Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeNewsLocal Newsမန္တလေးမြို့တွင် စက်သုံးဆီများ အချိန်ကြာမြင့်စွာ...

မန္တလေးမြို့တွင် စက်သုံးဆီများ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရခြင်း‌ကြောင့် ယာဉ်အသွားအလာ သိသာစွာလျော့နည်းလာ

မန္တလေးမြို့တွင် စက်သုံးဆီများကို အရောင်းဆိုင်ကြီးများ၌ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရသော်လည်း ဝယ်ယူ ရရှိရန် ခက်ခဲ့လာခြင်းနှင့်အတူ ယာဉ်မောင်းများ မလိုအပ်ဘဲ အပြင်မထွက်သောကြောင့် မြို့တွင်းလမ်းမများပေါ်၌ ယာဉ်အသွားအလာ သိသာစွာလျော့နည်းလာကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ထို့အတူ စက်သုံးဆီမှာ ပြင်ပဈေးကွက်တွင်လည်း (၁)လီတာ ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀)အထိ ဈေးအလွန်မြင့်မားခြင်းနှင့် ဝယ်ယူရခက်ခဲခြင်းတို့ကြောင့် မြို့တွင်းလမ်းမများပေါ်၌ ယာဉ်အသွားအလာ သိသာစွာလျော့နည်းလာကြောင်း မြို့ခံများထံမှ သိရသည်။

မန္တလေးမြို့အတွင်း စက်သုံးဆီများကို အချိန်ကြာမြင့်စွာတန်းစီဝယ်ယူနေရသည်မှာ ဩဂုတ် (၃)ရက်တွင် (၅) ရက် မြောက်ဖြစ်လာပြီး ယာဉ်ပိုင်ရှင်အများစုမှာ စက်သုံးဆီအရောင်းဆိုင်ကြီးများရှေ့၌ ညအိပ်တန်းစီ စောင့်ဆိုင်းဝယ်ယူသူများပင်ရှိကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

“ကျွန်တော်တို့ဆီမှာ ဓါတ်ဆီကို ဆိုင်ကယ်၊ မီနီအိုးဝေ၊ ထော်လာဂျီလိုမျိုး ယာဉ်တွေကို ဦးစားပေး ရောင်းချတယ်။ ကားတွေကိုတော့ ခွဲတန်းနဲ့ တန်းစီဝယ်ရတာ။ လိုသလောက်လည်း မရဘူး။ အဲ့ဒီတော့ အပြင်မထွက်တော့ဘူး။ အဲ့တော့ မြို့တွင်းမှာ လမ်းတွေရှင်းနေတာပေါ့။ ဓါတ်ဆီက ပြင်ပ ပေါက်ဈေးကလည်း တော်တော်မြင့်နေတယ်။ တစ်လီတာ တစ်သောင်းနီးပါးနဲ့ကို ဝယ်နေရတယ်။”ဟု မန္တလေးမြို့ခံ တစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ဓါတ်ဆီ ပြင်ပအရောင်းဈေးကွက်တွင် တစ်လီတာ ကျပ် (၈၀၀၀)မှ ကျပ် (၁၀၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိသော်လည်း ဝယ်ယူရခက်ခဲကြောင်း မန္တလေးမြို့ ဒေသခံ တစ်ဦးက ဆိုသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ဩဂုတ် (၃)ရက် နံနက်ပိုင်း ထုတ်ပြန်သည့် ရည်ညွှန်းလက်လီဈေးနှုန်းများအရ မန္တလေးမြို့တွင် 92 တစ်လီတာ (၂၈၅၀) ကျပ်၊ 95 တစ်လီတာ (၂၉၇၅)ကျပ် ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြား၌ မိုးအဆက်မပြတ်ရွာသွန်းပြီး နေရာအချို့တွင် ရေကြီးရေလျှံမှုများ ကြောင့် သီလဝါဆိပ်ကမ်း Terminal များ၌ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ် နှောင့်နှေးကြန့်ကြာနေရကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုထားသည်။

ထို့ကြောင့် ဆီတင်ယာဉ်များဖြင့် ဒေသအနှံ့အပြားသို့ ပို့ဆောင်ရာတွင်လည်း အချို့ဒေသများ၏ လမ်းခရီး အခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်းများရှိနေရကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ပြောဆိုထားသည်။

စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သီလဝါ ဆိပ်ကမ်းဒေသရှိ သိုလှောင်ကန်စခန်းများ၌ ၂၀၂၄ ခုနှစ် ဩဂုတ်လ ဒုတိယပတ်ကုန်အထိ စက်သုံးဆီ ဖူလုံစွာ သုံးစွဲနိုင်ရေး ကြိုတင်သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများဖြင့်လည်း စဉ်ဆက်မပြတ် ဝင်ရောက်ရန် စီမံထားကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် အများပြည်သူအနေဖြင့် မကြာမီစက်သုံးဆီ ပြတ်လပ်မည်ဆိုသည့် ကောလဟာလ သတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်၍ တဆင့်ပြန်လည်ရောင်းချခြင်းတို့ကို မပြုလုပ်ကြပါရန်၊ သုံးစွဲရန်လိုအပ်သည့် ပမာဏကိုသာ ဝယ်ယူသုံးစွဲကြပါရန်၊ အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် ရောင်းချမပေးခြင်းမျိုး မပြုလုပ်ကြစေရေး စနစ်တကျ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော် ယာယီသမ္မတပြော

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ နိုင်ငံတကာအဆင့်မှီ အနုပညာဗဟိုဌာန(ရန်ကုန်)အဆောက်အအုံတည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတအား ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရှင်းလင်းတင်ပြရာ နိုင်ငံတော် ယာယီသမ္မတမှ နိုင်ငံတကာအဆင့်မီ အနုပညာဗဟိုဌာန(ရန်ကုန်)အား မူလရည်မှန်းချက်များနှင့်အညီဖြစ်စေရေး ဆက်လက်အကောင်အထည်ဖော်တည်ဆောက်ရန်၊ ထိုသို့ တည်ဆောက်ရာ၌ အဆင့်မီသည့်ဆက်တင်များ၊ Lighting စနစ်များ၊ အသံစနစ်များကို စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ယခုအနုပညာဗဟိုဌာနအတွင်း အော်ပရာပြဇာတ်များတင်ဆက်ပြသနိုင်သည့်အဆင့်ဖြစ်အောင်...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သင်တန်းဆင်းအ မျိုးသမီးအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအမျိုးသမီးအရာရှိများ၊ ညစာစားပွဲတက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ပြီးတပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)ဂုဏ်ပြုစစ်တီးဝိုင်းတပ်ခွဲက ဂုဏ်ပြုတီးမှုတ်မှုအားကြည့်ရှု၍ ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မြဝတီသဘင်ဆောင်၌ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့၏တေးသီချင်းများ၊ တစ်ခန်းရပ်ပြဇာတ်ဖြင့်ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများအားကြည့်ရှုအား ပေးခဲ့သည်။ ဂုဏ်ပြုညစာစားပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ် ချုပ်ကြီးထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံတင်နှင့် UID များပြု လုပ်ပေး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို လပွတ္တာမြို့ရှိ အောင်တော်မူဘုရားဝန်းအတွင်းရှိ၊ တာဝတိံသာတန်ဆောင်း၌ ယနေ့ ဒီဇင် ဘာ ၁၂ ရက်နံနက်ပိုင်းမှစတင်ကာပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ သန်းခေါင်စာရင်းနှင့် မှတ်ပုံတင်ပျောက်ဆုံးသွားသူ များ၊ မှတ်ပုံတင်မရရှိသေးသူများကို ပြုလုပ်ပေးခဲ့ကြသည့်အပြင် မှတ်ပုံတင်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID နံပတ်တစ်ပါတည်းထုတ်ပေးခြင်းများကိုပြုလုပ်ခဒ့ကြကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071