Monday, May 4, 2026

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့်...

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများနှင့် စက်မှုကဏ္ဍ၊ ရင်းနှီးမြှပ်နှံမှုကဏ္ဍများတွင်အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်က ပြောသည်။ မြန်မာသံအမတ်ကြီးက တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့တွင် ဧပြီ...
HomeNewsFootballဥ‌ရောပကလပ်အသင်းများပါဝင်မည့် U-12 Junior...

ဥ‌ရောပကလပ်အသင်းများပါဝင်မည့် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

နာမည်ကြီး ဥရောပဘောလုံးကလပ် အသင်းများပါဝင်မည့် U-12 Junior Soccer World Challenge 2024 ပြိုင်ပွဲ မြန်မာ ယူ-၁၂ အသင်းဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ ချီဘားမြို့တွင် လာမည့် သြဂုတ်လ (၂၀)ရက်မှ (၂၄) ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ ယူ-၁၂ အသင်းအား ကစားသမား (၂၈) ဦးဖြင့် ဖွဲ့စည်းထားပြီး လေ့ကျင့်မှုများ ပြုလုပ်စေခြင်း၊ ခြေစမ်းပွဲများ ယှဉ်ပြိုင်စေခြင်းများ ပြုလုပ်ပြီးနောက် အပြီးသတ် (၁၈)ဦး ရွေးချယ်၍ ပြိုင်ပွဲဝင်ရောက်သွားမည်ဖြစ်သည်။

ပဏာမ မြန်မာယူ – ၁၂ အသင်းသည် ရန်ကုန်နှင့် မန္တလေးဘောလုံး အကယ်ဒမီတို့တွင် ဩဂုတ်လဆန်းပိုင်းအထိ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ပြိုင်ပွဲတွင် မြန်မာ ယူ-၁၂ အသင်း အပါအဝင်အသင်း (၄၈)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ မြန်မာအသင်းသည် အုပ်စု (D)၌ ဂျပန်ကလပ် အသင်းများဖြစ်သည့် Tozuka Football Club Junior၊ Kashima Antlers Norte ၊ FC Basara Hyogo တို့နှင့် ကျရောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ U-12 Junior Soccer World Challenge ပြိုင်ပွဲသည် Osaka Football Association မှ ဦးစီးကျင်းပသော အသက် (၁၂) နှစ်အောက် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲ တစ်ခုဖြစ်သည်။

ယင်းပြိုင်ပွဲကို၂၀၁၃ က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အစောပိုင်း ၂၀၁၃ – ၂၀၁၇ အထိ Amazing Sports Lab Japan နှင့် Tokyo Football Association တို့မှ ဦးစီးကျင်းပခဲ့သ ည်။

ပထမဆုံးပြိုင်ပွဲကို ၂၀၁၃ သြဂုတ်(၂၇)ရက် တွင် စတင်ပြုလုပ်ခဲ့ပြီး အသင်းပေါင်း (၁၂) သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဘာစီလိုနာအသင်းက လီဗာပူးလ်ကို အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဒုတိယအကြိမ် ပြိုင်ပွဲတွင် အသင်းပေါင်း (၁၆) သင်း ရှိလာပြီး ဘာစီလိုနာ၊ အေစီမီလန် စသည့် ဥရောပ ထိပ်တန်း နှစ်သင်းအပြင် အင်ဒိုနီးရှားကလပ် Asiop Apacinti အသင်း၊ ဂျပန်အခြေစိုက် ကလပ်အသင်းငယ်များ၊ ဂျေလိဂ် ကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယင်းပြိုင်ပွဲတွင်လည်း ဘာစီလိုနာအသင်းက ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့သည်။

၂၀၁၅ တွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် ပြိုင်ပွဲတွင် စပိန်မှ ဘာစီလိုနာနှင့် အက်စ်ပန်ညို၊ အာဂျင်တီးနားမှ ဒီပို့တီဗို ကာမီအိုနီရို့စ်၊ ဗီယက်နမ်မှ ယူ – ၁၂ လက်ရွေးစင် အသင်းများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

ယင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် (၂)နှစ်ဆက် ချန်ပီယံဆုရထားသည့် ဘာစီလိုနာအသင်းမှ တိုကျို ယူ – ၁၂ အသင်းကို အရေးနိမ့်ပြီး ဗိုလ်လုပွဲတွင် တိုကျို ယူ – ၁၂ အသင်းနှင့် အက်စ်ပန်ညိုတို့ ဆုံတွေ့ခဲ့ပြီးပွဲချိန်အတွင်း သရေကျနေ၍ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာအက်စ်ပန်ညိုက အနိုင်ရပြီး ချန်ပီယံ ဖြစ်ခဲ့သည်။

ယင်းနောက် ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှု များလာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် အာဆင်နယ်နှင့် မန်စီးတီး၊ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ် စသည့်အသင်းများ အပြင် တရုတ်၊ ထိုင်း၊ စင်ကာပူ၊ သြစတြေးလျ၊ နိုင်ဂျီးရီးယားတို့မှ အသင်းများလည်းဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၃ က ကျင်းပသည့် ပြိုင်ပွဲတွင် မြန်မာ ယူ – ၁၂ အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုတွင်း၌ ပြိုင်ပွဲ၏ အအောင်မြင်ဆုံးဖြစ်သော ဘာစီလိုနာအသင်းနှင့် တွေ့ဆုံခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပိဋကသုံးပုံ အဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

ဆဋ္ဌသင်္ဂါယနာတင်ဋီကာကျမ်းစာ ၂၆ အုပ်ကို ကွန်ပျူတာစာမူပြုစုခြင်းလည်း စတင်ဆောင်ရွက်လျက်ရှိ ပိဋကသုံးပုံအဋ္ဌကထာကွန်ပျူတာ စာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ ကို မေ ၃ ရက်က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇသန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသအမှူးပြုသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာသင်တိုက်ကြီးများမှ ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊...

တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို ပြန်ဖွင့်မည်ဟု သိရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ တစ်နှစ်ကျော်ကြာ ပိတ်ထားခဲ့ရသော သင်္ဃန်းညီနောင် အထက်တန်းကျောင်းကို လာမည့် ပညာသင်နှစ်တွင် ပြန်ဖွင့်မည် ဟု သိရသည်။ လတ်တလော၌ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဒေသတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များက (ဧပြီ ၃ ရက်)နေ့တွင် စုပေါင်းသန့်ရှင်းရေးနှင့် လိုအပ်သည်များဆောင်ရွက်နေကြကြောင်း သိရသည်။ ကျောင်းဆောင်အတွင်း လက်နက်ကြီးကျည်ကျပြီး ပျက်စီးနေမှုများရှိကာ လက်နက်ငယ်ကျ၍ ဇကာပေါက်ဖြစ်နေသော ခေါင်မိုးများ၊ မျက်နှာကြက်များ၊ စာရေးစားပွဲခုံများ၊ နံရံများကို ပြန်လည်ပြုပြင်ခြင်းများလည်း ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အတူ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်မည့်အစီအစဉ်များလည်းရှိပြီး ဗိုလ်ချုပ် စောချစ်သူနှင့် ဗိုလ်မှူးချုပ်...

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေဟု ဘဏ္ဍာအခွန်ပြည်ထောင်စုဝန်ကြီးပြော

မြန်မာနိုင်ငံ၌ အခွန်နှုန်းထားများတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေချဲ့ထွင်နိုင်ရေးကိုသာတိုးမြှင့်ဆောင်ရွက်နေသည်ဟု ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ဥဇဘက်ကစ္စတန်နိုင်ငံတွင်ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာအမြင်ချင်းဖ လှယ်မှုအစီအစဉ်၌  Virtual စနစ်ဖြင့်တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အသက်(၁၅)နှစ်မှ (၆၄)နှစ်အ တွင်းရှိ လူဦးရေမှာ(၆၆ ဒသမ ၉)ရာခိုင်နှုန်းရှိနေခြင်းသည် အခွန်ရငွေတိုးတက်ရရှိရေးအခွင့်အလမ်းဖြစ်ပြီး ထိုအခွင့်အရေးကို အောင်မြင်စွာအသုံးချနိုင်ရန် နိုင်ငံ တော်၏ အခွန်တိုးတက်ကောက်ခံရရှိရေးအတွက် မ ဟာဗျူဟာများချမှတ်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ပြည်ထောင်စုနှင့် တိုင်း/ပြည်နယ်အစိုးရများကြားရှိ ဘ ဏ္ဍာရေးချိတ်ဆက်မှုနှင့် ဘတ်ဂျက်ခွဲဝေမှုများကိုလည်း MTFF မှတစ်ဆင့်မူဝါဒအခြေခံသော ဘတ်ဂျက်နှင့် စည်းမျဉ်းအပေါ်အခြေခံသည့်ဘတ်ဂျက်တို့ဖြင့်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071