဆိုရင် သိပ် ကောင်းမှာပဲ။ ပိုက်ဆံဘယ်လောက် ရမလဲဆိုတာထက် ငါတို့ကား ဘယ်လောက်ကောင်းအောင် ရိုက် မလဲ၊ နိုင်ငံဘယ်နှနိုင်ငံတွေထိ ပြနိုင်မလဲ တွေးရမယ်။ ၁ဝ နာရီကို ၂ နာရီမှလာတယ် ရိုက်တဲ့သူက တော့ လာသလိုရိုက်သွားမှာပဲ။ မြန်မာပြည် ထုတ်လုပ်သူတွေက တကယ့် ထိတ်ထိတ်ကြဲ ချမ်းသာတဲ့ ထုတ်လုပ်သူတွေ မရှိပါဘူး။ အဲဒီ တော့ နိုင်ငံတော်က ပါကိုပါရမယ်။

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071