Monday, December 15, 2025

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း...

နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်...

ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်‌ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင်ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က...
HomeNewsLocal Newsအာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN...

အာဆီယံ ဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ပြိုင်ပွဲတွင် မြန်မာနှင့်ထိုင်း ပူးတွဲကြေးတံဆိပ်ရ

အာဆီယံဒေသတွင်း ဆေးလိပ်ငွေ့ကင်းစင်စေရန် ရည်ရွယ်၍ အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေးမိတ်ဖက်အဖွဲ့ (South East Asia Tobacco Control Alliance) နှင့် အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးတို့ ပူးပေါင်းဆောင်ရွက်သည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းနိုင်ငံမှ ပူးတွဲကြေးတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ၂၀၂၂ ခုနှစ် မေ (၁၃) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပဆောင်ရွက်ခဲ့သော (၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် စတင်မိတ်ဆက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆေးလိပ်ငွေ့ကင်းစင်ဒေသများ ထူထောင်ထားရှိသည့်အနက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စိစစ်ရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်း၍ သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းဖြင့် စိစစ်ရွေးချယ်ခဲ့ပြီး ရွှေတံဆိပ် (Gold) ကို ဖိလစ်ပိုင်နိုင်ငံ IIoilo City ကလည်းကောင်း၊ ငွေတံဆိပ် (Silver) ကို အင်ဒိုနီးရှားနိုင်ငံ Bogor City ကလည်းကောင်း၊ ကြေးတံဆိပ် (Bronze) ကို ထိုင်းနိုင်ငံ Saensuk Municip ality နှင့် မြန်မာနိုင်ငံ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတို့က ပူးတွဲ၍လည်းကောင်း၊ နှစ်သိမ့်ဆုအဖြစ် လာအိုနိုင်ငံ Luang Prabang ကလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှရရှိသည့် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဒေသဆု (ASEAN Smoke Free Award) ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်တွင် လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ ကျင်းပဆောင်ရွက်မည့် (၁၆) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးတွင် အခမ်းအနား အစီအစဉ်တစ်ရပ်ဖြင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Photo credit – Vietravel

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့ နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာရီ ၄၄ မိနစ်၌မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ (၅၂)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်ရက်ဖြစ်သည့် ယနေ့ ဒီဇင် ဘာ ၁၄ ရက်က သံဃပူဇာအဖြစ် ဆရာတော်၊ သံဃာ တော်များနှင့် သီလရှင်များကို ဆွမ်းဆန်တော်များလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ဗိုလ်တထောင်စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ်ဆရာ တော်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်ဆရာတော်တို့အမှူးပြုသော ဆရာတော်၊ သံ ဃာတော်(၁၀၈)ပါးနှင့် သီလရှင်(၅၄)ပါးတို့အား ဆွမ်း ဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူ ဒါန်းခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071