မန္တလေး တက္ကသိုလ် ထူထောင်သူ ဆရာကြီး ဦးရာဇတ် ကြေးရုပ်တု မန္တလေး တက္ကသိုလ်၌ ထားရှိ

0
568

urz

မန္တလေးတက္ကသိုလ်ထူထောင်သူ အမျိုးသားစီမံကိန်းနှင့် ပညာရေးဝန်ကြီးဌာနဝန်ကြီး ဆရာကြီး ဦးရာဇတ် ကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတက္ကသိုလ် ဦးရာဇတ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင် သန်း၊ ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးမြို့မှ မြို့မိမြို့ဖ များ၊ ဆရာကြီးဦးရာဇတ်၏ မိသားစုဝင်များ တက်ရောက်၍ ဆရာကြီး ဦးရာဇတ်ကြေးရုပ်တုကို ဖွင့်လှစ် ပေးခဲ့သည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဖွင့် အမှာစကားပြောကြားပြီး ကြေးရုပ်တု ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌတရားလွှတ်တော် ရှေ့နေကြီး ဦးတင်မောင်တို့က ရုပ်တုဖြစ်မြောက်ရေး ကြိုးပမ်းခဲ့ရမှုများကို ရှင်းလင်း ပြော ကြားသည်။

ထို့နောက် ဦးရာဇတ်၏သားကြီး ဦးတင်မြင့်နှင့် မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သီတာဝင်းတို့က ကျေးဇူးတင်စကား ပြောကြားကြပြီး ပါဠိဘာသာ ထူးချွန် ဆုရကျောင်းသူအား ရွှေတံ ဆိပ်ဆု နှင့် ငွေကျပ် ၅သိန်းကို ဆရာကြီးဦး ရာဇတ်၏သားကြီး ဦးတင်မြင့်က ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ဆရာကြီး ဦးရာဇတ်၏ ကြေးရုပ် တုကို ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း၊ ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ ကြေး ရုပ်တုဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်မောင်နှင့် မန္တလေးမြို့ မှ မြို့မိမြို့ဖများ၊ ဆရာကြီး ဦးရာ ဇတ်၏ မိသားစုဝင်များ၊ တာဝန်ရှိသူများက စက်ခလုပ်နှိပ်၍ ဖွင့်လှစ် ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here